ကြံစည်သမျှတိုင်း အောင်မြင်ချင်ပါသလား။ ဒါဆိုရင်တော့ စိတ်ရော ကိုယ်ပါ လန်းဆန်းနေစေဖို့ ဂရုစိုက်ရပါမယ်။ အခုဖော်ပြပေးမယ့် နည်း လမ်းကောင်းများကတော့ ကွီးတို့ကို စိတ်ရော ကိုယ်ပါ လန်း ဆန်း တက်ကြွနေစေဖို့အတွက် ကူညီပေးနိုင်ပါတယ်။

(၁) အိမ်တွင်းပဲ အောင်းမနေဘဲ အပြင်လေး ဘာလေး ထွက်ပါ

ဘာလေး ထွက်ပါ

အပြင်သို့ ထွက်ကာ လေကောင်းလေသန့် ရှူရှိုက်ခြင်းသည် စိတ်ကျန်းမာရေးနှင့် ခန္ဓာကိုယ် ကျန်းမာရေးကို ကောင်းမွန်စေေနိုင်တယ်လို့ သိပ္ပံနည်းကျ သက်သေပြထားပါတယ်။ ကွီးတို့သည် အပြင်သို့ မထွက်ဘဲ အိမ်ထဲမှာပ အနေကြာလာမယ်ဆိုရင် ခန္ဓာကိုယ်ကလည်း လှုပ်ရှားမှု မရှိတဲ့အတွက်ကြောင့် ကိုယ်ခန္ဓာ ကျန်းမာရေးလည်း ထိခိုက်လာပြီး ကွီးတို့ရဲ့ စိတ်ကျန်းမာရေးကိုပါ တဖြည်းဖြည်း ထိခိုက်လာမှာဖြစ်ပါတယ်။

(၂) စာဖတ်ပါ

နည်း လန်း

စာဖတ်ခြင်း နည်း လမ်းသည် ကွီးတို့ရဲ့ ကိုယ်ရော စိတ်ပါ လန်းဆန်း တက်ကြွနေစေပါတယ်။ စိတ်ဖိစီးမှုများ နေတဲ့အခါ စိတ်ညစ်နေတဲ့အခါမှာ စာအုပ် တစ်အုပ် ကောက်ကိုင်ပြီး စာဖတ်ကြည့်လိုက်ပါ။ စိတ်အပြောင်းအလဲဖြစ်သွားပြီး နေရတာလည်း ပေါ့ပါး လန်းဆန်းလာပါလိမ့်မယ်။ စာအုပ်အမျိုးအစားကတော့ ကွီးတို့ ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်ပါတယ်။ ဝတ္ထုတိုပဲဖြစ်ဖြစ်၊ စုံထောက်ဝတ္ထုပဲဖြစ်ဖြစ်၊ သုတ ရသစာပေ စသည်ဖြင့် မိမိကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်ပါတယ်။

(၃) ကျန်းမာရေး လိုက်စားပါ

နည်း လန်း

ကျန်းမာရေး လိုက်စားပါ ဆိုတာကတော့ အားကစား ပြုလုပ်ခိုင်းတာပါ။ အားကစား ပြုလုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေလို့ ပြောလိုက်တဲ့အခါ စွမ်းအား ပြည့်ခြင်း၊ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အလေးချိန် ပိုင်ဆိုင်ခြင်း၊ ကြွက်သားများ သန်မာလာခြင်းနှင့် နှလုံးအား ကောင်းခြင်း အစရှိတဲ့ အကျိုးကျေးဇူးများကို ရရှိစေပါတယ်။ ဒါတင်မကသေးပါဘူး။ စိတ်ဖိစီးမှုများနှင့် စိတ်ပူပန်စရာများကိုပါ လျော့ကျစေကာ အာရုံ စူးစိုက်နိုင်စွမ်းလည်း မြင့်မားလာမှာဖြစ်ပါတယ်။

(၄) စမတ်ကျကျ အိပ်စက်ပါ

နည်း လန်း

အိပ်စက်ခြင်းသည် ကွီးတို့ရဲ့ ခန္ဓာကိုယ်ရော စိတ်ကျန်းမာရေးအတွက်ပါ မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ်။ အိပ်စက်ခြင်းကြောင့် ခန္ဓာကိုယ်ရော စိတ်ပါ အားအင် ပြန်လည် ဖြည့်တင်းပေးပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်စွာ အိပ်စက်ချင်တယ်ဆိုရင်တော့ တစ်ရက်လျှင် ၇ နာရီမှ ၉ နာရီအထိ အိပ်စက် အနားယူဖို့ လိုအပ်ပါတယ်။

စမတ်ကျကျ အိပ်စက်ဖို့ဆိုတာကတော့ ညဘက်တိုင်းမှာ တူညီတဲ့အချိန်အတိုင်း အိပ်ရာ ဝင်ရမှာဖြစ်ပြီး နိုးထလာမယ့် အချိန်ကိုလည်း နေ့ရက်တိုင်းမှာ အတူတူ ဖြစ်အောင် နိုးထရပါမယ်။ ဆိုလိုတာကတော့ ပထမတစ်ရက်မှာ ည ၁၀ နာရီ အိပ်ရာ ဝင်မယ်ဆို နောက်ရက်တွေမှာလည်း ည ၁၀ နာရီမှာ အိပ်ရာဝင်ပါ။ ပထမရက်မှာ မနက် ၇ နာရီ အိပ်ရာ ထမယ်ဆိုရင် နောက်ရက်တွေမှာလည်း မနက် ၇ နာရီ အိပ်ရာ ထရမှာဖြစ်ပါတယ်။​

ဒီ နည်း လမ်း ကောင်းတွေကို လိုက်နာမယ်ဆိုရင်တော့ ကွီးတို့သည် စိတ် သွားတိုင်း ကိုယ် ပါပြီး တနေကုန် လန်း ဆန်း တက်ကြွနေမှာဖြစ်ပြီး လုပ်ငန်းကိုင်ငန်းများ အားလုံးလည်း ဆောင်ရွက်သမျှသည် အောင်မြင်လာမှာဖြစ်ပါတယ်။

ဒီနည်းလမ်းကောင်းများကို လိုက်နာရင်း ကြံစည်ထားသမျှတွေအားလုံးကို အောင်မြင်အောင် ဆောင်ရွက်ဖို့ ရယ်ဒီပဲလား။

Source : Theclare

Featured Photo : Pexel