ဖိုမကျန်းမာရေးနဲ့ ပတ်သတ်ပြီး လူတော်တော်များများ သိချင်ကြတဲ့မေးခွန်းတွေက တစ်ခုကတော့ မနက်ခင်းမှာ လိင်ဆက်ဆံတာကောင်းလား ဒါမှမဟုတ် ညဘက်မှာ ဆက်ဆံတာကောင်းလား ဆိုတာပါပဲ။ တကယ်တော့ လိင်မှုရေးရာကိစ္စမှာ တရားသေသတ်မှတ်ချက်ဆိုတာမျိုးတော့ မရှိပါဘူး။ လူတစ်ယောက်နဲ့တစ်ယောက် လိင်စိတ်တက်ကြွချိန် ၊ စိတ်ခံစားမှုတွေအပေါ် မူတည်ပြီး အချိန်အားဖြင့်လည်း မနက်/ည အမျိုးမျိုးကွဲလွဲနိုင်ပါတယ်။ ဒါပေမယ့် မနက်ခင်းစောစော မောနင်းမှာ ချစ် ကြည်နူး တစ်တီတူးမယ်ဆိုရင် အခုပြောပြမယ့် အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။

(၁) ကိုယ်ခံအားစနစ်ကို ကောင်းစေတယ်

Photo : Medical News Today

မနက်ခင်းစောစော မောနင်းမှာ လိင်ဆက်ဆံတာဟာ IgA Antibodies ထုတ်လုပ်မှုကို တိုးစေတယ်လို့ လေ့လာမှုများစွာက ဖော်ပြထားပါတယ်။ ၎င်း Antibodies တွေက ကိုယ်ခံအားစနစ်အတွက် အလွန်အရေးပါပြီး ခန္ဓာကိုယ်ကနေ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ရာမှာ အဓိကကူညီပေးပါတယ်။ ဒါကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေချင်တယ်ဆိုရင် မနက်ခင်းဟာ လိင်ဆက်ဆံဖို့ အကောင်းဆုံးအချိန်ပါပဲ။

(၂) မှတ်ဉာဏ်စွမ်းရည် မြှင့်တင်ပေးတယ်

Photo : Runner’s World

စောစောစီးစီး မောနင်းမှာ လိင်ဆက်ဆံခြင်းဟာ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို ပိုမိုကောင်းမွန်စေဖို့ အထောက်အကူပြုပါတယ်။ ဘာလို့ဆို မနက်ခင်း လိင်ဆက်ဆံတဲ့အခါမှာ လိင်မှုဆိုင်ရာဟော်မုန်းတွေထွက်လာစေဖို့ ဦးနှောက်ရဲ့လုပ်ဆောင်မှုကို လှုံ့ဆော်ပေးတာကြောင့် ကွီးတို့ရဲ့ ဦးနှောက်ကို တစ်နေ့တာလုံး နိုးကြားတက်ကြွနေစေပြီး မှတ်ဉာဏ်စွမ်းရည်ပိုမိုကောင်းမွန်စေဖို့ ကူညီပေးနိုင်တာပဲ ဖြစ်ပါတယ်။

(၃) မနက်ခင်း လေ့ကျင့်ခန်းတစ်ခုပါပဲ

morning sex

Photo : FlexiSpot

မနက်ခင်းမှာ လိင်ဆက်ဆံခြင်းဟာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်တာနဲ့ အတူတူပါပဲ။ ဒါဟာ မိနစ် ၃၀ ခန့် အပြေးလေ့ကျင့်ခန်းလုပ်သလိုကို ထိရောက်မှုရှိတဲ့အတွက် ကယ်လိုရီ များများလောင်ကျွမ်းစေပြီး ခန္ဓာကိုယ်က ကြွက်သားတွေကို ပြေလျော့စေကာ တစ်နေ့တာအတွက် အပြုသဘောဆောင်တဲ့ စွမ်းအင်တွေကို ထိန်းထားပေးပါတယ်။ ပျမ်းမျှအားဖြင့် မနက်ခင်း မောနင်းမှာ တစ်ကြိမ်ခန့် လိင်ဆက်ဆံခြင်းဟာ အမျိုးသားတွေမှာ ကယ်လိုရီ ၂၄၀ ခန့် လောင်ကျွမ်းပြီး အမျိုးသမီးတွေမှာတော့ ကယ်လိုရီ ၁၈၀ ဝန်းကျင် လောင်ကျွမ်းပါတယ်။

