ကွီးတို့ရဲ့ ဘဝမှာ ရည်မှန်းချက် ပန်းတိုင် အနည်းဆုံး တစ်ခုလောက် ရှိထားသင့်ပါတယ်။ ဘဝ ရည်မှန်းချက် ပန်းတိုင် တစ်ခုလောက် ရှိထားမှသာလျှင် ဘဝကြီးက ရှင်သန်ရတာ အဓိပ္ပါယ် ရှိမှာပါ။ ရည်မှန်းချက် ပန်းတိုင် မရှိဘူးဆိုရင်တော့ စိတ်လေပြီး တစ်ရက် တစ်ရက်သည် ရှင်သန်ရတာ အဓိပ္ပါယ်မဲ့နေမှာပါ။ ဘဝ ရည်မှန်းချက် ပန်းတိုင်တွေ ထားရှိရုံနဲ့လည်း မပြီးသေးပါဘူး ၊ အောင်မြင်စွာ လျှောက်လှမ်း ဖို့ လိုအပ်ပါသေးတယ်။

ကိုယ့်ရဲ့ ဘဝ ရည်မှန်းချက် ပန်းတိုင်တွေဆီသို့ အောင်မြင်စွာ လျှောက်လှမ်း နိုင်ဖို့ ကူညီပေးမယ့် နည်းလမ်းများရှိပါတယ်။ ထိုနည်းလမ်းကောင်းများကတော့…

(၁) တိကျ ပြတ်သားတဲ့ ရည်မှန်းချက် ပန်းတိုင် တစ်ခု ထားရှိပါ

တိကျ ပြတ်သားတဲ့ ရည်မှန်းချက်

ကိုယ် ဘာဖြစ်ချင်သလဲ၊ ဘာလုပ်ချင်သလဲဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်လိုက်ပါ။ ပြီးရင်တော့ ကိုယ့်ကိုယ်ကိုယ် စိတ်ကူးနဲ့ ပုံဖော်ကြည့်လိုက်ပါ။ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် ဖြစ်ချင်တာလား ၊ ဒါမှမဟုတ် ကွန်ပျူတာ ပရိုဂရမ်မာ တစ်ယောက်လား ၊ အနုပညာရှင်လား စသည်ဖြင့် ကိုယ် အောင်မြင်နေတဲ့ ပုံစံကို ပုံဖော်ကြည့်လိုက်ပါ။ ဒါဆိုရင် ကွီးတို့ဆီမှာ တိကျ ပြတ်သားတဲ့ ရည်မှန်းချက် ပန်းတိုင် တစ်ခု ရရှိသွားပါပြီ။

(၂) ကိုယ့်ရဲ့ တစ်နေ့တာမှာ ဘယ်အချိန်မှာ ဘာတွေ လုပ်ရမလဲဆိုတာကို အသေးစိတ် အချိန် ဇယား ဆွဲထားပါ

ဘဝ လျှောက်လှမ်း

ကွီးတို့ ညအိပ်ရာ ဝင်ခါနီးမှာ မဖြစ်မနေ လုပ်သင့်တဲ့အရာကတော့ မနက်ဖြန်အတွက် အသေးစိတ် အချိန် ဇယား ရေးဆွဲခြင်းပဲ ဖြစ်ပါတယ်။ ကွီးတို့က မနက် ၇ နာရီမှာ အိပ်ရာနိုးတတ်တဲ့သူဆိုရင် မနက် ၇ နာရီမှာ ဘာလုပ်မယ် ၊ ၈ နာရီ ၊ ၉ နာရီ စတဲ့ အချိန်တွေမျာ ဘာလုပ်ရမလဲ ဆိုတာတွေကို အသေးစိတ် အချိန် ဇယား ရေးဆွဲထားလိုက်ပါ။ အချိန်ဇယား ရေးဆွဲတဲ့အခါမှာလည်း နားချိန်အတွက်ပါ ထည့်တွက်ဖို့ မမေ့ပါနဲ့။ အချိန်ဇယားနဲ့အညီ လိုက်လုပ်တတ်မယ်ဆိုရင်တော့ ကွီးတို့ရဲ့ တစ်ရက်တာက Productive ဖြစ်တဲ့ တစ်ရက်တာကို ပိုင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။

(၃) ကိုယ့်ကိုယ်ကိုယ် ချီးမွမ်း ဂုဏ်ပြုဖို့ မမေ့ပါနဲ့

ဘဝ လျှောက်လှမ်း

စောစောတုန်းက တစ်နေ့တာအတွက် အစီအစဉ်ရေးဆွဲထားပါလို့ ပြောခဲ့ပါတယ်။ အဲ့ဒီအစီအစဉ်တွေ အားလုံးပြီးမြောက်သွားတဲ့ ရက်တစ်ရက်ကို ပိုင်ဆိုင်ထားပါသလား။ ကိုယ့်ကိုယ်ကို ဆုချဖို့မမေ့ပါနဲ့။

