နေထိုင်မှုအဆင့်အတန်းများ တဖြည်းဖြည်းမြင့်မားလာသည်နှင့်အမျှ အသုံးအဆောင်ပစ္စည်းများသည်လည်း တဖြည်းဖြည်း အဆင့်မြင့်လာတာကို မြင်တွေ့ရမှာပါ။ နောက်ဆုံးပေါ် နည်းပညာ များဖြင့် ထုတ်လုပ်ထားတဲ့ အဆင့်မြင့် အိမ်သုံး ပစ္စည်းများသည်လည်း ဈေးကွက်ထဲမှာ အရောင်းသွက်လာကြပါတယ်။

ကွီးတို့အနေနဲ့ မိမိရဲ့အိမ်ကို အဆင့်မြင့်တဲ့အရာတွေနဲ့ ပြည့်နှက်နေစေချင်တယ်ဆိုရင်တော့ နည်းပညာ မြင့်များဖြင့် ထုတ်လုပ်ထားတဲ့ အိမ်သုံး ပစ္စည်းများကို ရွေးချယ်သင့်ပါတယ်။

 Amazon Echo Studio

Philips Hue

အမိုက်စား စမတ် စပီကာမျိုးကို ရွေးချယ်ဝယ်ယူချင်တယ်ဆိုရင်တော့ Amazon က ထုတ်တဲ့ Echo Studio ကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ သီချင်းချစ်သူများအတွက် အကောင်းဆုံး ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ သူ့မှာ Alexa Voice Assistant လည်း ပါဝင်တဲ့အတွက်ကြောင့် အသံနှင့်ခိုင်းစေလို့လည်း ရပါတယ်။

Philips Hue

Philips Hue Philips Hue

နောက်ဆုံးပေါ် နည်းပညာ ဖြင့် ထုတ်လုပ်ထားတဲ့ အဆင့်မြင့် အိမ်သုံး ပစ္စည်းတစ်မျိုးကို ရွေးချယ် ဝယ်ယူချင်တယ်ဆိုရင်တော့ Philips Hue စမတ် မီးလုံးလေးကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ သူ့မှာ မီးအဖွင့်အပိတ်ကို အသံနှင့် ခိုင်းစေလို့ရတဲ့ နည်းပညာ ထည့်သွင်းထားတဲ့အတွက်ကြောင့် ခလုတ်ကို အဖွင့်အပိတ် ထလုပ်စရာမလိုပါဘူး။ ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၂၈၀ ကုန်ကျမှာ ဖြစ်ပါတယ်။

Arlo Pro 4 Security ကင်မရာ

နည်းပညာ အိမ်သုံး

ယနေ့ခေတ်မှာ အလိုအပ်ဆုံး အိမ်သုံးပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ မြင်ကွင်းကို အလိုအလျောက် အကျယ်ချဲ့ခြင်း၊ ရွေ့လျားမှုကို လိုက်ပြီး ကင်မရာက လိုက်လံရွေ့လျားခြင်း အစရှိတဲ့ အဆင့်မြင့်နည်းပညာများ ပါဝင်ပါတယ်။ Alexa နှင့် Google Assistant တို့နှင့်လည်း ခိုင်းစေနိုင်တဲ့အတွက်ကြောင့် အင်မတန်အသုံးဝင်တဲ့အရာတစ်ခု ဖြစ်ပါတယ်။

Eve Energy ခေါ် စမတ်ပလပ်ပေါက်

နည်းပညာ အိမ်သုံး

စမတ်ပလပ်ပေါက်ဖြင့် ထိုးသွင်းထားတဲ့ လျှပ်စစ်ပစ္စည်းများသည်လည်း အသံဖြင့် ခိုင်းစေလို့ရအောင် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ သို့သော် သူ့ရဲ့ အားနည်းချက်ကတော့ Alexa နှင့် Google Assistant တို့ မပါဝင်ဘဲ Siri တစ်ခုတည်းကိုသာ Support ပေးထားတဲ့အပြင် အခြားသော စမတ်ပလပ်ပေါက်များနှင့် ယှဥ်လျှင် သူက ပိုပြီး ဈေးကြီးနေတတ်ပါတယ်။

Eufy Video Doorbell 2K

နည်းပညာ အိမ်သုံး

ဒီပစ္စည်းကတော့ 2K ကွာလတီရှိတဲ့ ရုပ်ထွက်ကို မြင်တွေ့နိုင်တဲ့ ဗွီဒီယို တံခါးခလုတ်တစ်ခုပဲဖြစ်ပါတယ်။ ကိုရီးယားကားတွေထဲမှာလို မိမိအိမ်ရှေ့မှာ ဘယ်သူရောက်နေသလဲဆိုတာကို အိမ်ထဲကနေ ဗွီဒီယိုဖြင့် မြင်တွေ့နိုင်တဲ့ အဆင့်မြင့်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၁၅၀ ဝန်းကျင် ကုန်ကျမှာဖြစ်ပါတယ်။

August Smart Lock Pro

နည်းပညာ အိမ်သုံး နည်းပညာ အိမ်သုံး

ဒီပစ္စည်းသည်လည်း အဆင့်မြင့် နည်းပညာ ဖြင့် ထုတ်လုပ်ထားတဲ့ အိမ်သုံး ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ တံခါးလက်ကိုင်ဘုများ၊​ တံခါးသော့ခလောက်များကို ရိုးရိုးသော့နဲ့ ခတ်ထားတဲ့အခါ မသမာသူတွေရဲ့ လက်ထဲမှာ အလွယ်တကူ ပျက်စီးသွားနိုင်ပါတယ်။ တကယ်လို့ ဒီလို အဆင့်မြင့် နည်းပညာဖြင့် ထုတ်လုပ်ထားတဲ့ လက်ကိုင်ကို ပြောင်းလဲတပ်ဆင်မယ်ဆိုရင် ကွီးတို့ရဲ့ အိမ်က ပိုမိုလုံခြုံမှာ ဖြစ်ပါတယ်။ ရရှိတဲ့ ကွာလတီတဲ့ ပေးရတဲ့ ဈေးနှုန်းကလည်း သင့်တင့်တဲ့အတွက်ကြောင့် ရင်းနှီးမြှုပ်နှံသင့်တဲ့ ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။

ကွီးတို့ရော မိမိရဲ့အိမ်ကို အဆင့်အတန်းမြင့်ဖို့ရန်အတွက် ဘယ်လိုအိမ်သုံးပစ္စည်းများကို ဝယ်ယူထားချင်ပါသလဲ။

Source: Techradar

Featured Image: Thehoneycombers