ကြည်နူးစရာ အခိုက်အတန့်လေးတွေ၊ အမှတ်တရ ပုံရိပ်တွေကို ဘယ်ရောက်ရောက် မှတ်တမ်းတင်ထားချင်တယ် ဆိုရင်တော့ ကင်မရာလေး တစ်လုံး ရှိထားတာတော့ မမှားပါဘူး။ ကွီးတို့က ဓာတ်ဖမ်းရတာလည်း ဝါသနာပါတယ်၊ ခရီးသွားတဲ့အခါလည်း ယူသွားချင်တယ်ဆိုရင်တော့ ကျစ်လစ်ပြီး သေးသွယ်တဲ့ ကင်မရာလေးတွေကို ရွေးချယ်သင့်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဘယ်နေရာမဆို အလွယ်တကူ သယ်ဆောင်သွားလို့ရတဲ့ ကျစ်ကျစ်လစ်လစ် ကင်မရာ ကောင်းလေးတွေကို ဓာတ်ဖမ်း မယ့် ကွီးတို့အတွက် ဝေမျှသွားမှာ ဖြစ်ပါတယ်။
Fujifilm X100V

Photo : Fujiflm
ကွီးတို့အတွက် ပထမဆုံးဖော်ပြပေးချင်တဲ့ ကင်မရာကတော့ Fujifilm X100V ဖြစ်ပါတယ်။ ၎င်းရဲ့ Sensor ကတော့ APS-C ဖြစ်ပြီး Megapixels ကတော့ 24.3MP ဖြစ်တာကြောင့် အကောင်းဆုံး Compact ကင်မရာ တစ်ခုလို့ ပြောလို့ရပါတယ်။ ကျစ်လစ်ပြီး သေသပ်လှပတဲ့ ဒီဇိုင်းနဲ့ ပိုမိုပြတ်သားတဲ့ Focusing Lens တို့ကြောင့် ရွေးချယ်သင့်တဲ့ ကင်မရာတစ်ခုပါပဲ။ ဒါ့အပြင် ပိုမိုကောင်းမွန်သော Autofocus နဲ့ 4K ဗီဒီယို များကိုလည်း ဒီကင်မရာဖြင့် ရိုက်ကူးနိုင်ပါတယ်။
Sony ZV-1

Photo : DPRReview
ကွီးတို့က ဓာတ်ပုံတွေတင်မဟုတ်ဘဲ အလန်းစားဗီဒီယိုတွေကိုပါ ဖန်တီးချင်တယ်ဆိုရင်တော့ Sony ZV-1 ကို ရွေးချယ်နိုင်ပါတယ်။ ဒီကင်မရာက ကျစ်လစ်ပြီး သယ်ဆောင်ရလွယ်ကူတာကြောင့် ခရီးသွားရာမှာ သယ်ဆောင်သွားဖို့ အဆင်ပြေပါတယ်။ Megapixels အနေနဲ့ကတော့ 20.1MP ဖြစ်ပါတယ်။ ၎င်းမှာ Viewfinder မပါရှိသော်လည်း အရည်အသွေးမြင့် ရုပ်ပုံများကို ပေးစွမ်းနိုင်ပါတယ်။
Canon PowerShot G1 X Mark III

Photo : Camera Labs
ဒီ Canon ကင်မရာကလည်း ကျစ်လစ်ပြီး ကောင်းမွန်သော ပုံအရည်အသွေးကို ပေးစွမ်းနိုင်ပါတယ်။ ၎င်းမှာ စွဲမက်ဖွယ်ကောင်းသော 24-megapixel နဲ့ APS-C အာရုံခံကိရိယာ ပါရှိပြီး Canon EOS 80D DSLR မှာ တွေ့နိုင်သော တူညီသောအာရုံခံကိရိယာ ပါရှိပါတယ်။ အခုမှစပြီး ဓာတ်ပုံပညာကို လေ့လာမယ့်သူများနဲ့ အပျော်တမ်း ဝါသနာရှင်အဆင့် ဓာတ်ပုံရိုက်မယ့် သူများအတွက် တော်တော်လေး သင့်တော်ပါတယ်။ ၎င်းရဲ့ ဒီဇိုင်းနဲ့ တည်ဆောက်ပုံက လူငယ်တွေ အကြိုက်တွေ့စေမှာတော့ အသေအချာပါပဲ။
Panasonic Lumix LX15

Photo : Camera Labs
ဒီကင်မရာမှာလည်း 4K ဗီဒီယိုများကို ရိုက်ကူးနိုင်စွမ်းရှိပြီး Focusing ကို အမှန်တကယ် လွယ်ကူစေတဲ့ မြန်ဆန်သော တုန့်ပြန်မှုရှိတဲ့ Touch Screen ပါရှိပါတယ်။ ၎င်းရဲ့ Megapixels ကတော့ 20.1MP ဖြစ်ပါတယ်။ ၎င်းရဲ့ စွမ်းဆောင်ရည်နဲ့ စျေးနှုန်းက မျှတမှုရှိတာလည်း ရွေးချယ်ဖို့ ထည့်သွင်းစဉ်းစားသင့်တဲ့ Compact ကင်မရာ တစ်လုံးပါပဲ။
Ricoh GR III

Photo : Amateur Photographer
ကျစ်ကျစ်လစ်လစ် ကင်မရာလေးနဲ့ ဓာတ်ဖမ်း ချင်တဲ့ ကွီးတို့အတွက် နောက်ထပ် ဖော်ပြပေးချင်တာကတော့ Ricoh GR III ကင်မရာပဲ ဖြစ်ပါတယ်။ ၎င်းရဲ့ Sensor က APS-C ဖြစ်ပြီး Megapixels ကတော့ 24.2MP ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေရော၊ အခုမှ ဓာတ်ပုံပညာကို လေ့လာမဲ့ သူများအတွက်လည်း အဆင်ပြေပါတယ်။ ၎င်းရဲ့ သေးငယ်သော အရွယ်အစားကြောင့် အိတ်ကပ်ထဲ အလွယ်တကူ ထည့်သွားနိုင်ပြီး တည်ဆောက်ပုံနဲ့ ဒီဇိုင်းကလည်း ရွေးချယ်ချင်စရာပါပဲ။
ကျစ်လစ်တဲ့ ကင်မရာ အသေးစားလေးတွေ ရှာနေတဲ့ ကွီးတို့အတွက် ဒီဆောင်းပါးလေးက အထောက်အကူ ပြုမယ်လို့ မျှော်လင့်ပါတယ်။
Source : Digital Camera World
Featured Photo : Amateur Photographer
