နည်းပညာဟာ ကျွန်တော်တို့ နေ့စဉ်ဘဝထဲမှာ အများကြီး နေရာယူလာပါတယ်။ နည်းပညာကို အခြေခံထားတဲ့ နေ့စဉ်သုံး ပစ္စည်းတွေ ဟာဆိုရင်လည်း တစ်နေ့ထက်တစ်နေ့ အသစ်သစ်တွေ ထွက်ပေါ်လာနေပြီး ကျွန်တော်တို့ လူသားတွေရဲ့ နေ့စဉ်ဘဝကို ပိုမိုလွယ်ကူအဆင်ပြေစေဖို့အတွက် အများကြီး အထောက်အပံ့ပေးနေပါတယ်။ ဒီတစ်ခေါက်မှာတော့ နည်းပညာပစ္စည်းတွေကို စိတ်ဝင်စားတဲ့ ကွီးတို့အတွက် အမိုက်စား နေ့စဉ်သုံး နည်းပညာမြင့် Gadgets အချို့ကို ပြောပြပေးချင်ပါတယ်။

(၁) စမတ်ဖုန်း သန့်စင်စက်

Photo : HuffPost

ကျွန်တော်တို့ နေ့စဉ်သုံး နေတဲ့ စမတ်ဖုန်းတွေဟာ အိမ်သာခုံထက် ၁၀ ဆ နီးပါး ဘက်တီးရီးယားပိုးမွှားတွေ ကပ်ညှိနေနိုင်တယ်ဆိုတာ ကွီးတို့သိပြီးပြီလား။ ဟုတ်ပါတယ် ကျွန်တော်တို့ရဲ့ ဖုန်းတွေဟာ နေရာစုံကိုယ်တွယ်ထားတဲ့ လက်တွေကနေတဆင့် ဘက်တီးရီးယားပိုးမွှား ကပ်ညှိလာနေတာ ဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်တို့ရဲ့ ဖုန်းတွေကို သန့်စင်ပေးနိုင်မယ့် Phone Sanitizer စက်တစ်လုံးတော့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒီ စမတ်ဖုန်း သန့်စင်စက် ဟာဆိုရင် UV အလင်းတန်းကို အသုံးပြုပြီး ဘက်တီးရီးယားပိုးမွှားတွေကို ၉၉.၉ ရာခိုင်နှုန်းအထိ သန့်စင်ပေးနိုင်ပါတယ်။

(၂) မှော်ပန်းအိုး

Photo : G For Gadget

ဒါကတော့ အိမ်တွင်းအလှဆင် ဝါသနာပါသူတွေနဲ့ အပင်ချစ်သူတွေ ဝယ်ထားသင့်တဲ့ နည်းပညာမြင့် ပန်းအိုးလေးတစ်လုံးပါ။ ဒီပန်းအိုးလေးကို မှော်ပန်းအိုးလို့ နာမည်ပေးထားပါတယ်။ အကြောင်းကတော့ ပန်းအိုးဟာ အောက်ခံအပြားကနေ မြှောက်တက်နေပြီး လေပေါ်မှာ ပျံနေတဲ့အတွက်ကြောင့်ပါ။ ကွီးတို့နှစ်သက်ရာ အိမ်တွင်းအပင်လေးတွေ ထည့်စိုက်ပျိုးနိုင်ပြီး မှော်ပန်းအိုးလေးက အိမ်တစ်အိမ်ရဲ့ ဧည့်ခန်းအလှကို ပိုမိုပြီးပြည့်စုံသွားစေဖို့ ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

(၃) အလေအလွင့်မဲ့ မှတ်စုစာအုပ်

Photo : Brightside

စက္ကူတွေကို မလိုအပ်ပဲ အကန့်အသတ်မရှိ အသုံးပြုနေခြင်းဟာ သစ်ပင်တွေကို ဖျက်စီးရာရောက်ပြီး တနည်းအားဖြင့် ကမ္ဘာမြေကြီးရဲ့ ကျန်းမာရေးကို ဆိုးရွာစွာ ထိခိုက်နေစေပါတယ်။ ဒီလို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနေကို လျော့ချဖို့အတွက် အကောင်းဆုံး အဖြေကတော့ နည်းပညာမြင့် အလေအလွင့်မဲ့ မှတ်စုစာအုပ် ပြောင်းသုံးဖို့ပဲ ဖြစ်ပါတယ်။ AI နည်းပညာကို အသုံးပြုထားတဲ့ ဒီမှတ်စုစာအုပ်ဟာ ကွီးတို့နေ့စဉ်ဘဝထဲက အရေးကြီးတဲ့အကြောင်းအရာတွေကိုအလွယ်တကူ ရေးမှတ်နိုင်သလို မှတ်သားထားသမျှကိုလည်း ပုဝါလေးနဲ့ ပွတ်ကာ အလွယ်ပြန်ဖျက်နိုင်ပြီး စက္ကူတွေအလေအလွင့်မရှိစေပဲ အဆုံးမဲ့ မှတ်စုစာအုပ် တစ်အုပ်အဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

(၄) ခြေရာခံစက်

Photo : The New York Times

အိမ်သော့ ၊ ကားသော့တွေ ခဏခဏ အထားမှားလို့ ခေါင်းရှုပ်နေရရင်တော့ Bluetooth ခြေရာခံစက်လေးတစ်ခုသာ ဆောင်ထားလိုက်ပါ။ ဒီ Bluetooth Trackers လေးနဲ့ တွဲချိတ်ထားတဲ့ သော့တွေ ၊ ပစ္စည်းတွေကအစ နောက်ဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေအဆုံး အရာအားလုံးကို ဖုန်းကနေတဆင့် အလွယ်တကူ တည်နေရာ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

(၅) နည်းပညာမြင့် အမှိုက်ပုံး


Photo : Digital Trends

Smart ကျတဲ့နေထိုင်မှုပုံစံအတွက် Smart ဖြစ်တဲ့ နေစဉ်သုံး အိမ်သုံးပစ္စည်းတွေက မရှိမဖြစ် လိုပါတယ်။ ဒီထဲမှာ နည်းပညာမြင့် အမှိုက်ပုံးကလည်း အိမ်ရှင်မတွေ အကြိုက်တွေ့ရတဲ့ Gadgets တွေထဲက တစ်ခုဖြစ်လာပါတယ်။ နည်းပညာမြင့် အမှိုက်ပုံးဟာဆိုရင် Stainless Steel နဲ့ဖန်တီးပြုလုပ်ထားပြီး အသံစနစ်နဲ့ အဖွင့်/ အပိတ် လုပ်နိုင်မှာဖြစ်သလို Fingerprint လည်း ပါဝင်မှာ ဖြစ်ပါတယ်။

အထက်ဖော်ပြပါ နေ့စဉ်သုံး နည်းပညာမြင့် ပစ္စည်းတွေအားလုံးကို Amazon ကနေတဆင့် ဝယ်ယူလို့ရပါတယ်။ ‌

Featured Photo : GQ