နေ့စဉ်ပုံမှန် လေ့ကျင့်ခန်း လုပ်တာဟာ ကိုယ်အလေးချိန် လျှောချဖို့ ဒါမှမဟုတ် ကြွက်သားတည်ဆောက်ဖို့အတွက် အထောက်အကူ ဖြစ်စေတယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်မယ်ထင်ပါတယ်။ ဒါပေမယ့် လူတော်တော်များများကတော့ လိုချင်တဲ့ Goals ကို မြန်မြန်ဆန်ဆန် ရောက်ချင်စောနဲ့ လိုအပ်တာထက်ပိုပြီး ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်တက်ကြပါတယ်။
Photo : NASM Blog
တကယ်တော့ ကျန်းမာကြံ့ခိုင်ဖို့အတွက် လေ့ကျင့်ခန်းလုပ်ရာမှာ Rest And Recovery ဆိုတဲ့ Periods ၂ ခု ရှိတာကို မေ့ထားလို့ မရပါဘူး။ နားလည်လွယ်အောင် ပြောရရင် အလေးတုံးတွေ ၊ လေ့ကျင့်ခန်း စက်ကိရိယာတွေနဲ့ ကစားလိုက်တဲ့ အချိန်အတောအတွင်းမှာ ကွီးတို့ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားအစိတ်အပိုင်းတွေဟာ ပြိုကွဲပျက်စီးသွားတာပါ။
ဒီလိုပြိုကွဲသွားတဲ့ ကြွက်သားတွေကို Diet ဆိုတဲ့ အစားအသောက်ပိုင်းတွေ ၊ Resting ဆိုတဲ့ အနားယူခြင်းနဲ့ ကောင်းကောင်း Recover ဖြစ်စေမှသာ ကြွက်သားအသစ်တွေ ပြန်လည်ဖွံ့ဖြိုးကြီးထွားလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်သူတွေ ၊ အားကစားသမားတွေအနေနဲ့ အနားယူရက် Rest Days ယူဖို့ဟာ အင်မတန်အရေးကြီးတာ ဖြစ်ပါတယ်။
စနစ်တကျ ရေးဆွဲထားတဲ့ လေ့ကျင့်ခန်း Training Program တစ်ခုမှာ Rest And Recovery ၂ ခုလုံးဟာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်နေတာ ဖြစ်ပါတယ်။ Workouts လုပ်တဲ့အခါမှာ လေ့ကျင့်ခန်းတစ်ခုနဲ့ တစ်ခုကြား မိနစ်အနည်းငယ်ခန့် ခြားပြီး ကစားသင့်သလို ပြင်းထန်တဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကို လုပ်ဆောင်ပြီးချိန်မှာ ကြွက်သားတွေ ကောင်းကောင်း ပြန်လည်အနားရစေဖို့ တစ်ပတ်လျှင် အနည်းဆုံး ၂၄ နာရီခန့် အနားယူပေးသင့်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။
Photo : Muscle & Fitness
ဒီလိုလုံလောက်စွာ အနားယူပေးခြင်းဟာ Overtraining Syndrome သို့မဟုတ် လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ခံစားရတဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို တားဆီးကာကွယ်ပေးမှာပဲ ဖြစ်ပါတယ်။ အမှန်တကယ်မှာ လေ့ကျင့်ခန်းအလွန်အကျွံ လုပ်ဆောင်တာဟာ ရလဒ်တိုးတက်မှုကို နှေးကွေးစေရုံသာမက လေ့ကျင့်ခန်း စွမ်းဆောင်ရည်ကိုလည်း ကျဆင်းစေနိုင်ပါတယ်။
လေ့ကျင့်ခန်းအလွန်အကျွံ လုပ်ဆောင်ခြင်းဟာ ဟော်မုန်းမညီမျှမှု ၊ စိတ်ဓာတ်ကျခြင်း ၊ စိတ်ဖိစီးမှုများခြင်း ၊ ပင်ပန်းနွမ်းနယ်ခြင်းတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်စေတက်ပြီး မှားယွင်းတဲ့ ခန္ဓာကိုယ်ဇီဝဖြစ်ပျက်မှုတွေကြောင့် ကိုယ်အလေးချိန်ကျဖို့ ခဲယဉ်းတာ ၊ ကြွက်သားအတက်နှေးတာတွေ ဖြစ်စေတက်ပါတယ်။
ဒါကြောင့် လိုချင်တဲ့ ပန်းတိုင်ကို မြန်မြန်ရောက်ချင်စိတ်နဲ့ နေ့တိုင်းလေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ဆောင်တာထက် Training Program အတိုင်း မှန်ကန်တဲ့ လေ့ကျင့်ခန်းတွေကို စနစ်တကျ လုပ်ဆောင်ပြီး လေ့ကျင့်ခန်းလုပ်နေစဉ်မှာ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို နာရီပိုင်းအတွင်း ပြန်လည်ဖြည့်တင်းမယ် ၊ အစာအာဟာရ ပြည့်စုံမျှတအောင်စားမယ် ၊ ကောင်းစွာအနားယူမယ်ဆိုရင် သတ်မှတ်ထားတဲ့ ပျှမ်းမျှအချိန်အတောအတွင်းမှာ ကွီးတို့လိုချင်တဲ့ Body Goals ကို ရရှိစေမှာ ဖြစ်ပါတယ်။
Featured Photo : The Fitness Maverick