(၄) စွမ်းဆောင်ရည် ပိုကောင်းစေတယ်

morning sex

Photo : Eat This, Not That

မနက်ခင်းဟာ ခန္ဓာကိုယ်မှာ အားအင်အပြည့်ဝဆုံးနဲ့ လန်းဆန်းတက်ကြွမှုအရှိဆုံး အချိန်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် မနက်ခင်းမှာ အမျိုးသားတွေအနေနဲ့ တက်စတိုစတီရုန်းပမဏအမြင့်ဆုံးဖြစ်တဲ့အတွက် လိင်စိတ်ဆန္ဒကို မြှင့်တက်စေကာ သန်မာမှုအပြည့်နဲ့ အချိန်ကြာကြာ ဆက်ဆံနိုင်စေမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မနက်ခင်းမှာလိင်ဆက်ဆံခြင်းဟာ ညဘက်ထက် လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်တွေ ပိုမိုကောင်းမွန်နေလေ့ရှိပါတယ်။

(၅) စိတ်ဖိစီးမှု လျော့ကျစေတယ်

Photo : Best Life

လေ့လာမှုများစွာအရ လိင်ဆက်ဆံခြင်းက စိတ်ဖိစီးမှုတွေကို ၇ ရက်တာအထိ လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် မနက်ခင်းမှာ လိင်ဆက်ဆံခြင်းက အကောင်းဆုံးအကျိုးသက်ရောက်မှုရှိစေပြီး စိတ်ကြည်လင် လန်းဆန်းမှုတွေကို ပေးစွမ်းမှာပဲဖြစ်ပါတယ်။

(၆) အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးတယ်

morning sex

Photo : Dr. Mort Orman

မနက်ခင်း မောနင်းမှာ လိင်ဆက်ဆံပြီးနောက် Orgasm ရခြင်းဟာ သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်အောင် ကူညီပေးပြီး အိုမင်းရင့်ရော်မှုတွေကို တားဆီးဆန့်ကျင်ပေးနိုင်တဲ့ အီစထရိုဂျင်အဆင့်ကို တိုးစေပါတယ်။ ၎င်းက အသားအရေနဲ့ ဆံပင်တွေကို ကျန်းမာသန်စွမ်းစေတာကြောင့် နုပျိုလန်းဆန်းမှုတွေကို ကြာရှည်စွာ ထိန်းထားနိုင်စေမှာ ဖြစ်ပါတယ်။

(၇) ရောဂါဖြစ်ပွားနိုင်ချေကို လျော့ချပေးတယ်


Photo : Best Life

သုတေသနပြုချက်တွေအရ တစ်ပတ်မှာ အနည်းဆုံး ၃ ကြိမ်ခန့် လိင်ဆက်ဆံခြင်းဟာ ထိုထက် လိင်ဆက်ဆံမှုနည်းတဲ့သူတွေထက် နှလုံးဖောက်ခြင်းနဲ့ လေဖြတ်ခြင်းကဲ့သို့ ရောဂါအန္တရာယ်တွေကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ မနက်ခင်းမှာ ပုံမှန်လိင်ဆက်ဆံမှုရှိသူတွေအတွက် ဒီအကျိုးကျေးဇူးဟာ ၇၀ ရာခိုင်နှုန်းအထိ တိုးလာနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မနက်ခင်းလိင်ဆက်ဆံခြင်းဟာ သုတ်ပိုးအရည်အသွေးကို ပိုမိုကောင်းမွန်စေတာကြောင့် ကလေးလိုချင်သူတွေအတွက် အချိန်ကောင်းတစ်ခုဖြစ်သလို အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေကိုလည်း လျှော့ချပေးပါတယ်။

ကွီးတို့ရော မနက်ခင်း မောနင်းမှာ လိင်ဆက်ဆံတာနဲ့ ညဘက်မှာဆက်ဆံတာ ဘယ်တစ်ခုက ပိုကောင်းတယ်လို့ ထင်ပါသလဲ???

Featured Photo : What to Expect