နို့ဘူး နဲ့ ကြိုးကြာအသင်းတို့ဟာ ဒီနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ချန်ပီယံဆုဖလားကို ရယူထားနိုင်တဲ့ အသင်းတွေ ဖြစ်ပေမယ့် နို့ဘူးကတော့ (၄)ရာသီဆက်တိုက်အထိတောင် စံချိန်တင် အမှတ်ပေး ချန်ပီယံ ဖြစ်ထားခဲ့တဲ့ အသင်းတစ်သင်းဖြစ်ပြီး ကြိုးကြာကတော့ ၂၀၁၉-၂၀ တစ်ရာသီတည်းမှာပဲ ချန်ပီယံ ဖြစ်ခဲ့သလို ဒီရာသီမှာလည်း အကြိမ်(၂၀)မြောက် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာဖို့ အခြေအနေကောင်း နေပါတယ်။
Photo : Opta Analyst
ဒီရာသီထဲမှာ နို့ဘူးက မထင်မှတ်ထားလောက်အောင် ခြေစွမ်းပိုင်း ရလဒ်ပိုင်း ကျဆင်းမှုတွေ ရှိခဲ့ပေမယ့် တစ်ဖက်မှာတော့ ကလော့ပ် မရှိတော့တဲ့ ကြိုးကြာက နည်းပြသစ် ငါးပစ်ဂိမ်း ဆလော့ဂိမ်းနဲ့ မထင်ထားလောက်အောင် စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်မှုတွေနဲ့အတူ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်မှာ မားမားမတ်မတ် ရပ်တည်လို့ နေပါတယ်။ အခု ပွဲစဉ်(၂၅)ထိ ကစားထားပြီးချိန်မှာလည်း ကြိုးကြာက ရမှတ်(၆၀)နဲ့ အဆင့်(၁) နို့ဘူး ကတော့ ရမှတ်(၄၄)မှတ်နဲ့ အဆင့်(၄)နေရာ ရပ်တည်နေကြပြီး ဒီနှစ်သင်းကြားမှာ (၁၄)မှတ်တောင် ကွာဟနေရပါတယ်။
Photo : Opta Analyst
စိတ်ဝင်စားဖို့ကောင်းတာက ဒီရာသီမှာ ကြိုးကြာတို့ ရှုံးနိမ့်ထားတာ (၁)ပွဲတည်း ရှိသေးတာပါ။ ဒါက သစ်တောကို အန်ဖီးလ်မှာ ရှုံးခဲ့တဲ့ပွဲ ဖြစ်သလို ဒါကလည်း ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာလကတည်းက ရှုံးခဲ့တာဆိုတော့ တော်တော်လေး ကြာနေပြီလို့တောင် ဆိုနိုင်ပါတယ်။ အဝေးကွင်းမှာတော့ (၁)ပွဲမှ မရှုံးထားသေးပါဘူး။ နို့ဘူးကတော့ သူတို့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာတော့ ဆိုက်ဂိတ်နဲ့ လန်ဒန်ကြက်ဖတို့ကို ရှုံးထားခဲ့တယ်။ ကြိုးကြာရဲ့ မြို့ခံကလပ်ကိုတောင် သရေသာ ကစားထားနိုင်ခဲ့တယ်။ တစ်ခုရှိတာက နို့ဘူးရဲ့ ဒီနောက်ပိုင်း အိမ်ကွင်းရလဒ်တွေ ကောင်းမွန်နေတာပါ။ ရီးယဲလ် တစ်သင်းတည်းကလွဲပြီး ကျန်တဲ့ပွဲတွေမှာ အနိုင်ရထားခဲ့ပါတယ်။
Photo : Optus Sport Instagram
ကြားရက်မှာတော့ နို့ဘူးက မက်ဒရစ်ကိုသွားပြီး ဟာလဝါတို့နဲ့ ချန်ပီယံလိဂ်ပွဲ ကစားရဦးမှာဖြစ်လို့ ဒီပွဲရလဒ်နဲ့ နောက်တစ်ဆင့် တက်မတက်က အခုပွဲကို အကျိုးသက်ရောက်မှု ရှိလာနိုင်သလို ပွဲပန်းမှုတွေ စိတ်ဓါတ်ပိုင်းဆိုင်ရာ အားသာမှု အားနည်းမှုတွေလည်း သက်ရောက်လာနိုင်ပါတယ်။ တစ်ဖက်မှာ ကြိုးကြာကလည်း လာမယ့်လထဲမှာ အချိုရည်ဖလား ဖိုင်နယ်ပွဲ ရှိနေလို့ ဒီကြားရက်ထဲမှာပဲ ဗီလာနဲ့ ဗီလာပါ့ခ်မှာ ပွဲကြိုကစားရမှာဖြစ်လို့ ဒီပွဲရလဒ်ကလည်း နို့ဘူး နဲ့ပွဲဆီ သက်ရောက်နိုင်ပါတယ်။ ဆိုတော့ နှစ်သင်းလုံးမှာ ပွဲပန်းမှုတွေ မျှမျှတတ ရှိနေမှာဖြစ်လို့ ဘယ်အသင်းက အသာရသွားအောင် ကစားပြနိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါ။ ကျွန်တော့် တစ်ဦးတည်း အမြင်အရဆိုရင်တော့ အိမ်ရှင်နို့ဘူးတို့ မရှုံးနိုင်လောက်ဘူးလို့ ထင်မိပါတယ်။
Featured Photo : Opta Analyst