ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ နတ်ဆိုးလိုပုဂ္ဂိုလ်တွေ အများကြီး ရှိပါတယ်။ အချို့မှာတော့ နတ်ဆိုးတစ်ကောင်ရဲ့ လက္ခဏာတွေကို သိသိသာသာ မြင်ရပေမယ့် အချို့ကတော့လည်း ဖုံးကွယ်ထားတက်ပါတယ်။ နတ်ဆိုးလို စရိုက်ရှိတဲ့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံနေမိခြင်းဟာ သင့်ကိုတစ်နေ့တစ်ခြား ပိုမိုဆုတ်ယုတ်လာစေပြီး ဘဝတက်လမ်းတွေ ပိတ်စေရုံသာမက စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာမှာပါ ဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။ ဒီတစ်ခေါက်ဆောင်းပါးလေးမှာတော့ ကွီးတို့ တက်နိုင်သမျှ သတိထား ရှောင်ရှားနိုင်စေဖို့ နတ်ဆိုးလို လူတွေရဲ့ စရိုက်လက္ခဏာတွေအကြောင်းကို ပြောပြပေးချင်ပါတယ်။

(၁) ပင်ကိုယ်စရိုက်ကိုက မရိုးသားကြဘူး

Man

Photo : BBC

ကျွန်တော်တို့အားလုံး အချိန်တိုင်းမှာ ရာနှုန်းပြည့်ကြီး လူကောင်းတစ်ယောက် မဖြစ်နိုင်ဘူးဆိုတာ သေချာပါတယ်။ သို့သော်လည်း တက်နိုင်သမျှ ရိုးသားမှုရှိတဲ့ လူတစ်ယောက်ဖြစ်အောင်တော့ ပြုမူနေထိုင်ကြရတာပဲ မဟုတ်လား။ နတ်ဆိုးတွေကတော့ သူတို့ရဲ့ပင်ကိုယ်စရိုက်ကိုက သိပ်ပြီး ဖြူစင်တဲ့အထဲမှာ မပါပါဘူး။ သူတို့ရဲ့ အစစ်အမှန်ကို မြင်နိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။ အမြဲတမ်းလိုလို မျက်နှာဖုံးတစ်ခုခု ဖုံးအုပ်ထားပြီး ရိုးသားမှုမရှိတဲ့ အသွင်ကိုဆောင်ကျဉ်းနေထိုင်သူတွေ ဖြစ်ပါတယ်။

(၂) တပါးသူကို ထိန်းချုပ်ချင်ကြတယ်

Controlling People

Photo : Talkspace

နတ်ဆိုးလိုလူတွေမှာ တူညီတဲ့အချက်တစ်ခုတော့ ရှိပါတယ်။ ဒါက တခြားသူတွေကို သူတို့ရဲ့ထိန်းချုပ်မှုအောက် အပြည့်အဝရောက် စေချင်တာပါ။ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာမှာ တနည်းနည်းနဲ့ ထိန်းချုပ်ဖို့ကို ကြိုးစားပါတယ်။ ကျွန်တော်တို့က သူတို့ကို ပိုမိုရင်းနှီးခွင့်ပေးလိုက်တာနဲ့ ကျွန်တော်တို့ရဲ့ ဘဝတွေကို တစ်စတစ်စ ထိန်းချုပ်လာပြီး သူတို့နဲ့ပုံစံတူ လူတစ်ယောက်ဖြစ်လာအောင် ပုံသွင်းလာမှာဖြစ်ပါတယ်။

(၃) အခြားသူတွေရဲ့ ကံကြမ္မာကို နှစ်သက်ကြတယ်

Man Laughing

Photo : NewsBeezer

သာမန်လူတွေအဖို့ လူတစ်ယောက်ကို အခက်တွေ့စေတဲ့ အခြေအနေ ၊ မကောင်းတဲ့ ခံစားချက်တွေကို ပေးဖို့ဆိုတာ တော်တော်မလွယ်တဲ့ ကိစ္စပါ။ နတ်ဆိုးတွေမှာတော့ ဒီလိုမဟုတ်ပါဘူး။ သူတို့ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ အဆိုးတွေ ၊ စိတ်ဒဏ်ရာတွေကို အခြားသူတွေအနေနဲ့လည်း သူတို့ခံစားကြုံတွေ့ခဲ့ရသလို ခံစားစေချင်ကြပါတယ်။ အခြားသူတွေရဲ့ အဆင်မပြေမှုတွေ ၊ အခက်အခဲတွေကို သူတို့က ပျော်ရွှင်စိတ်ချမ်းမြေ့မှုတစ်ခုအနေနဲ့ စားသုံးနေကြတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် သူတို့က မကောင်းမှုတွေနဲ့ မွေ့လျော်နေသူတွေလို့ ပြောရင်လည်း မမှားနိုင်ပါဘူး။

(၄) ရက်စက်တက်ကြတယ်

Angry Man

Photo : Unsplash

သေချာတာက နတ်ဆိုးလို လူတွေမှာ ကိုယ်ချင်စာတရား ၊ တာဝန်ယူမှုတာဝန်ခံမှု ၊ အပြန်အလှန်လေးစားမှုဆိုတာတွေ မရှိပါဘူး။ စိတ်ပိုင်းဆိုင်ရာအားဖြင့် ခက်ထန်မာကြောပြီး ရက်စက်တဲ့ သဘောအသွင်ကို ဆောင်ကြပါတယ်။ လူလူချင်း ကြင်နာတရားရှိရမယ် ၊ ချစ်ခြင်းမေတ္တာထားရမယ် ၊ ကိုယ်ချင်းစာတက်ရမယ်ဆိုတဲ့ စကားလုံးတွေဟာ သူတို့ရဲ့အဘိဓာန်ထဲမှာ မရှိပါဘူး။ အချို့ဆိုရင် ဘော်ဒါအချင်းအချာ ၊ သွေးချင်းမောင်နှမနဲ့ အားနည်းတဲ့ တိရစ္ဆာန်လေးတွေအပေါ်မှာပင် ရက်စက်ကြမ်းကြုပ်တဲ့ အပြုအမူတွေကို လုပ်ဆောင်ကြပါတယ်။

ကျွန်တော်တို့ဘဝမှာ ဒီလို နတ်ဆိုးလို လူတွေနဲ့ မကြာခဏ ကြုံရဆုံရနိုင်ပါတယ်။ ကွီးတို့လုပ်ရမှာတစ်ခုက ဒီလိုလူတွေကို ဝေးဝေးကသာ ရှောင်ဖို့ပါပဲ။

Featured Photo : Grosvenor Law