တဖြည်းဖြည်း တိုးတက်လာနေတဲ့ နည်းပညာ ခေတ်ကြီးထဲမှာ ကမ္ဘာ့ နိုင်ငံ အသီးသီးမှာ အလုပ်အကိုင် အခွင့်အလမ်း အသီးသီး ပေါ်ပေါက်နေသလိုပဲ အလုပ် အကိုင် အသစ် အသစ်တွေကလည်းပဲ အသစ် အသစ် ပေါ်ပေါက်လာနေတာပဲ ဖြစ်ပါတယ်။
ဒီလို အသစ်ပေါ်နေတဲ့ အလုပ်အကိုင်တွေထဲမှာ အနာဂတ် မှာ နည်းပညာ အကူအညီ နဲ့ ပေါ်ထွက်လာမယ့် အလုပ် အသစ် တွေကတော့ အခုဖော်ပြေပေးမယ့် အလုပ်အကိုင်တွေပဲ ဖြစ်ပါတယ်။
(၁) Network Administrator

Network Administrator ရဲ့ အဓိက လုပ်ငန်းတာဝန်ကတော့ အင်တာနက်၊ အင်ထရာနက်နဲ့ ပတ်သက်သမျှ လုပ်ငန်းတာဝန် အဝဝကို လုပ်ဆောင်ရတာပဲဖြစ်ပါတယ်။ Network Hardware ပိုင်းပဲဖြစ်ဖြစ်၊ Software ပိုင်းပဲဖြစ်ဖြစ် လိုအပ်တာ မှန်သမျှကို Install လုပ်စရာရှိတာလုပ်ဆောင်ရတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ တစ်နှစ် ဝင်ငွေကတော့ ပျမ်းမျှအားဖြင့် ဒေါ်လာ ၇ သောင်း ကျော်ပါတယ်။
(၂) Computer Systems Analyst

Computer Systems Analyst ရဲ့ တာဝန်ကတော့ နည်းပညာ အသစ်တွေကို သူ့တို့ လက်ရှိ အလုပ်လုပ်ကိုင်နေတဲ့ Organization ရဲ့ ကွန်ပျူတာထဲ ထည့်တာမျိုးပဲဖြစ်ဖြစ်၊ အဆင့်မြှင့်တင်တာမျိုးပဲဖြစ်ဖြစ် ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ ရှိနေဆဲ ဆော့ဖ်ဝဲများထဲတွင် ဘာချို့ယွင်းချက်တွေများ ရှိနေသလဲဆိုတာကို အမြဲတစေ လေ့လာနေကြရတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ တစ်နှစ် လစာကတော့ ဒေါ်လာ ခုနစ်သောင်း ကိုးထောင် ဝန်းကျင်မှာ ရှိပါတယ်။
(၃) Web Developer

Web Developer တစ်ယောက်ရဲ့ ပျမ်းမျှ လုပ်အားခကတော့ တစ်နှစ်လျှင် ဒေါ်လာ ၇ သောင်း ၇ ထောင်ကျော်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အဓိက လုပ်ငန်းတာဝန်ကတော့ ဝက်ဘ်ဆိုဒ် စာမျက်နှာပိုင်းက ဘယ်လိုရှိနေသလဲ ဘာပြဿနာတွေ ရှိနေသလဲ User အသုံးပြုသူထံကနေရော ဘယ်လိုမျိုး ကွန်ပလိန်း တက်ထားတာမျိုးတွေ ရှိသလဲဆိုတာကို လေ့လာနေရတာပဲ ဖြစ်ပါတယ်။
(၄) Video Game Designer

ယနေ့ခေတ်မှာ ဗီဒီယိုဂိမ်း ဆော့တဲ့သူတွေကလည်း ဒုနဲ့ ဒေးဆိုသလို အများအပြားပါပဲ။ ဗီဒီယို ဂိမ်း ဒီဇိုင်နာတွေရဲ့ အလုပ်ကတော့ ရှင်းပါတယ်။ လက်ရှိ ရှိနေပြီးသား ဂိမ်းတွေမှာ ဘယ်လို အဆင့် မြှင့်တင်စရာတွေ ရှိမလဲ။ စတိုရီ ဇာတ်လမ်းပိုင်းအနေနဲ့ရော ဆက်တင်ပိုင်းအနေနဲ့ရော၊ ဂိမ်းရဲ့ စည်းမျဥ်းစည်းကမ်း စတာတွေကိုပါ လေ့လာဖို့ လိုအပ်ပါတယ်။ တကယ်လို့ ကွီးတို့က ခေါင်းဆောင်ပိုင်း ရာထူးကိုပါ ယူထားတယ်ဆိုရင်တော့ ကိုယ့် အသင်းအဖွဲ့ တစ်ခုလုံးရဲ့ တိုးတက်မှုကိုပါ အမြဲတစေ လေ့လာနေဖို့ လိုအပ်ပါတယ်။ သူ့ရဲ့ တစ်နှစ် လုပ်အားခကတော့ ပျမ်းမျှအားဖြင့် ဒေါ်လာ ၇၆၀၀၀ ဝန်းကျင် ရှိပါတယ်။
(၅) Mobile Application Developer

Mobile Application Developer ရဲ့ အဓိက တာဝန်ကတော့ ဖုန်းပေါ်က Applications တွေ ကောင်းမွန်စွာ အလုပ်လုပ်ဆောင်ရဲ့လား၊ အသုံးပြုသူ Users တွေဘက်ကရော ဘာတွေ ရီပို့ တင်ထားတာ ရှိသလဲ။ ဘာလိုအပ်ချက်တွေ ရှိသလဲ စတာတွေ အမြဲ စီစစ်နေရတာဖြစ်ပြီး လိုအပ်တာတွေကို Update တင်သင့်ရင် တင်ရတာပဲဖြစ်ပါတယ်။ သူ့ရဲ့ တစ်နှစ် ပျမ်းမျှ အသားတင် ဝင်ငွေကတော့ ဒေါ်လာ ၁၂၉,၀၁၇ ပဲဖြစ်ပါတယ်။
ကွီးတို့လည်း အနာဂတ်မှာ ဝင်ငွေကောင်းချင်ရင်တော့ ဒီလိုမျိုး IT နဲ့ ပတ်သက်တဲ့ နည်းပညာ အလုပ်အကိုင်တွေကို ပြောင်းလုပ်သင့်ပါတယ်။ ဒါပေမဲ့ ဘယ်နိုင်ငံမှာ လုပ်ရတာ အဆင်ပြေမလဲဆိုတာကိုတော့ ထည့်သွင်းစဥ်းစားဖို့ လိုအပ်ပါလိမ့်မယ်။
ကွီးတို့ရော အနာဂတ်မှာ အလုပ်အကိုင် ပြောင်းဖို့ ရည်ရွယ်ထားပါသလား။
အခုဖော်ပြသွားတဲ့ အလုပ်အကိုင်တွေကိုရော ဘယ်လို သဘောရပါသလဲ။
Source: Indeed
Featured Image: Scs.org.sg
