သဘာဝတရားကြီးသည် သဘာဝအလှတရားကို ခံစားတတ်သူများအဖို့ ဘာနဲ့မှ နှိုင်းယှဥ်မရအောင် လှပတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်တွင် သဘာဝအလှတရားသည် သူ့နေရာနဲ့သူ တည်ရှိနေတတ်ပြီး ကျနော်တို့ လူသားများအနေနဲ့ သဘာဝတရားကို သေချာတန်ဖိုးထားတတ်ဖို့လိုအပ်ပါတယ်။ ကမ္ဘာ့ နိုင်ငံ အသီးသီးသည်လည်း ထိုသဘာဝအလှတရားကို အသုံးချကာ ကမ္ဘာလှည့် ခရီးသွားများဖြင့် နိုင်ငံရဲ့ ခရီးသွားအဆင့်အတန်းကို တိုးတက်မြင့်မားလာအောင် ကြိုးစားနေကြတာဖြစ်ပါတယ်။ ကွီးတို့လည်း ထို နိုင်ငံ များဆီသို့ သွားမလည် ဖြစ်ဘူးဆိုရင်တော့ လူဖြစ်ရှုံးသွားဖို့ သေချာသလောက်ပါပဲ။

ကွီးတို့အနေနဲ့ ဘဝမှာ တစ်ခါလောက်တော့ သွားဖူးတယ်ရှိရင် သွားရောက်လည်ပတ်သင့်တဲ့ နိုင်ငံများကတော့

ပြင်သစ်က ပဲရစ်

ပဲရစ်

Photo: Homefrance

ပြင်သစ်နိုင်ငံသည် ဥရောပနိုင်ငံအတွင်းရှိ နာမည်ကြီး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပဲရစ် ခေါ် ပါရီမြို့ကတော့ ပြင်သစ်နိုင်ငံရဲ့ မြို့တော်ဖြစ်ပါတယ်။ လူဦးရေ သိပ်သည်းထူထပ်ပြီး နေထိုင်သူစုစုပေါင်း ၂၂ သိန်းခန့် နေထိုင်ကြတယ်လို့ သိရှိရပါတယ်။ ပါရီမြို့သည် ဖက်ရှင်မြို့တော်လို့လည်း တင်စားခေါ်ဝေါ်ကြပြီး လည်ပတ်စရာနေရာများကလည်း များပြားလှပါတယ်။ ဒါ့ကြောင့် အမြဲဆိုသလို ကမ္ဘာလှည့် ခရီးသွားများဖြင့် ပြည့်နှက်နေတာဖြစ်ပါတယ်။​

ပါရီမြို့အတွင်း သွားရောက်လည်ပတ်သင့်တဲ့ နေရာများကတော့ အီဖယ်တာဝါ၊ လုဗ်ပြတိုက်၊ နှစ်ပေါင်းရာချီသက်တမ်းရှိတဲ့ ကာသေဒြာဘုရားကျောင်း၊ Arc de Triomphe ၊ Musee d’Orsay နှင့် The Basilica of the Sacred Heart of Paris တို့ပဲဖြစ်ပါတယ်။​

အင်္ဂလန်နိုင်ငံက လန်ဒန်

လန်ဒန်

Photo: History

အင်္ဂလန်နိုင်ငံသည်လည်း ဥရောပ နိုင်ငံ များတွင်းရှိ အထင်ကရ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး သွားမလည် သင့်ရင် ခေတ်နောက်ကျသွားမယ့် နေရာတစ်နေရာပဲဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံတွင်းမှာဆိုရင် လန်ဒန်ကို မဖြစ်မနေ သွားရောက်လည်ပတ်သင့်ပါတယ်။ အင်္ဂလန်နိုင်ငံရဲ့ မြို့တော်ဖြစ်ပြီး Big Ben နာရီမျှော်စင်ကြီးကတော့ အထင်ကရနေရာတစ်ခုပဲဖြစ်ပါတယ်။ Westminster Abbey ၊ London Eye ၊ အမျိုးသားပြတိုက်၊​ ဗြိတိသျှ ပြတိုက် အစရှိတဲ့နေရာများသို့ သွားရောက်လည်ပတ်သင့်ပါတယ်။

