ကွီးတို့ ကြိတ်ခရက်ရှ်နေရတဲ့ ကွီးတို့ စကီလေးနဲ့ အမြန်ဆုံး နီးစပ်ချင်ပေမယ့် ဘာတွေ ဘယ်လိုလုပ်ရမယ်မှန်း မသိဖြစ်နေပါသလား။ ကွီးတို့ရဲ့ တော်ကီလည်း လိုအပ်သလို ကွီးတို့ရဲ့ ဘော်ဒီကိုလည်း ပြောင်းလဲဖို့ လိုအပ်ပါတယ်။ အဆီတွေ စုနေတဲ့ ခန္ဓာကိုယ်ဆိုရင် ဘယ်စကီလေးမှ ကြိုက်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကွီးတို့ ခန္ဓာကိုယ်ကိုလည်း ပြောင်းလဲပစ်၊ စကီလေးနဲ့လည်း အမြန်ဆုံး နီးစပ် ဖို့အတွက် အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်း များက အသင့်တော်ဆုံးပါပဲ။

လေ့ကျင့်ခန်း (၁)

man workout

Photo : HIIT Academy

ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင် အရင်ဆုံး ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို မတ်မတ်ထားလျက် နောက်ဒူးကို တစ်ဖက်ကို ကြမ်းပြင်နဲ့ ထိလုနီးပါးအထိ ကွေးပြီး ရှေ့ဒူးကို ၄၅ ဒီဂရီ ကွေးပြီး ထိုင်လိုက်ပါ။ ပြီးလျှင် လေထဲသို့ ခုန်လိုက်ပါ။ ထို့နောက် ကွီးတို့ရဲ့ နောက်ခြေကို ရှေ့သို့တင်ကာ ရှေ့ခြေကို နောက်သို့ပြန်ပို့ပြီး တစ်လှည့်စီပြုလုပ်ပါ။

လေ့ကျင့်ခန်း (၂)

man workout

Source: Menshealth

ဒီလေ့ကျင့်ခန်းကတော့ Plank ထောက်ခြင်း လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ပုံပါအတိုင်း ၁ မိနစ်ခန့် Plank ထောက်ပေးရမှာ ဖြစ်ပါတယ်။  ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ လက်မောင်းကြွက်သားများကို သန်မာလာစေပြီး ဝမ်းဗိုက်ရှိ အဆီပိုများကို ဖယ်ရှားပေးကာ ဝမ်းဗိုက်ကြွက်သားများကို သန်မာလာစေမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

နီးစပ် လေ့ကျင့်ခန်း

Source: Menshealth

ကြမ်းပြင်ပေါ်မှာ လှဲလျောင်းနေကာ အသင့်အနေအထားပြင်ပါ။ ထို့နောက် ခြေထောက်နှစ်ဖက်ကို စုံလိုက်မပြီး တဖြည်းဖြည်း တင်လိုက် ချလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။ စုစုပေါင်း အကြိမ် ၂၀၊ ၃ ကျော့ ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၄)

နီးစပ် လေ့ကျင့်ခန်း

Source: Gfycat

ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်ထက် အနည်းငယ် ချဲထားပါ။ လက်နှစ်ဖက်က အလေးပြား ကိုင်ထားပါ။ ထို့နောက် တင်ပါးကို နောက်ပစ်ပြီး Squat ထိုင်ကာ လက်နှစ်ဖက်က အရှေ့သို့ ဆန့်တန်းလိုက်ပါ။ ထို့နောက် မူလ အနေအထားအတိုင်း ပြန်နေပါ။

လေ့ကျင့်ခန်း (၅)

နီးစပ် လေ့ကျင့်ခန်း

Source: Pinterest

ဒီလေ့ကျင့်ခန်းရဲ့ နာမည်ကတော့ Swiss Ball Leg Curl ဖြစ်ပါတယ်။ ပုံပါအတိုင်း ဘောလုံးကို အရှေ့သို့ ဆွဲယူရမှာပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၆)

နီးစပ် လေ့ကျင့်ခန်း

ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ ပေါင်ကြွက်သားနှင့် ခြေသလုံးရှိ ကြွက်သားများအတွက် အထူးကောင်းမွန်ပါတယ်။ စုစုပေါင်း ၁၀ ကြိမ်​၊ ၃ ကျော့ ပြုလုပ်ပေးလိုက်ပါ။

အခုဖော်ပြသွားတဲ့ လေ့ကျင့်ခန်းများကတော့ ကွီးတို့ကို ကွီးတို့ စကီလေးနဲ့ အမြန်ဆုံး နီးစပ် သွားအောင် ကူညီပေးမယ့် လေ့ကျင့်ခန်း များပဲ ဖြစ်ပါတယ်။

ကွီးတို့ရော ကွီးတို့ စကီလေးနဲ့ အမြန်ဆုံး နီးစပ် ဖို့အတွက် ဒီ လေ့ကျင့်ခန်း များကို ပုံမှန် ပြုလုပ်ဖို့ ရယ်ဒီပဲလား။

Source: Menshealth

Featured Image: Steelsupplements