ပူအိုက်တဲ့ နွေရာသီမှာ နေ့အပူချိန်ကို အံတုပြီး ဖက်ရှင် ကျကျ ဝတ်စားဆင်ယင်ဖို့ဆိုတာ လွယ်ကူတဲ့ အရာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် အခုလို အပူလှိုင်း ဖြတ်တဲ့အချိန်မှာ ပိုလို့တောင် ဆိုးပါသေးတယ်။ နေ ကလည်း ပူ ဒီကြားထဲကမှ ရွေးချယ်လိုက်တဲ့ အဝတ်အစားက ဖက်ရှင်တော့ ကျပါရဲ့၊ သက်သောင့်သက်သာမဖြစ်ဘူးဆိုရင် ချွေးတဒီးဒီးကျပြီး စိတ်ဆင်းရဲရမှာ အမှန်ပါပဲ။ ဒါ့ကြောင့် နွေ နေပူ မှာ ဖက်ရှင်ကျဖို့အတွက်ဆိုရင် အခုဖော်ပြမယ့် အချက်များကို သိထားသင့်ပါတယ်။

ချည်သား အင်္ကျီများကို ရွေးချယ်ပါ

ချည်သား အင်္ကျီများ

နွေရာသီနဲ့ ချည်သား အင်္ကျီတွေဆိုတာ ခွဲမရတဲ့ အတွဲအစပ်တစ်ခုပဲဖြစ်ပါတယ်။ ချည်သား အင်္ကျီလေးတွေက လေဝင်လေထွက်ကောင်းပြီး အသက်ရှူချောင်တာကြောင့် နွေရာသီမှာ ဝတ်ဆင်သင့်တဲ့ ဖက်ရှင် တစ်ခုပဲဖြစ်ပါတယ်။

ချည်သား အင်္ကျီတွေ ဝတ်မယ်ဆိုရင် အင်္ကျီကြယ်သီးကို အပြည့်မတပ်ဘဲ အနည်းငယ် ဟထားခြင်းက ဆွဲဆောင်မှု ပိုတိုးစေပါတယ်။ အထူးသဖြင့် ကွီးတို့မှာ ရင်အုပ်ကြွက်သားနဲ့ တောင့်တောင့်တင်းတင်းရှိတယ်ဆိုရင် ပိုပြီးဆွဲဆောင်မှုရှိတာအမှန်ပါပဲ။

ဘောင်းဘီတိုတွေကလည်း နွေရာသီနဲ့ လိုက်ဖက်ပါတယ်

ဘောင်းဘီတို

ဘောင်းဘီတိုရွေးဝယ်တဲ့အခါမှာလည်း အမျိုးအစားတစ်မျိုးတည်းကို နှစ်ထည်၊ သုံးထည်ရွေးဝယ်တာထက်စာရင် ဂျင်းဘောင်းဘီတို တစ်ထည်၊ အားကစားဘောင်းဘီအတို တစ်ထည်၊ စတိုင်လ်ဘောင်းဘီအတိုတစ်ထည်၊ ချည်သားဘောင်းဘီအတိုတစ်ထည် စသည်ဖြင့် အမျိုးအစားမတူတာ ရွေးဝယ်ပါ။

ဂျင်းဂျက်ကတ်တွေကို ခဏ မေ့ထားပါ

နေ ပူ

နွေရာသီက ပူအိုက်လွန်းလှတဲ့အတွက်ကြောင့် ဂျင်းဂျက်ကတ်က ကွီးတို့ကို ပိုပူအိုက်စေမှာပါ။ ဂျက်ကတ် ထပ်ဝတ်မယ့်အစား တီရှပ်တစ်ထည်နဲ့တင် ကျေနပ်လိုက်ပါ။ ဂျင်းဂျက်ကတ်မှ မဟုတ်ပါဘူး။ တခြား ဂျက်ကတ်တွေကိုလည်း ခဏလောက် ခေါက်ထားတာ အကောင်းဆုံးပါပဲ။

နွေရာသီမှာ အရောင် ရွေးချယ်မှုကလည်း အဓိက ကျပါတယ်

နေ ပူ

နွေ နေ ပူ မှာ အင်္ကျီအကြပ်တွေ ဝတ်မယ့်အစား ချောင်ချောင်ချိချိ ပွပွယောင်းယောင်းနဲ့ လေဝင်လေထွက်ကောင်းမယ့် အင်္ကျီအဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ အမဲရောင်လို အပူစုပ်တဲ့အရောင်ရင့်တွေ ဝတ်မယ့်အစား အရောင်နုတွေ ဝတ်ဆင်ခြင်းကလည်း အအိုက်သက်သာအောင် ကူညီပေးပါတယ်။

အရောင်နု ဝတ်ဆင်တဲ့အခါ သိထားသင့်တဲ့ အရေးကြီးဆုံး အချက်

နေ ပူ

အရောင်နုဝတ်ဆင်တဲ့အခါမှာ စည်းမျဉ်းတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ အပေါ် အောက် ဖက်ရှင်အရောင်ကို အဖျော့ချည်းပဲ မဝတ်ဆင်သင့်တာပါ။ အပေါ်ကို အရောင်ဖျော့ဝတ်ရင်၊ ဘောင်းဘီကို အရောင်နုဝတ်ဆင်ရမှာပါ။ တကယ်လို့ အပေါ်အောက်ကို အရောင်တူဝတ်မယ်ဆိုရင်တော့ ညအိပ်ဝတ်စုံနဲ့ ဆင်တင်တင်ဖြစ်သွားတတ်ပါတယ်။ ဒီတစ်ချက်ကိုတော့ သတိပြုစေချင်ပါတယ်။

ကွီးတို့ရော နွေရာသီမှာ ဘယ်လိုမျိုး ဖက်ရှင်ကို ရွေးချယ် ဝတ်ဆင်မိနေပြီလဲ။ ဖက်ရှင်ကျပြီး အပူသက်သာတဲ့ အဝတ်အစားမျိုးကို ဝတ်ဆင်ဖို့ မမေ့ပါနဲ့။

Source: Fashionbeans

Featured Image: Regalgentleman