အီတလီနိုင်ငံရှိ ဗင်းနစ်

နိုင်ငံ သွားမလည်

Photo: Saltinourhair

ဗင်းနစ်ကတော့ အီတလီ မြောက်ပိုင်းရှိ မြို့တော်ဖြစ်ပြီး ထိုမြို့သည် ကျွန်းငယ်ပေါင်း ၁၀၀ ကျော်ကို စုစည်းထားကာ မြို့တစ်မြို့အဖြစ် တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ ထိုမြို့ပေါ်တွင် လမ်းမများမရှိဘဲ တူးမြောင်းမားသာရှိပါတယ်။ ရှေးဟောင်း ဗိသုကာလက်ရာများကို သွားရောက်ကြည့်ရှုချင်ပြီး လှေစီးကာ လည်ပတ်ချင်သူများအတွက် သွားရောက်သင့်တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။

စပိန်နိုင်ငံရှိ ဘာစီလိုနာ

နိုင်ငံ သွားမလည်

Photo: Cntraveler

စပိန်နိုင်ငံသည်လည်း ဥရောပ နိုင်ငံ များသို့ သွားရောက်ဖြစ်တဲ့အခါ သွားမလည် ဘဲ မနေနိုင်အောင် ဆွဲဆောင်နေမှာပဲဖြစ်ပါတယ်။ အထူးသဖြင့် ဘောလုံးချစ်သူများအတွက် အလည်ပတ်ချင်ဆုံးနိုင်ငံများထဲတွင် သူလည်း အပါအဝင်ပဲဖြစ်ပါတယ်။ ဘာစီလိုနာမြို့သည် သူ့ရဲ့ အနုပညာနှင့် ဗီသုကာ လက်ရာများကြောင့်လည်း နာမည်ကြီးထင်ရှားပြီး ထိုနိုင်ငံရှိ အဆောက်အဦးများရဲ့ ဒီဇိုင်းကလည်း တစ်မူထူးခြားလှပနေပါတယ်။ ကွီးတို့အနေနဲ့ ဘာစီလိုနာသို့ ရောက်ဖြစ်တဲ့အခါ သွားရောက်လည်ပတ်ရမယ့်နေရာပေါင်း အခု ၂၀ ကျော် ရှိပါတယ်။ ကွီးတို့အနေနဲ့ အချိန်တိုအတွင်း ထိုနေရာပေါင်းစုံကို မလည်ပတ်ဖြစ်ဘူးဆိုရင်တော့ ကိုယ် သွားလည်ချင်တဲ့ နေရာအချို့ကို သေချာရွေးချယ်ကာ သွားလည်သင့်ပါတယ်။

ဂရိနိုင်ငံရှိ Santorini

နိုင်ငံ သွားမလည်

Photo: Hotels

ဥရောပနိုင်ငံများထဲတွင် အလည်ပတ်သင့်ဆုံးနိုင်ငံတစ်နိုင်ငံထဲတွင် ဂရိနိုင်ငံလည်း ပါဝင်ပါတယ်။ ဂရိနိုင်ငံထဲတွင်မှ Santorini ကတော့ ဟန်းနီးမွန်းခရီးသွားချင်သူများအတွက် သွားရောက်လည်ပတ်သင့်တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ရိုမန့်တစ်ဆန်ပြီး အဆောက်အဦးများကလည်း ရင်သပ်ရှုမောစရာကောင်းလှပါတယ်။ ကွီးတို့အနေနဲ့ Santorini ကို သွားရောက်လည်ပတ်ဖြစ်တဲ့အခါ လုပ်စရာ ၁၄ မျိုးရှိပါတယ်။

ထိုလုပ်စရာ ၁၄ မျိုးကတော့ နေရာပေါင်း ၁၄ နေရာကို နှံ့အောင် လည်ပတ်ရမှာပြဖြစ်ပါတယ်။ ကော်ဖီဆိုင်များ၊ အထင်ကရာ အဆောက်အဦးများ၊ ရှေးဟောင်းသုတေသန တူးဖော်ရာနေရာများ၊ ပြတိုက်များ၊ ကမ်းခြေများ၊ ကြည်လင်ပြာလဲ့နေတဲ့ ပင်လယ်များ အစရှိတဲ့နေရာများသို့ သွားရောက်လည်ပတ်ရမှာပဲဖြစ်ပါတယ်။

ကွီးတို့ ဘဝမှာ အထက်ဖော်ပြပါ နေရာများထဲက ဘယ်နှနေရာလောက် သွားရောက်လည်ပတ်ဖူးပါသလဲ။

Source: Travel.usnews

Featured Image: Freepik