အနောက်တိုင်းဝတ်စုံ ဝတ်ဆင်တဲ့နေရာမှာ နည်းစနစ်မှန်မှန်ကန်ကန်နဲ့ နေရာဒေသ အလိုက် ရွေးချယ်ဝတ်ဆင်တတ်ဖို့ လိုအပ်လှပါတယ်။ ဝတ်စားဆင်ယင်မှု ဟာ လူတစ်ယောက်ရဲ့ First Impression ကို ဖော်ပြတဲ့နေရာမှာ အရေးပါပါတယ်။ လုပ်ငန်းခွင်မှာဆို ပိုပြီးအရေးပါ ပါတယ်။ ထိုကဲ့သို့ အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ရာမှာ နောက်ဆုံးအပြီးသတ်အနေနဲ့ အရေးပါတာကတော့ နက်ကတိုင်ပဲ ဖြစ်ပါတယ်။ နက်ကတိုင် ကို ရွေးချယ်ရာမှာ နေရာဒေသအလိုက်၊ အချိန်အခါသမယအလိုက် မှန်ကန်စွာရွေးချယ်ဖို့ လိုပါတယ်။ ဒါကြောင့် ကွီးတို့အတွက် နက်ကတိုင်ကို မှန်မှန်ကန်ကန် ရွေးချယ်တတ်ဖို့ သိထားရမဲ့ အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) အခြေခံအချက်များ

နက်ကတိုင်ကို မှန်မှန်ကန်ကန်

Photo : Micheal 84

နက်ကတိုင်ကို မှန်မှန်ကန်ကန် ရွေးချယ်တတ်ဖို့ အတွက် အခြေခံအချက်များကိုသိဖို့ လိုအပ်ပါတယ်။ နက်ကတိုင် အမျိုးမျိုးရှိတဲ့အတွက်  ရွေးချယ်ရာမှာ ကွီးတို့ရဲ့ ဝတ်စားဆင်ယင်လေ့ရှိတဲ့ ပုံစံ၊ ခန္ဓာကိုယ် ဖွဲစည်းပုံနဲ့ လိုက်ဖက်ရပါမယ်။ နက်ကတိုင်ရဲ့ အလျားနဲ့ အနံကို ဂရုစိုက်ပါ။ နက်ကတိုင်ရဲ့ အရှည်ဟာ ပျှမ်းမျှ ခန္ဓာကိုယ် အရွယ်အစားရှိတဲ့ အမျိုးသားတစ်ဦး အတွက် ၃ လက်မ မှ ၃.၇၈လက်မ ( ၇.၇၅မှ ၉.၅ စင်တီမီတာ) ထက် ပိုမရှည်သင့်ပါဘူး။ ကွီးတို့ရဲ့ ခါးပတ်ခေါင်းထိပ်အထိ နက်ကတိုင် အရှည်ဟာ အသင့်တော်ဆုံး ဖြစ်ပါတယ်။ နက်ကတိုင်ရဲ့ အကျယ်က Blazers ရဲ့ ကော်လံအရွယ်အစားနဲ့လည်း ကိုက်ညီပါစေ။

(၂) အရောင်နှင့် ပုံစံများ

နက်ကတိုင်ကို မှန်မှန်ကန်ကန်

Photo : Whats Hot

နက်ကတိုင်ကို မှန်မှန်ကန်ကန် ရွေးချယ်ဝတ်ဆင်ရာမှာ နက်ကတိုင်ရဲ့ အရောင်နဲ့ ဒီဇိုင်းကလည်း အရေးကြီး ပါတယ်။ စျေးကွက်မှာ အရောင်အသွေးမျိုးစုံ၊ Patterns မျိုးစုံနဲ့ နက်ကတိုင်တွေ အများကြီးရှိပါတယ်။ ကွီးတို့ ကြိုက်တဲ့ဒီဇိုင်းနဲ့ အရောင်ကိုရှာဖို့ မခက်ပါဘူး။ အရောင်တောက်တောက်လား၊ အစင်းများ သို့မဟုတ် အစက်အပြောက်များပါတာလား စသည်ဖြင့် ကြိုက်ရာကို ရွေးချယ်လို့ ရပါတယ်။ အဓိကတော့ ကွီးတို့ တွဲဖက်ဝတ်ဆင်မဲ့ အင်္ကျီနဲ့လိုက်ဖက်ဖို့ပဲ ဖြစ်ပါတယ်။ ကွီးတို့ တည်ငြိမ်တဲ့ပုံစံလိုချင်ရင်တော့ အရောင်ငြိမ်သော၊ Pattern ရိုးရှင်းသော နက်ကတိုင်မျိုးကို ရွေးချယ်ပါ။ ဒါမှမဟုတ် ကွီးတို့ ရဲ့ရင့်ပြတ်သားတဲ့ ပုံစံမျိုး ဝတ်စားဆင်ယင်မယ်ဆိုရင် နက်ကတိုင်အရောင် တောက်တောက်ကိုသာ ရွေးချယ်လိုက်ပါ။ ကွီးတို့ လိုက်ဖက်ညီစွာ ရွေးချယ်တတ်ဖို့တော့ အမှန်ပင်အရေးကြီးပါတယ်။

(၃) နက်ကတိုင် ချည်နည်းပုံစံများ

Tie

Photo : Youtube

နက်ကတိုင် ကို စည်းတဲ့နေရာမှာ ချည်နည်းမျိုးစုံရှိပါတယ်။ လည်စည်း ချည်နည်းကို ရွေးချယ်ရာမှာ ကွီးတို့ ရှပ်အင်္ကျီကော်လံ အမျိုးအစားကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ နက်ကတိုင် ချည်နည်းများဟာ ပွဲအခမ်းအနားများ ဓလေ့ထုံးတမ်းများအလိုက် ကွဲပြားပါတယ်။ နက်ကတိုင် ချည်နည်းပုံစံတွေဟာ ပေါ့ပေါ့ပါးပါး၊ ပုံမှန်နဲ့ အရေးကြီးတဲ့အခမ်းအနားများ အလိုက် သေချာရွေးချယ် ရပါမယ်။

ယခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့ အတွက် အနောက်တိုင်း ဝတ်စုံကို ဝတ်ဆင်ပြီဆိုရင် နက်ကတိုင်ကို မှန်မှန်ကန်ကန် ရွေးချယ် ဝတ်ဆင်တတ်စေဖို့ သိထားသင့်တဲ့ အခြေခံအချက်တွေပဲ ဖြစ်ပါတယ်။ ဒီအချက်လေးတွေက ကွီးတို့ ပရော်ဖက်ရှင်နယ် Business Suit ဝတ်ဆင်ရာတွင် လည်းကောင်း၊ မင်္ဂလာပွဲ စသည့် ပွဲအခမ်းအနားများအတွက် လည်းကောင်း နက်ကတိုင် ရွေးချယ်ရာမှာ လွယ်ကူစေဖို့ အထောက်အကူပြုပါလိမ့်မယ်။

Source : Tatler Asia

Featured Photo : Style