မန်ချက်စတာစီးတီးအသင်းရဲ့ နည်းပြကြီး ပက်ပ် ဂွာဒီယိုလာ ကတော့ အာဆင်နယ်အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အပြီးမှာပဲ သူရဲ့ နည်းပြသက်တမ်းတစ်လျှောက်မှာ နိုင်ပွဲ အရေအတွက်ပေါင်းဟာ (၆၀၀)တိတိ ပြည့်မြောက်သွားခဲ့ရပါတယ်။

pep treble

Photo Credit : FC Barcelona Noticias

စပိန်လူမျိုး ဘောလုံးသမားဟောင်း ဂွာဒီယိုလာဟာ ဘောလုံးသမားဘဝကို အဆုံးသတ်ပြီးနောက်မှာ နည်းပြနယ်ပယ်ကို ခုန်ကူးဖြစ်ခဲ့ပြီး ဘာစီလိုနာ အရန်အသင်းကို စတင် ကိုင်တွယ်ခဲ့ရင်းနဲ့ ၂၀၀၈ခုနှစ်မှာ ဘာစီလိုနာ နည်းပြတစ်ဦး ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်ကနေ စတင်ပြီး ဂွာဒီယိုလာဟာ သူရဲ့့နည်းပြဘဝကို အကောင်းဆုံး တာထွက်နိုင်ခဲ့ပြီး သူရဲ့ ပွဲဦးထွက်ရာသီမှာပဲ ဘာစီလိုနာကို သမိုင်းဝင် ဖလား(၃)လုံး အောင်မြင်မှု ရယူပေးနိုင်ခဲ့ပါတယ်။

pep barca 2019

Photo Credit : Sky Sports

ဒါ့အပြင် ၂၀၀၉ခုနှစ် တစ်နှစ်တာအတွင်း ပြက္ခဒိန် တစ်နှစ်အတွင်းမှာပဲ ဂွာဒီယိုလာ က ဘာစီလိုနာအသင်းအတွက် ဆုဖလားပေါင်း (၆)လုံးအထိကို ယူဆောင်ပေးနိုင်ခဲ့ပါသေးတယ်။ ဘာစီလိုနာအတွက် ဆုဖလားပေါင်း (၁၄)ခု ယူဆောင်ပေးခဲ့တဲ့ ဂွာဒီယိုလာဟာ ၂၀၁၂ခုနှစ်မှာတော့ ဘာစီလိုနာနဲ့ လက်တွဲဖြုတ်ခဲ့ပြီး အဲ့ဒီအချိန်မှာ ဂွာဒီယိုလာက ဘာစီလိုနာနဲ့ နိုင်ပွဲပေါင်း (၁၇၉)ပွဲ ရှိခဲ့ရပါတယ်။

guardiola city

Photo Credit : Football365

တစ်နှစ်အကြာမှာတော့ ဂွာဒီယိုလာက ဘိုင်ယန်နည်းပြ ဖြစ်လာခဲ့ရပြီး ဘိုင်ယန်ကိုလည်း စတင် ကိုင်တွယ်တဲ့ ရာသီမှာပဲ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ပြီး နိုင်ပွဲပေါင်း (၁၂၄)ပွဲအထိ ပိုင်ဆိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ် အောင်မြင်မှု မရှိခဲ့လို့ ဘိုင်ယန်နဲ့ (၃)ရာသီအပြီးမှာပဲ ထပ်မံ လမ်းခွဲခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဂွာဒီယိုလာက အင်္ဂလန်မြေဆီ ရောက်ရှိလာခဲ့ပြီး မန်စ်ီးတီး နည်းပြအဖြစ် ပြောင်းလဲ ဆောင်ရွက်ခဲ့ပါတယ်။ စီးတီးနည်းပြဘဝ တာထွက်ရာသီမှာတော့ ဂွာဒီယိုလာ ဟာ စီးတီးကို ဆုဖလားတွေ ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပဲ နည်းပြဘဝအတွင်း ပထမဆုံးအကြိမ် ဆုဖလားလက်မဲ့ ရာသီကို ဖြတ်သန်းခဲ့ရပါတယ်။

pep city

Photo Credit : Sporting News

ဒါပေမယ့် အဲ့ဒီရာသီ နောက်ပိုင်းမှာတော့ ချန်ပီယံလိဂ်ဖလားကလွဲပြီး ပြည်တွင်းဖလားတွေ အားလုံးကို သိမ်းပိုက်ရယူနိုင်ခဲ့သလို နိုင်ပွဲပေါင်း (၂၉၇)ပွဲအထိ ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိမှာဆိုရင်လည်း ဂွာဒီယိုလာ က စီးတီးကို ဖလား (၃)လုံးလမ်းကြောင်းကို ပို့ဆောင်ထားပြီး မြို့ခံကလပ် မန်ယူနိုက်တက် နောက်ပိုင်း Treble ချန်ပီယံ ဖြစ်လာနိုင်မယ့် ဒုတိယမြောက် အင်္ဂလန်ကလပ် အသင်းတစ်သင်းပါ ဖြစ်လာဖို့ ရှိနေပါတယ်။

Featuterd Photo : Sky Sports