ဘိုင်ယန်မြူးနစ် နည်းပြဟောင်း ဂျူလီယန် နာဂယ်စမန်း ဟာ မကြာသေးခင် ရက်ပိုင်းအတွင်းကပဲ နည်းပြရာထူးကနေ ထုတ်ပယ်ထားခံခဲ့ရပြီး သူရဲ့အတူနေချစ်သူ လီနာကပါ ဂျာမနီနိုင်ငံရဲ့ အထင်ကရ သတင်းဌာနကြီးဖြစ်တဲ့ Blid ကနေပါ အလုပ်ထွက်လိုက်တယ်လို့ သိရပါတယ်။

julain

Photo Credit : Goal

အသက်(၃၅)နှစ်အရွယ် ဂျာမန်လူမျိုး နည်းပြ နာဂယ်စမန်း ဟာ အသက်အရွယ်အရ သက်တမ်း နုနယ်သေးတဲ့ နည်းပြတစ်ဦးလို့ သတ်မှတ်နိုင်ပေမယ့် ဟော်ဖန်ဟင်မ်ကနေ လိုက်ပ်ဇစ်ကို ပြောင်းလဲ ကိုင်တွယ်စဉ်မှာပဲ ဥရောပ အတွေ့အကြုံကောင်းတွေပါ ပိုင်ဆိုင်ခဲ့သလို လိုက်ပ်ဇစ်ကိုလည်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ထိပါ ပို့ဆောင်ထားပေးနိုင်ခဲ့ပါတယ်။ ဘိုင်ယန်ကို ကိုင်တွယ်ချိန်မှာလည်း သူရဲ့ အတွေ့အကြုံတွေ နည်းဗျူဟာတွေနဲ့ အသင်းကို ကိုင်တွယ်ရတဲ့ အချိန်တိုလေးအတွင်းမှာ အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့်လည်း အံ့အားသင့်ဖွယ် ထုတ်ပယ်ခံခဲ့ရပါတယ်။

nagelsmann

Photo Credit : DW

ဒီလို ထုတ်ပယ်ခံလိုက်ရချိန်မှာ နာဂယ်စမန်းက ဘိုင်ယန်အသင်း အခြေစိုက်ရာ မြူးနစ်မြို့မှာ ရှိမနေပဲ သြစတြီးယားနိုင်ငံမှာ သူ့ချစ်သူ လီနာနဲ့ နှင်းလျှောစကိတ်စီးနေပါတယ်။ ပြသာနာက international break မတိုင်ခင် နောက်ဆုံး ဘွန်ဒက်စ်လီဂါပွဲမှာ လေဗာကူဆင်ကို ရှုံးနိမ့်ထားတာမို့ အသင်းအတွက် ပြင်ဆင်စရာ ရှိတာတွေကို လုပ်သင့်ပေမယ့် နှင်းလျှောစကိတ် သွားစီနေတာကလည်း အပြစ်မြင်စရာ ဖြစ်သွားခဲ့ရပါတယ်။ ဒါပေမယ့် ဒီတစ်ချက်လေးနဲ့ နာဂယ်စမန်းကို ထုတ်ပယ်ခဲ့တာ မဟုတ်ပဲ လက်ရှိမှာ အသင်းရဲ့တာဝန်ရှိသူတွေအဖြစ် လုပ်ဆောင်နေတဲ့ အသင်းကစားသမားဟောင်းကြီးတွေနဲ့ပါ ဆက်ဆံရေးပိုင်း အစေးမကပ်တာကြောင့်နဲ့ နာဂယ်စမန်း ရဲ့ လုပ်ပုံကိုင်ပုံတွေကို သဘောမကျတာကြောင့် အခုလို ဆုံးဖြတ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

Julian Nagelsmann's girlfriend Lena Wurzenberger?

Photo Credit : Daily Mail

ဒီအချိန်မှာ Blid သတင်းဌာနတွင် ရီပို့တာ တစ်ဦးအဖြစ် တာဝန်ယူ လုပ်ဆောင်နေတဲ့ နာဂယ်စမန်း ရဲ့ချစ်သူ လီနာကပါ သူမ အလုပ်ကနေ နုတ်ထွက်လိုက်ပါတယ်။ ဒီစုံတွဲဟာ လက်ရှိမှာ အလုပ်လက်မဲ့တွေ ဖြစ်သွားခဲ့ပေမယ့် ဘိုင်ယန်ဘက်က နာဂယ်စမန်းအတွက် စာချုပ်လျှော်ကြေး ပေးချေရတဲ့ ပမာဏဟာ မနည်းမနော ဖြစ်သလို သူ့လို နည်းပြမျိုးကလည်း အချိန်မရွေး ကလပ်အသင်း တစ်သင်းသင်းကိုလည်း ကိုင်တွယ်နိုင်တာဖြစ်လို့ အေးအေးဆေးဆေး ရှိနေမှာ သေချာပါတယ်။ ဒါပေမယ့် နာဂယ်စမန်းက လီနာနဲ့ မတွဲခင် အိမ်ထောင်ကျခဲ့ဖူးပြီး သားသမီး (၂) ယောက် ထွန်းကားခဲ့သလို ပြီးခဲ့တဲ့နှစ်ကမှ ကွာရှင်းထားခဲ့တာပဲ ဖြစ်ပါတယ်။