နွေ မိုး ဆောင်း ဥတုသုံးမျိုး ရှိသလိုပဲ ဖက်ရှင် အဝတ်အစားများကိုလည်း ရာသီဥတုနဲ့ လိုက်ဖက်အောင် ဝတ်စားဆင်ယင်သင့်ပါတယ်။ နွေရာသီဆိုရင် ပူအိုက်တဲ့ ဒဏ် သက်သာအောင် လေဝင်လေထွက်ကောင်းပြီး သက်သာချောင်ချိတဲ့ အဝတ်အစားများကို ဝတ်ဆင်သင့်ပါတယ်။ နွေရာသီနဲ့ မလိုက်ဖက်တဲ့ အဝတ်အစားများ ဝတ်ဆင်မိလို့ကတော့ ချွေးတဒီးဒီးနဲ့ ပူလောင်အိုက်စက်နေမှာ အမှန်ပါပဲ။

နွေ ရာသီမှာ ဖက်ရှင် မိမိုက်နေဖို့နဲ့ အပူဒဏ်ကို အံတုဖို့ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဖက်ရှင်ဒီဇိုင်းမျိုးကို ရှောင်ကြဥ်တာ အကောင်းဆုံးပါပဲ။

ကြိုးသိုင်းဖိနပ်ကို ခြေအိတ်နဲ့ တွဲဖက်ဝတ်ဆင်ခြင်း

ခြေအိတ်

ကြိုးသိုင်းဖိနပ်ကို ခြေအိတ်နဲ့ တွဲဝတ်လိုက်မယ်ဆိုရင်တော့ ကြောင်စီစီနိုင်မှာ အမှန်ပါပဲ။ ဒါ့အပြင် ခြေအိတ် ဝတ်ထားတဲ့ ဒဏ်ကြောင့် ချွေးတဒီးဒီး ကျလာမယ့်အပြင် နွေရာသီရဲ့ အပူပါ ထပ်ပေါင်းလိုက်ရင်တော့ ငရဲမီးလို ပူလောင်အိုက်စက်နေမှာပါပဲ။

ရောင်စုံ ဘောင်းဘီ ဖက်ရှင်

နွေ ဖက်ရှင်

ဘောင်းဘီတို ဖက်ရှင်ကတော့ နွေရာသီနဲ့ လိုက်ဖက်ပါတယ်။ ဒါပေမဲ့ အရောင် ရွေးချယ်မှုလည်း လိုအပ်ပါသေးတယ်။ အရောင် တစ်ရောင်တည်းရှိတဲ့ ဘောင်းဘီမျိုးကို ဝတ်ဆင်သင့်ပါတယ်။ ရောင်စုံ ဘောင်းဘီကြီးကို ဝတ်ဆင်မယ်ဆိုရင်တော့ နေက ပူရတဲ့ကြားထဲ အရောင်ကလည်း ရှုပ်ယှက်ခတ်ပြီး မျက်စိနောက်နေမှာပါ။

မိုးတွင်းစီးဖိနပ်များ

နွေ ဖက်ရှင်

ဒီဖိနပ်တွေကတော့ အရေးပေါ်ခန်းက ဆရာဝန်တွေ၊ တနေကုန် ပြေးလွှားနေရ၊ မတ်တပ်ရပ်နေရတဲ့ ဆရာဝန်တွေအတွက်တော့ သက်သောင့်သက်သာဖြစ်စေပါတယ်။ ဒါပေမဲ့ ကွီးတို့သာ စီးမယ်ဆိုရင်တော့ ကွီးတို့ဖက်ရှင်က ဘယ်လိုမှ ကြည့်လို့ အဆင်ပြေမှာ မဟုတ်ပါဘူး။

အားကစား စွပ်ကျယ်များ

နွေ ဖက်ရှင်

ကွီးတို့ အားပေးတဲ့ ဘောလုံးအသင်း၊ ဒါမှမဟုတ် ဘက်စကပ်ဘောအသင်းကို အားပေးဖို့ မသွားသရွေ့တော့ ဒီဖက်ရှင်မျိုးကို မဝတ်ဆင်သင့်ပါဘူး။ ဒီဖက်ရှင်တွေက လက်ပြတ်စွပ်ကျယ်နဲ့ အေးမယ့် ပုံတော့ ပေါက်ပါတယ်။ သို့သော် တကယ်တမ်းကျတော့ ကွီးတို့ရဲ့ ဖက်ရှင်ကို ကြည့်မကောင်းစေတာ အမှန်ပါပဲ။

ဂျင်းအပြဲဖက်ရှင်

နွေ ဖက်ရှင်

ဒီဖက်ရှင်ကတော့ ယောင်လို့တောင် မဝတ်မိပါစေနဲ့။ ကွီးတို့က အောက်ပိုင်းထိုင်ထားလို့ ခြေထောက်ကြွက်သားတွေ ကျစ်ကျစ်လျစ်လျစ်ဖြစ်ကြောင်းကို ကြွားချင်လို့ ဝတ်တာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ရှော်တီလေးတွေက ကွီးတို့ရဲ့ ခြေထောက်ကြွက်သားတွေကို ဘောင်းဘီအပေါက်အပြဲတွေကနေတဆင့် မမြင်ချင်တာတော့ အမှန်ပါပဲ။

ကွီးတို့ရော နွေရာသီမှာ ဘယ်လိုဖက်ရှင်တွေကို တလွဲတွေ ဝတ်ဆင်မိနေသလဲဆိုတာ သိကြရဲ့လား။

Source: Menshealth

Featured Image: Hellomagazine