ယနေ့ခေတ်မှာ နည်းပညာပေါင်းစုံ၊ ဆိုရှယ်မီဒီယာ မျိုးစုံနဲ့ လူအများရဲ့ စိတ်ဝင်စားမှုကလည်း ဆိုရျဘ်မီဒီယာ အမျိုးမျိုးပေါ်မှာ ရှိနေပါတယ်။ နည်းပညာ သည် တစ်စထက် တစ်စ တိုးတက်လာသည်နှင့်အမျှ နည်းပညာကို အသုံးချပြီး နည်းပညာ စိတ်ဝင်စားသူများကလည်း တစ်စထက် တစ်စ များပြားလို့ လာနေပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ နည်းပညာ မှာ ဆရာကျ တယ်ပဲဆိုဆို အလုံးစုံကို သိနိုင်ဖို့ဆိုတာက ခက်ခဲပါသေးတယ်။
ကွီးတို့လည်း နည်းပညာ မှာ ဆရာကျ တယ်လို့ ယူဆထားရင်တော့ ဒီအချက်များက မဖြစ်မနေ သိထားသင့်တဲ့ အချက်များပဲဖြစ်ပါတယ်။
ChatGPT ရဲ့ အစွမ်းက အံ့မခန်းပဲ
Photo: Forbes
ChatGPT ဆိုတဲ့ နာမည်ကို ကွီးတို့ မကြာခဏ ဆိုသလို ကြားဖူးကြပါလိမ့်မယ်။ ကျောင်းသမားများ၊ ရုံးသမားများအတွက် အင်မတန်မှ အသုံးဝင်တဲ့ AI နည်းပညာတစ်ခုပဲဖြစ်ပါတယ်။ သူ့ကို ၂၀၂၃ ခုနှစ်က စတင် မိတ်ဆက်ပေးခဲ့ပြီး မိတ်ဆက်ပေးပြီးပြီးချင် ၂ လ အတွင်းမှာတင် သုံးစွဲသူပေါင်း သန်းပေါင်း ၁၀၀ ခန့် ရှိတယ်ဆိုတာ ကွီးတို့ သိပါသလား။
ဆိုရှယ်မီယာများကိုရော ဘယ်သူတွေက အသုံးပြုနေသလဲဆိုတာ သိပါသလား
Photo: Techeda
ယနေ့ခေတ် နည်းပညာ ဖွံ့ဖြိုးတိုးတက်နေချိန်မှာ နည်းပညာပိုင်းမှာ ဆရာ ကျတဲ့ ကွီးတို့လည်း ဆိုရှယ်မီဒီယာ အနည်းဆုံဂ (၅) ခုလောက်တော့ သုံးနေကြမှာပါပဲ။ ကွီးတို့ အပါအဝင် ဆိုရှယ်မီဒီယာ အသုံးပြုသူပေါင်း ဘယ်လောက်ရှိသလဲဆိုတာ ကွီးတို့ သိပါသလား။
ကမ္ဘာတစ်ဝှမ်းမှာ ဆိုရှယ်မီဒီယာ အသုံးပြုသူပေါင်း ၅ သန်းကျော်ခန့် ရှိတယ်လို့ စစ်တမ်းများ အရ သိရှိရပါတယ်။ ဆိုရှယ် မီဒီယာများကို အသုံးပြုကာ ဖျော်ဖြေရေး၊ စီးပွားရေး စသည်ဖြင့် ဘက်စုံ အသုံးပြုနေကြတာကလည်း ကွီးတို့ မျက်မြင်ပဲ မဟုတ်လား။
လူအချို့က နည်းပညာ တိုးတက်လာမှုကို ကြောက်ရွံ့နေကြတယ်ဆိုတာ ကွီးတို့ သိပါသလား
Photo: The Wire
ဟုတ်ပါတယ်။ လူအများက နည်းပညာ တိုးတက်လာတာကို ကြောက်ရွံ့နေကြပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ တိုးတက်လာတဲ့ နည်းပညာက သူတို့ရဲ့ အလုပ် အကိုင်ကို ခြိမ်းခြောက်နေလို့ပဲဖြစ်ပါတယ်။ ဥပမာ ပြောရမယ်ဆိုရင်တော့ AI နဲ့ ကားမောင်းခြင်းကြောင့် မောင်းသူမဲ့ ယာဥ်များ ထွက်ပေါ်လာပြီး ယာဥ်မောင်းသမားများ စိတ်ညစ်နေရသလို၊ ဘာသာပြန်များကလည်း သူတို့ရဲ့ အလုပ်အကိုင်ကို AI က ခြိမ်းခြောက်လာနေတယ်လို့ ယူဆပါတယ်။
ကွီးတို့ ရော အခုလိုမျိုး တစ်စထက် တစ်စ တိုးတက်လာနေတဲ့ နည်းပညာကို စိတ်ချရဲ့လား။ တိုးတက်လာတဲ့ နည်းပညာကြောင့် အမှန်တကယ်ပဲ အကျိုးရှိလာတယ်ဆိုတာကို ယုံပါသလား။
Source: Upwithtech
Featured Image: Undp.org