နေကာမျက်မှန် တပ်ဆင်ရခြင်းသည် ဖက်ရှင်ကျဖို့ထက် မျက်စိ ကျန်းမာရေးအတွက်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ငယ်ရွယ်စဥ်ကတည်းက မျက်စိကို ဂရုမစိုက်ရင် အသက်အရွယ်ရလာတဲ့အခါ မျက်စိ ကျန်းမာရေးက တဖြည်းဖြည်း ယိုယွင်းလာမှာ ဖြစ်ပါတယ်။ ကွီးတို့ မျက်လုံးအတွက် နေကာမျက်မှန် တစ်လက် ရွေး ဝယ်မယ်ဆိုရင်တော့ အခုဖော်ပြပေးတဲ့ အချက်များကို ထည့်သွင်းစဥ်းစားပြီးမှသာလျှင် ဝယ်ယူသင့်ပါတယ်။

UV အလင်းတန်းတွေကို ကာကွယ်နိုင်တဲ့ နေကာမျက်မှန် အမျိုးအစားမျိုး ရွေး ပါ

man with glasses

ကွာလတီကောင်းတဲ့ နေကာမျက်မှန်တစ်လက်သည် နေရာင်ခြည်မှ လာတဲ့ UV အလင်းတန်းများကို ကာကွယ်ပေးနိုင်ရမှာဖြစ်ပြီး မျက်လုံးကို သက်သောင့်သက်သာဖြစ်အောင် ကူညီပေးရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မျက်မှန်တစ်လက် ရွေးချယ်မယ်ဆိုရင် ဒီအချက်ကို အရင်ဦးဆုံး ထည့်သွင်းစဥ်းစားထားဖို့ လိုအပ်ပါတယ်။

အလင်းစုပ်ယူခြင်းကလည်း အတန်အသင့်သာရှိရပါမယ်

man with glasses

နေကာမျက်မှန်တစ်လက်ရဲ့ အလင်း စုပ်ယူနိုင်စွမ်းသည် ပတ်ဝန်းကျင် အနေအထားပေါ် မူတည်ပြီး ပြောင်းလဲသွားတတ်ပါတယ်။ မြို့ပြလို နေရာမျိုးမှာဆိုရင် ၄၀ (သို့) ၅၀ ရာခိုင်နှုန်း၊ တောင်တန်း ဒေသလို နေရာမျိုးမှာဆိုရင် ၅၀ မှ ၇၀ ရာခိုင်နှုန်း၊ ပင်လယ်နှင့် နှင်းကျသော နေရာမျိုးမှာဆို ၈၀ မှ ၈၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပါတယ်။

ဈေးကြီးတိုင်းလည်း ကွာလတီနဲ့ ပြည့်မှီတာ မဟုတ်ဘူးဆိုတာ သတိရပါ

နေကာမျက်မှန် ရွေး

နေကာမျက်မှန်တစ်လက်သည် မျက်စိနဲ့ မြင်ရတဲ့ အလင်းတန်းကို ကာပေးနိုင်ရုံသာမကဘဲ UV အလင်းတန်းများကိုပါ ကာကွယ်ပေးဖို့ တာဝန်ရှိပါတယ်။ UV အလင်းတန်းများကိုပါ ကာကွယ်ပေးနိုင်ကြောင့် ကွာလတီပြည့်မှီကြောင်းကိုပါ အတိအလင်း ကြေညာထားမှသာလျှင် ထိုမျက်မှန်မျိုးကို ရွေးချယ် ဝယ်ယူသင့်ပါတယ်။

Mirrored နဲ့ Polarized မျက်မှန်တွေက အလုံးစုံ ကာကွယ်ပေးနိုင်တာ မဟုတ်ပါဘူး

နေကာမျက်မှန် ရွေး

Mirrored မျက်မှန်တွေကတော့ မျက်စိထဲသို့ ဝင်လာတဲ့ အလင်းတန်းများရဲ့ တချို့တဝက်ကို အလင်းပြန်စေနိုင်တာကြောင့် အလင်းတန်း အရမ်းများတဲ့ ကမ်းခြေလို နေရာမျိုးကို သွားတဲ့အခါ ဝတ်ဆင်သင့်ပါတယ်။ Polarized မျက်မှန်တွေကျပြန်တော့ UV အလင်းတန်းကို တားဆီးပေးနိုင်တာမျိုး မဟုတ်ပါဘူး။ ဒါ့ကြောင့် UV အလင်းတန်းကိုပါ တားဆီးပေးတဲ့ မျက်မှန်မျိုးပါ ရွေးချယ်မယ်ဆိုရင်တော့ မျက်စိကို သက်သောင့်သက်သာ ဖြစ်စေမှာပါ။

အတုတွေ မကိုင်ပါနဲ့

နေကာမျက်မှန် ရွေး

နာမည်ကြီး ဘရန်းတွေကို တုပလုပ်ယူထားတဲ့ နေကာမျက်မှန်တွေကို ဝယ်တပ်တာထက် (လုံးဝ) နေကာမျက်မှန် မတပ်တာကတောင် ပိုကောင်းပါသေးတယ်။ ထိုအတုတွေသည် မြင်ရတဲ့ အလင်းတန်းတွေကိုတော့ ကာကွယ်နိုင်ပါရဲ့။ ဒါပေမဲ့ မျက်စိနဲ့ မမြင်ရတဲ့ UV အလင်းတန်းတွေကိုတော့ မကာကွယ်ပေးနိုင်ပါဘူး။ ကြာရင် မျက်စိကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဒီအမျိုးအစားတွေကိုတော့ မရွေးချယ်သင့်ပါဘူး။

ကွီးတို့ရော နေကာမျက်မှန် တစ်လက် ရွေး ချယ်တဲ့အခါ ဘယ်အချက်တွေကို ထည့်သွင်းစဥ်းစားလေ့ရှိပါသလဲ။

Source: Yeditepehastaneleri

Featured Image: Koalaeye