သင်္ကြန် မှာ ဖက်ရှင် ကျကျ ကဲဖို့ ရယ်ဒီဖြစ်နေကြပြီလားဗျို့။ တချို့ကတော့ အပီအပြင်ကဲဖို့ ရယ်ဒီဖြစ်နေကြပေမယ့် တချို့ကတော့ ဘယ်လို ဖက်ရှင်နဲ့ ရှိုးထုတ်ရမလဲဆိုတာကို အခုချိန်ထိ စဥ်းစားရခက်နေတုန်းပါပဲ။

သင်္ကြန် မှာ ဘယ်လို ဖက်ရှင် နဲ့ ရှိုးထုတ်ရမယ်မှန်း မသိတဲ့ ကွီးတို့အတွက် အခုဖော်ပြပေးမယ့် ဖက်ရှင် Tips များကို နည်းနမူနာ ယူနိုင်ပါတယ်။

ရှပ်အပွနှင့် ဘောင်းဘီတိုဖက်ရှင်

fashion for men

ဒီဖက်ရှင်လေးကတော့ ပူပြင်းတဲ့ ဧပြီလလိုအချိန်၊ သင်္ကြန်အချိန်မှာ ရှိုးထုတ်လို့ကောင်းတဲ့ ဖက်ရှင်တစ်မျိုးပဲ ဖြစ်ပါတယ်။ ကွင်းထိုးဖိနပ် (သို့) ကြိုးသိုင်းဖိနပ် ဝတ်လိုက်မယ်ဆိုရင်တော့ ပေါ့ပါး လွတ်လပ်တဲ့ ဖက်ရှင်စတိုင်လ်မျိုး ရရှိမှာပဲဖြစ်ပါတယ်။

တီရှပ်အစင်းကျားနှင့် ဘောင်းဘီရှည်ဖက်ရှင်

fashion for men

ဒီဖက်ရှင်လေးကတော့ ကွီးတို့ကို လူငယ်ဆန်ဆန်နဲ့ မိမိုက်နေစေမှာပဲ ဖြစ်ပါတယ်။ ဘောင်းဘီအရှည် မကြိုက်ဘူးဆိုရင်တော့ ဘောင်းဘီတိုနဲ့ တွဲဝတ်လို့လည်း ရပါသေးတယ်။

တီရှပ်အစင်းနှင့် ဘောင်းဘီတို ဖက်ရှင်

fashion for men

လူငယ်ဆန်ဆန် ဝတ်ချင်တဲ့ ကွီးတို့က ရှပ်အင်္ကျီကို အပေါ် ကြယ်သီး နှစ်လုံးလောက် ဖြုတ်ပြီး ဝတ်ဆင်နိုင်ပါတယ်။ လူကြီးဆန်ဆန် ဝတ်ချင်တယ်ဆိုရင်တော့ ပုံထဲကလို ရှိုးထုတ်နိုင်ပါတယ်။

ပေါ့ပေါ့ပါးပါး ဖက်ရှင်

သင်္ကြန် ဖက်ရှင်

ဒီဖက်ရှင်ကလည်း ကွီးတို့ကို လူငယ်ဆန်ဆန်နဲ့ ကြည့်ကောင်းနေစေမှာပဲ ဖြစ်ပါတယ်။ ဘောင်းဘီကတော့ နွေရာသီဖြစ်တဲ့အလျောက် ဘောင်းဘီအထူတွေ မဝတ်ဘဲ ဘောင်းဘီအပါးလေးသာ ဝတ်ဆင်သင့်ပါတယ်။

စတိုင်လ်မိုက်မိုက် ဖက်ရှင်

သင်္ကြန် ဖက်ရှင်

ဆွဲဆောင်မှုပြင်းပြင်းနဲ့ ညှို့ငင်အား မြင့်တဲ့ ဖက်ရှင်အသွင် ဖန်တီးချင်တယ်ဆိုရင်တော့ ဒီဖက်ရှင်လေးသာ ဝတ်ဆင်လိုက်ပါ။ ကွီးတို့နားမှာ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေမှာပဲ ဖြစ်ပါတယ်။

ရှပ်အပါးစ ဖက်ရှင်

သင်္ကြန် ဖက်ရှင်

ဒီဖက်ရှင်ကတော့ တီရှပ်အပျော့သား ဖက်ရှင်လေးပဲ ဖြစ်ပါတယ်။ ကမ်းခြေသို့ ခရီးသွားတဲ့အခါ အင်မတန်မှ လိုက်ဖက်တဲ့ ဖက်ရှင်တစ်ခုပါ။ ပန်းပွင့်နဲ့ ရှပ်အင်္ကျီတွေသည်လည်း သင်္ကြန်တွင်း ခေတ်စားတဲ့ ဖက်ရှင်တစ်ခုပဲ ဖြစ်ပါတယ်။

ဘောင်းဘီအပြဲဖက်ရှင်

သင်္ကြန် ဖက်ရှင်

ဘောင်းဘီအပြဲဖက်ရှင်တွေသည်လည်း ယနေ့ထိတိုက် လူကြိုက်များနေတဲ့ ဖက်ရှင်တွေပဲ ဖြစ်ပါတယ်။ သူ့ကို ကွီးတို့ ကြိုက်နှစ်သက်ရာ တီရှပ်အမျိုးမျိုးနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

စွပ်ကျယ်နဲ့လည်း ရှိုးထုတ်နိုင်ပါတယ်

သင်္ကြန် ဖက်ရှင်

ကွီးတို့ရဲ့ တက်တူးတွေကို ကြွားချင်တယ်ဆိုရင်တော့ အခုလို စွပ်ကျယ် ဖက်ရှင်နဲ့ ရှိုးထုတ်နိုင်ပါတယ်။ စွပ်ကျယ် လက်ပြတ်ဆိုပြီး အထင်မသေးလိုက်ပါနဲ့။ တက်တူးတွေနဲ့ ကြွက်သားတွေကို ရှိုးထုတ်နိုင်တာက စွပ်ကျယ် ဖက်ရှင်တွေပဲ ဖြစ်ပါတယ်။

ဂျင်းအတိုဖက်ရှင်

သင်္ကြန် ဖက်ရှင်

ဂျင်းအရှည်ကို ငြီးငွေ့နေပြီဆိုရင်တော့ ဂျင်းအတို ပြောင်းဝတ်ကာ ရှိုးထုတ်နိုင်ပါတယ်။ ဂျင်းအတိုကိုမှ ဂျင်းအပြဲ စတိုင်လ်မျိုးပါ။

ပိုလိုရှပ် ဖက်ရှင်

သင်္ကြန် ဖက်ရှင်

ပိုလိုရှပ် ဖက်ရှင်သည်လည်း ဘယ်တော့မှ မရိုးရတဲ့ သင်္ကြန် ဖက်ရှင် တစ်မျိုးပဲ ဖြစ်ပါတယ်။ သူ့ကို ဘောင်းဘီတိုနဲ့ တွဲဝတ်မယ်ဆိုရင်တော့ သင်္ကြန်တွင်းမှာ ခပ်မိုက်မိုက်နဲ့ ကဲနိုင်ပြီပဲဖြစ်ပါတယ်။

ကွီးတို့ရော သင်္ကြန်တွင်းမှာ ဘယ်ဖက်ရှင်နဲ့ ကဲဖို့ စဥ်းစားထားပါသလဲ။

Source: Apetogentleman

Featured Image: Politix