ကွီးတို့က နည်းပညာ ပိုင်းမှာ ငါက ဂုရု ကြီးပါလို့ ကြုံးဝါးနေပေမယ့် တကယ်ပဲ ဆရာကျရဲ့လား။ ကွီးတို့က နည်းပညာပိုင်းမှာ ဆရာကျလား မကျလားဆိုတာကို အခုဖော်ပြပေးမယ့် အချက်များနဲ့ တိုက်စစ်ကြည့်လိုက်ပါ။

အခုဖော်ပြသွားတာတွေကို အကုန်လုံး သိထားတယ်ဆိုရင်တော့ ကွီးတို့က နည်းပညာ ပိုင်းဆိုင်ရာမှာ ဂုရု ကြီးပါပဲ။

ကမ္ဘာ့ပထမဆုံး Hard Drive က ဘယ်တုန်းက ပေါ်ပေါက်လာသလဲဆိုတာ သိပါသလား

Hard Drive

HDD လို့ အတိုကောက်ခေါ်လေ့ရှိတဲ့ Hard Disk Drive သည် IBM က တီထွင်ထားတာဖြစ်ပြီး ၁၉၅၆ ခုနှစ်က ပထမဦးဆုံး ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ ပထမဦးဆုံး HDD သည် တန်ပေါင်းများစွာလေးပြီး ရေခဲသေတ္တာ နှစ်လုံးကို တစ်ပြိုင်တည်း ပူးထားသလား အောက်မေ့ရပါတယ်။ ဆံ့တဲ့ ဖိုင်ဆိုဒ်ကတော့ 3.5 MB ကနေ 5 MB လောက်သာ ဆံ့ပါတယ်။ တဖြည်းဖြည်းနဲ့ နည်းပညာများ တိုးတက်လာတဲ့အတွက်ကြောင့် HDD တွေသည်လည်း ပိုမို ပေါ့ပါးလာပြီး ဖိုင်ဆိုဒ်ပေါင်းများစွာ ဆံ့လာခြင်းပဲဖြစ်ပါတယ်။

ကမ္ဘာ့ပထမဦးဆုံး Floppy Disk ကရော

Floppy Disk

ကမ္ဘာ့ပထမဦးဆုံး Floppy Disk ကတော့ ၁၉၇၀ ပြည့်နှစ် အစောပိုင်းတုန်းက IBM က ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ ထို Floppy Disk သည် အချင်းအားဖြင့် ၈ လက်မ ရှိပြီး ဒေတာစုစုပေါင်း 80 Kbs သာ ဆံ့ပါတယ်။ ယနေ့ခေတ် အသုံးပြုနေကြတဲ့ Floppy Disk တွေထက် အဆပေါင်းများစွာ ပိုလေးတာကတော့ အမှန်ပါပဲ။

ကမ္ဘာ့ပထမဦးဆုံး ဒစ်ဂျစ်တယ် ကင်မရာ

နည်းပညာ ဂုရု

ကမ္ဘာ့ ပထမဦးဆုံး ဒစ်ဂျစ်တယ် ကင်မရာကိုတော့ Steven Sasson က ၁၉၇၅ ခုနစ်မှာ ထုတ်လုပ်ခဲ့တာဖြစ်ပြီး ၈ ပေါင်ခန့် လေးပါတယ်။ သူ ရိုက်ကူးနိုင်တဲ့ ဓာတ်ပုံ အရွယ်အစားကတော့ Resolution အားဖြင့် 0.01 Megapixels (သို့) 10,000 Pixels သာ ရိုက်ကူးနိုင်ပါတယ်။ ဒါပေမဲ့လည်း ထိုကဲ့သို့ ပထမဦးဆုံး ဒစ်ဂျစ်တယ် ကင်မရာကြောင့်သာလျှင် အခုလိုမျိုး နောက်ဆုံးပေါ် ဒစ်ဂျစ်တယ် ကင်မရာတွေ ပေါက်ပေါက်လာတာ မဟုတ်လား။

ကမ္ဘာ့ ပထမဦးဆုံး 3D Printer

နည်းပညာ ဂုရု

ကမ္ဘာ့ပထမဦးဆုံး 3D Printer ကိုတော့ Chuc Hoolin က ၁၉၈၃ ခုနှစ်က တီထွင်ခဲ့တာဖြစ်ပါတယ်။ ထိုပရင့်တာကို Stereolithography Apparatus (သို့) SLA-1 လို့လည်း အမည်ပေးထားပါသေးတယ်။ ထိုပရင့်တာသည် ယနေ့ခေတ် အသုံးပြုနေသော ပရင့်တာများ အားလုံးရဲ့ အသက်ပဲဖြစ်ပါတော့တယ်။

ကမ္ဘာ့ပထမဦးဆုံး Apple ကွန်ပျူတာ

နည်းပညာ ဂုရု

Steve Jobs နဲ့ သူ့ရဲ့ သူငယ်ချင်း Steve Wozniak တို့က ကမ္ဘာ့ ပထမဦးဆုံး Apple ကွန်ပျူတာကို တီထွင်ခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာ အကောင်းဆုံး အချက်ကတော့ ထိုကွန်ပျူတာကို ဂိုထောင်သေးသေးလေးထဲတွင် ပစ္စည်း ပစ္စယ ကုန်ကြမ်း အနည်းငယ်နဲ့သာ တီထွင် ထုတ်လုပ်ခဲ့တာပဲဖြစ်ပါတယ်။ ဘယ်လောက်ပဲ ကုန်ကြမ်းနည်းနည်းနဲ့ပဲ ထုတ်လုပ်ခဲ့ပါစေ၊ နောက်ဆုံးမှာတော့ အောင်မြင်တဲ့ ဘရန်းတစ်ခုကို မွေးထုတ်ပေးနိုင်ခဲ့တာပါပဲ။

ကဲ… အခုဖော်ပြသွားတဲ့ အချက်တွေထဲက ဘယ်နှချက်လောက်ကို သိကြပါသလဲ။

Source: Upwithtech

Featured Image: Digitalcameraworld