ဦးထုပ်လို့ ပြောလိုက်တာနဲ့ ကွီးတို့မျက်စိထဲမှာ ဘာကို ပြေးမြင်မိပါသလဲ။ အခုပြောပြမယ့် ဦးထုပ်ကတော့ နေပူ ထဲထွက်ရင် ဆောင်းရတဲ့ ဦးထုပ် မဟုတ်ပါဘူး။ ကွီးတို့ရဲ့ ချစ်သူ ကောင်မလေးနဲ့ အတူတူနေတဲ့အချိန်မှာ သုံးရမယ့် ဦးထုပ်ကို ဆိုလိုတာပဲဖြစ်ပါတယ်။

ယနေ့ခေတ်မှာ ပွင့်လင်းမြင်သာလာသည်နှင့်အမျှ Sex Education သည်လည်း တဖြည်းဖြည်းနဲ့ နေရာယူလာပြီပဲ ဖြစ်ပါတယ်။ သို့သော် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့ အားလျော်စွာ အနောက်နိုင်ငံများကဲ့သို့ Sex Education ကို တွင်ကျယ်စွာ မလုပ်ဆောင်နိုင်သေးတာကတော့ အမှန်တရားပါပဲ။ အရှက်အကြောက် ကြီးသူများ စုဝေးနေထိုင်ရာ အရပ်ဒေသဖြစ်တဲ့အားလျော်စွာ အကာအကွယ် ကွန်ဒုံး ဝယ်သုံးရမှာကိုလည်း ရှက်ရွံ့တတ်ကြပါတယ်။

ကွီးတို့လည်း အကာအကွယ် ဝယ်သုံးရမှာ ရှက်ကြောက်နေတယ်ဆိုရင်တော့ ထိုရှက်စိတ်ကို မြန်မြန်ဖယ်ရှားဖို့ လိုအပ်ပါလိမ့်မယ်။ နို့မဟုတ်ရင် လိင်မှတဆင့် ကူးစက်တဲ့ ရောဂါများကို ခံစားရနိုင်လို့ပါပဲ။ အကာအကွယ် အသုံးပြုပြီး လိင်ဆက်ဆံတဲ့အခါ ကွီးတို့ ရရှိခံစားရမယ့် အကျိုးကျေးဇူးများကလည်း အများအပြားပါပဲ။

လိင်မှတဆင့် ကူးစက်တဲ့ ရောဂါများမှ ကာကွယ်ပေးခြင်း

HIV/ AIDS

Photo: Freepik

ဒီအချက်ကတော့ အဓိက အရေးကြီးဆုံးပါပဲ။ Nightlife မှာ လူငယ်သဘာဝ ပျော်ပါးတာကတော့ အပြစ်မဟုတ်ပါဘူး။ သို့သော် စည်းလွတ် ဝါးလွတ် မပျော်ပါးမိဖို့တော့ လိုအပ်ပါတယ်။ ဆိုကြပါစို့ ကလပ်က တွေ့တဲ့ စကီချောချောလေးတစ်ဗွေနဲ့ One Night Stand ပြုလုပ်မယ်ဆိုရင် ကွီးတို့အတွက် ဦးထုပ်က လိုကို လိုအပ်ပါတယ်။ လတ်တလောမှာလည်း HIV/AIDS ရောဂါတွေက တစ်ခေတ်ပြန်ထနေတာမို့လို့ ကိုယ့်ရဲ့ အန္တရာယ်ကို ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါပဲ။ တစ်ခဏတာ ပျော်ရွှင်မှုကို တစ်ဘဝစာ ကျန်းမာ ပျော်ရွှင်မှုနဲ့ မလဲပစ်ချင်ပါနဲ့။

သင့်တင့်မျှတတဲ့ ဈေးဖြင့် အလွယ်တကူ ဝယ်ယူနိုင်ခြင်း

နေပူ ဦးထုပ်

ဟုတ်ပါတယ်။ ပွင့်လင်းမြင်သာတဲ့ခေတ်ကို ရောက်နေပြီဖြစ်တဲ့အတွက်ကြောင့် အကာအကွယ်ပစ္စည်းများကို Convenience Store တိုင်းမှာ အလွယ်တကူ ဝယ်ယူလို့ရနေပြီ ဖြစ်ပါတယ်။ သို့သော် တချို့အမြင်ကျဥ်းမြောင်းသူတွေလည်း ရှိနေတုန်းဖြစ်တဲ့အတွက်ကြောင့် သင့်အရှေ့မှာတော့ ဘာမှပြောမှာမဟုတ်ပေမယ့် သင့် ကွယ်ရာမှာဆိုရင်တော့ အတင်းတုပ်တော့မှာပါ။ ဒါပေမဲ့ ကိုယ့် ပိုက်ဆံနဲ့ ကိုယ်ဝယ်ပြီး ကိုယ့်တာဝန် ကိုယ်ယူတာဖြစ်တဲ့အတွက်ကြောင့် ထိုကဲ့သို့ အမြင်ကျဥ်းမြောင်းသူတွေကို လျစ်လျူရှုထားလိုက်ပါ။ မတော်လို့ ကိုယ့်မှာ ရောဂါတစ်ခုခု ဖြစ်ခဲ့သော် (သို့) ကိုယ့်ကောင်မလေးမှာ မလိုချင်ဘဲနဲ့ ကိုယ်ဝန်ရသွားတဲ့အခါ မွေးလာတဲ့ကလေးကို မိဘဝတ္တရားကျေပွန်အောင် ထမ်းဆောင်ပေးရမှာက ကွီးတို့ တာဝန်ပဲဖြစ်ပါတယ်။ စောစောက အတင်းအဖျင်းပြောသူ၊ Sex Education အကြောင်း နားမလည်တဲ့ အမြင်ကျဥ်းမြောင်းသူတွေ မဟုတ်ပါဘူး။

ကလေးယူဖို့ အဆင်သင့်မဖြစ်သေးတဲ့ စုံတွဲများအတွက် အဆင်ပြေခြင်း

နေပူ ဦးထုပ်

ဒီအချက်ကတော့ စောစောက ပြောခဲ့သလိုပါပဲ။ လိင်ဆက်ဆံနေချိန်အတွင်းမှာ အထွဋ်အထိပ်ခံစားချက်ကို အရှိန်မလျော့ချင်ဘူး၊ အထဲမှာ ပြီးသွားမှာကိုလည်း စိတ်ပူစရာမလိုတဲ့အတွက်ကြောင့် ကလေးယူဖို့ အဆင်သင့်မဖြစ်သေးတဲ့ စုံတွဲများအတွက် အဆင်ပြေတဲ့ အကာအကွယ်ပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်တားနည်းအနေနဲ့ကတော့ အမျိုးသမီးအတွက် ၃ လခံ (သို့) ၆ လခံ တားဆေး၊ ထိုးဆေးများရှိပြီး သောက်ဆေးများလည်း ရှိပါတယ်။ ဒါပေမဲ့ ကွီးတို့ရဲ့ အိမ်ထောင်ဖက်က ထိုနည်းကို အသုံးမပြုချင်ဘူးဆိုရင်တော့ နေပူ ထဲ မသွားလည်း ဦးထုပ် ဆောင်းရမှာပဲ ဖြစ်ပါတယ်။

ကွီးတို့အနေနဲ့ အထက်ဖော်ပြပါ အကျိုးကျေးဇူးများကို ခံစားချင်တယ်ဆိုရင်တော့ နေပူ ထဲ မသွားလည်း ဦးထုပ် ဆောင်းပေးဖို့ လိုအပ်ပါတယ်။

Featured Image: Freepik