‌တစ်ညတာ အိပ်စက်အနားယူပြီး နိုးထလာတဲ့ နေ့တစ်နေ့ရဲ့ အစက လူတစ်ယောက်အတွက် အမှန်တကယ် အရေးကြီးပါတယ်။ မနက်ခင်းကို ကောင်းမွန်စွာ စတင်ခြင်းဖြင့် ကွီးတို့အနေနဲ့ တစ်နေ့တာလုံးအတွက် စိတ်ကို ကြည်လင်စေပါတယ်၊ အင်အားပြည့်စေပါတယ်၊ ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းမွန်စေပါတယ်၊ ကိုယ်အလေးချိန်ကို ကျစေပါတယ်၊ ဇီဝကမ္မဖြစ်ပျက်မှုကို တိုးတတ်စေပါတဲ့အပြင် လိင်ပိုင်းဆိုင်ရာ စွမ်းရည်ကို တိုးတက်ကောင်းမွန်စေတယ် စတဲ့များပြားလှတဲ့ အကျိုးတွေကို ရရှိစေပါတယ်။ ဒီလိုမျိုး ကောင်းကျိုးတွေနဲ့ ပြည့်စုံစေဖို့ နေ့သစ်တစ်ခုကို စတင် ဖို့အတွက် လိုအပ်တဲ့ အရာကတော့ တစ်ခုတည်းပါပဲ။ ဒါကတော့ မနက်ခင်း လေ့ကျင့်ခန်း လုပ်ခြင်းပါပဲ။ ဒါကြောင့် ကွီးတို့ကို နေ့သစ်တစ်ခုကို စတင် ရာ မနက်ပိုင်းမှာ လုပ်နိုင်တဲ့ လေ့ကျင့်ခန်းများကို ဝေမျှပေးချင်ပါတယ်။

လမ်းလျှောက်ခြင်း

နေ့သစ်တစ်ခုကို စတင်

Photo : The New York Time

ကွီးတို့ရေ နေ့သစ်တစ်ခုကို အကောင်းမွန်ဆုံး စတင် ဖို့ဆိုရင် မနက်ခင်းမှာ လမ်းလျှောက်လေ့ကျင့်ခန်း လုပ်တာလည်း စိတ်ကူးကောင်းပါပဲ။ ဒါပေမဲ့ အေးဆေးဆေးဆေး လမ်းလျှောက်ခြင်းကတော့ သိပ်ပြီး ထူးခြားမှာမဟုတ်ပါဘူး။ လျင်လျင်မြန်မြန်နဲ့ သွက်သွက်လက်လက် အားစိုက်ပြီး လျှောက်ဖို့လိုပါတယ်။ မြန်မြန်လမ်းလျှောက်လေ၊ ပိုဝေးဝေးလမ်းလျှောက်လေလေ သို့မဟုတ် မကြာခဏ လမ်းလျှောက်လေလေ၊ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများလေလေပါပဲ။ တစ်မနက်ကို လမ်းလျှောက်ဖို့ အနည်းဆုံး နာရီဝက်ခန့် အချိန်ပေးပါ။

Zumba

နေ့သစ်တစ်ခုကို စတင်

Photo : Travel.Earth

ကွီးတို့ရေ မနက်ခင်းကို ပေါ့ပေါ့ပါးပါးနဲ့ သွက်သွက်လက်လက်နဲ့ ချွေးထွက်များတဲ့ လေ့ကျင့်ခန်းနဲ့ စချင်တယ်ဆိုရင်တော့ Zumba ရှိပါတယ်။ Zumba ရဲ့ စည်းချက်ကျကျ အကများဖြင့် ကွီးတို့ရဲ့နှလုံးကို ချွေးထွက်စေမဲ့အစား၊ Zumba ရဲ့ စည်းချက်အတိုင်း ကွီးတို့အတွက် သက်တောင့်သက်သာ အနေအထားအတိုင်း တောက်ပနေတဲ့ နေရောင်နဲ့ ခန္ဓာကိုယ်ကို လှုပ်ရှားနေလိုက်ပါ။