ဥပမာ ကွီးတို့က အလုပ်တွေအကုန်လုံးကို သတ်မှတ်အချိန်တစ်ခုမှာ ပြီးအောင်လုပ်မယ်ဆိုပြီး စိတ်ကူးထားလို့ အမှန်တကယ်ပြီးမြောက်သွားတယ် ၊ ဒါမှမဟုတ် တနင်္လာနေ့ကနေ သောကြာနေ့အထိ ကိုယ့်အစီအစဉ်က အောင်မြင်တယ်ဆိုရင် ပိတ်ရက်မှာ ကိုယ် လုပ်ချင်တဲ့အရာတစ်ခုအတွက် ကိုယ့်ကိုယ်ကိုယ် ဆုပြန်ချပါ။ လိုချင်တဲ့ ပစ္စည်းတစ်မျိုးမျိုး ကိုယ့်ကိုယ်ကိုယ် ဝယ်ပေးလိုက်ပါ။ ဒီလို ပြုလုပ်ခြင်းက ဘဝရဲ့အနှစ်သာရက ဘာလဲဆိုတာ ကောင်းစွာနားလည်ခံစားတတ်အောင် သင်ကြားပေးပါလိမ့်မယ်။

(၄) အမှား လုပ်မိမှာ၊ အရှုံးနဲ့ ရင်ဆိုင်ရမှာကို မကြောက်ပါနဲ့

ဘဝ လျှောက်လှမ်း

အမှားတွေဆိုတာသည် ကွီးတို့ကို ယခု လက်ရှိ ကွီးထက် ပိုမို ကောင်းမွန်တဲ့ ဗားရှင်းဖြစ်သွားအောင် ကူညီပေးနိုင်တဲ့အရာတွေဖြစ်ပါတယ်။ အမှားတွေ ရှိမှသာ ထိုအမှားတွေကနေ သင်ခန်းစာ ရယူပြီး ကွီးတို့ရဲ့ ဘဝ ရည်မှန်းချက် ပန်းတိုင်ဆီသို့ အောင်မြင်စွာ လျှောက်လှမ်း တဲ့နေရာမှာ အထောက်အကူ ဖြစ်မှာပါ။ အမှား လုပ်မိမှာကို ကြောက်ရွံ့ပြီး Comfort Zone ထဲကနေ မရုန်းထွက်နိုင်ဘူး ဆိုရင်တော့ ကွီးတို့ရဲ့ ဘဝသည် တိုးတက်လာမှာ မဟုတ်ဘဲ တစ်နေရာတည်းမှာသာ ရပ်တန့်နေမှာ ဖြစ်ပါတယ်။

အမှား ပြုလုပ်မိတဲ့အခါမှာလည်း အမှားကိုပဲ တနုံ့နုံ့ ထိုင်တွေးနေပြီး စိတ်ညစ်နေတာမျိုး မလုပ်ရဘဲ ထိုအမှားကနေ ဘယ်လို သင်ခန်းစာမျိုး သင်ယူနိုင်မလဲဆိုတာကို ပြန်လည် ဆန်းစစ်ပြီး အရှေ့သို့ ဆက်လက်ချီတက်ရမှာ ဖြစ်ပါတယ်။

(၅) ကိုယ့်ကိုယ်ကိုယ် အနားပေးဖို့လည်း မမေ့ပါနဲ့

Young man relax on bed and enjoying mountain view.

၂၄ နာရီလုံး မအိပ်မနေ ၊ မစားမသောက်ဘဲ ကြိုးစားနေမယ်ဆိုရင်တော့ အောင်မြင်မှုပန်းတိုင်ဆီ မရောက်ခင် ကွီးတို့ရဲ့ ခွန်အားတွေ ကုန်ဆုံးသွားပါလိမ့်မယ်။ အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်ရဲ့ အာရုံစူးစိုက်နိုင်စွမ်းက မိနစ် ၃၀ အထိပဲဖြစ်ပါတယ်။ ဒ့ါကြောင့် ကွီးတို့က မိနစ် ၃၀ မှာ သေချာ အာရုံစိုက်ပြီး အလုပ်လုပ်ကာ ၅ မိနစ်မှ ၁၀ မိနစ်လောက် ခဏ တဖြုတ် အနားပေးပါ။ ပြီးမှ မိနစ် ၃၀ ပြန် အာရုံစိုက်ကာ အလုပ်လုပ်လိုက်ပါ။ ထိုကဲ့သို့ အနားယူခြင်းက သင့်ရဲ့ အာရုံစူးစိုက်နိုင်စွမ်းကို တိုးမြှင့်ပေးမှာဖြစ်ပြီး ပျင်းရိငြီးငွေ့ခြင်းမှလည်း ကာကွယ်ပေးပါလိမ့်မယ်။

ကွီးတို့ရော အောင်မြင်မှုဆီသို့ လျှောက်လှမ်းဖို့အတွက် ဘာတွေ လုပ်နေပါသလဲ။

Source : Realbuzz

Featured Photo : Linkedin