ကွီးတို့‌ရေ ဓာတ်ပုံတွေရိုက်ရတာ ဝါသနာပါလို့ ကင်မရာလေး တစ်လုံး ဝယ်ဖို့စဉ်းစားနေပါသလား။ ဒါမှမဟုတ် ဓာတ်ပုံပညာကို စတင်လေ့လာဖို့ အသုံးပြုဖို့ ဘယ် ကင်မရာကို ရွေးရမလဲ မသိဘူးဖြစ်နေပါသလား။ ဒါဆိုရင်တော့ ကွီးတို့အတွက် ရွေးချယ်စရာ အကောင်းဆုံး ကင်မရာ များကို ဝေမျှပေးချင်ပါတယ်။

(၁) Canon EOS R10

အကောင်းဆုံး ကင်မရာ

Photo : Camera Center Dublin

ဓာတ်ပုံပညာကို အခုမှ စတင်လေ့လာမဲ့ ကွီးတို့အတွက် ရွေးချယ်ဖို့ အကောင်းဆုံး ကင်မရာ ထဲက တစ်ခုကတော့ Canon EOS R10 ပဲဖြစ်ပါတယ်။ ဒီ ကင်မရာလေးကတော့ Sensor Size ကတော့ APS-C  ဖြစ်ပြီး Resolution က 24.2MP ဖြစ်ပါတယ်။ ကျစ်လစ်ပေါ့ပါးပြီး ခေတ်မီ Autofocus စွမ်းရည်များကြောင့် ရွေးချယ်သင့်တဲ့ ကင်မရာပဲ ဖြစ်ပါတယ်။ မော်နီကာကတော့ ၂.၉၅ လက်မရှိပါတယ်။ ဈေးနှုန်းကတော့ ၉၇၉ ဒေါ်လာကျသင့်မှာပဲ ဖြစ်ပါတယ်။

(၂) Fujifilm X-T30 Mark II

အကောင်းဆုံး ကင်မရာ

Photo : Fujifilm-dsc.com

Fujifilm X-T30 Mark II ရဲ့ Sensor Size ကလည်း APS-C ဖြစ်ပြီး Resolution ကတော့ 26.1MP ဖြစ်ပါတယ်။ မော်နီကာကတော့ ၃ လက်မ အတိ ရှိပါတယ်။ အခုမှ စတင်ပြီး ဓာတ်ပုံလေးတွေ ရိုက်မဲ့ ကွီးတို့အတွက် စတိုင်ကျကျလေး ကိုင်ချင်ရင်တော့ ရွေးချယ်သင့်တဲ့ ကင်မရာပါဘဲ။ ဈေးနှုန်းကတော့ ၁,၂၉၉ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။

(၃) Fujifilm X-T200

အကောင်းဆုံး ကင်မရာ

Photo : IngenionVirtual

နောက်ထပ်ရွေးချယ်စရာကောင်းတဲ့ အကောင်းဆုံး ကင်မရာ တစ်ခုကတော့ Fujifilm X-T200 ပဲဖြစ်ပါတယ်။ ဒီ ကင်မရာရဲ့ မော်နီတာ က ၃.၅ လက်မရှိတာကြောင့် Fujifilm X-T30 Mark II ထက်အနည်းငယ်ပို ကြီးပါတယ်။ Sensor Size က APS-C ဖြစ်ပြီး Resolution ကတော့ 24.2MP ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၆၇၆.၂၂ ဒေါ်လာ ဖြစ်ပါတယ်။

(၄) Panasonic GH Mark II

camera

Photo : B&H

ဓာတ်ပုံပညာကို စတင်လေ့လာမဲ့ ကွီးတို့အတွက် နောက်ထပ်ဖော်ပြချင်တဲ့ အကောင်းဆုံး ကင်မရာ များထဲက တစ်ခုကတော့ Panasonic GH Mark II ဖြစ်ပါတယ်။ Panasonic GH Mark II ရဲ့ Sensor Size ကတော့ Micro Four Thirds ဖြစ်ပြီး Resolution က 20.3MP ဖြစ်ပါတယ်။ သူရဲ့ ကိုယ်ထည်က ပေါ့ပေါ့ပါးပါးနဲ့ ကျစ်လစ်ခိုင်ခံ့ပါတယ်။ ဗီဒီယိုအရည်အသွေး ကောင်းမွန်တာကြောင့်  Youtube နဲ့ Streaming များ လုပ်ဖို့အတွက် သင့်တော်ပါတယ်။ ဈေးနှုန်းကတော့ ၁,၄၉၇ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။

(၅) Olympus OM-D EM10 Mark IV

camera

Photo : Foto Erhardt Onlineshop

ဒီကင်မရာ လေးကလည်း Sensor Size ကတော့ Micro Four Thirds ဖြစ်ပြီး Resolution က 20.3MP ဖြစ်ပါတယ်။ မော်နီတာကတော့ ၃ လက်မရှိပါတယ်။ ကျစ်လစ်သော ကိုယ်ထည်နဲ့ ရုပ်ထွက်လည်း တကယ်ကို ကောင်းမွန်ပါတယ်။ သူရဲ့ ဈေးနှုန်းကတော့ ၆၉၉ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။

Source : Techradar

Featured Photo : Westend 61