ယောဂလေ့ကျင့်ခန်းများ

နေ့သစ်တစ်ခုကို စတင်

Photo : Men’s Journal

ယောဂက ကွီးတို့ရဲ့ စိတ်နဲ့ ခန္ဓာကိုယ် ကို ထိန်းချုပ်နိုင်တဲ့ လေ့ကျင့်ခန်းထက်ပိုတဲ့ အနုပညာလို့ ပြောလို့ရပါတယ်။ နေထွက်ချိန်မှာ ယောဂလေ့ကျင့်တာက မနက်စောစောမှာ ကွီးတို့ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပြီး စိတ်ဖိစီးမှုဟော်မုန်းတွေကို ပြေလျော့စေပါတယ်။ ဒါ့အပြင် ကွီးတို့အား ပိုမို ပျော်ရွှင်စေသော ဟော်မုန်းများကို ထုတ်လွှတ်ပေးပြီး တစ်နေ့တာလုံး လန်းဆန်းတက်ကြွစေပါသည်။ ဒါ့အပြင် ယောဂက ကွီးတို့ရဲ့ အာရုံစူးစိုက်နိုင်စွမ်းနဲ့ ခံနိုင်ရည်အား မြှင့်တင်ပေးနိုင်ပါတယ်။

ကြိုးခုန်ခြင်း

morning exercise

Photo : Men’s Health

ကွီးတို့ရဲ့ နေ့သစ်တစ်ခုကို စတင် ရာမှာ တတ်တတ်ကြွကြွဖို့ ဒါမှမဟုတ် ကယ်လိုရီများများ လောင်ကျွမ်းစေဖို့ လေ့ကျင့်ခန်း လုပ်ချင်ရင် ကြိုးခုန်တာကို ပြုလုပ်လို့ရပါတယ်။ ကြိုးခုန်ခြင်းက ကွီးတို့ရဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေရုံသာမက အရိုးသိပ်သည်းဆကို ပိုမိုမြင့်မားစေပြီး ကွီးတို့ရဲ့ ခြေထောက်များကို ပိုမိုသန်မာလာစေပါတယ်။ ဒါ့အပြင် ကွီးတို့ရဲ့ နှလုံးကိုလည်း ပိုမိုသန်မာစေပါတယ်။ ကြိုးခုန်ခြင်းက တစ်နာရီလျှင် ကယ်လိုရီ ၆၀၀ ခန့်လောင်ကျွမ်းစေပါတယ်လို့ ဆိုပါတယ်။

Squats

morning exercise

Photo : Axial Chairs

မနက်ခင်းမှာ Squats ကို ပုံမှန်ပြုလုပ်ခြင်းဖြင့် ကွီးတို့ရဲ့ ခြေထောက်များကို သန်မာစေပြီး တင်ပါးနဲ့နောက်ကျော ကြွက်သားများကို အားကောင်းစေပါတယ်။ Squat လုပ်ခြင်းထက် ခန္ဓာကိုယ်အောက်ပိုင်းကို အားကောင်းစေတဲ့ ပိုကောင်းတဲ့ လေ့ကျင့်ခန်း မရှိပါဘူး။ ဒါ့အပြင် ဒီလေ့ကျင့်ခန်း ကွီးတို့ရဲ့ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။ ဒါ့အပြင် ကိုယ်ခံအားစနစ်ကို မြှင့်တင်နိုင်ဖို့ ပုံမှန် ပြုလုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းများထဲက တစ်ခုဆိုလည်း မမှားပါဘူး။

ကွီးတို့ရော မနက်ခင်းတိုင်းကို ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီး အကောင်းမွန်ဆုံး စတင်ဖြစ်ပါသလား။ အချိန်မဆွဲဘဲ အကျိုးများဖို့ အခုပဲစလိုက်တော့ဗျာ။

Source : Decathlon Blog

Featured Photo : The Healthy