၂၀၂၄ ခုနှစ်ရဲ့ ပထမဆုံး ဇန်နဝါရီလကတော့ ကုန်ဆုံးတော့မှာပါ။ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ရည်မှန်းချက် ပန်းတိုင်အသစ်တွေကိုလည်း ချမှတ်ထားလောက်ပြီး ဖြစ်မယ်ထင်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ အခုထက် ပိုမိုတိုးတက်ကောင်းမွန်တဲ့ ဘဝတွေဆီကို တက်လှမ်းချင်ကြသူတွေချည်းပါပဲ။ ပိုကောင်းတဲ့ ဘဝကို ရဖို့ဆို ကောင်းမွန်တဲ့ အလေ့အကျင့်တွေကို ပြုစုပျိုးထောင်ရမှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ နှစ်သစ်ကစလို့ ပိုမို ပျော်ရွှင်ကျေနပ်စရာဘဝ သစ်တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ လိုက်နာသင့်တဲ့ အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) အိပ်ရာ စောစောထပါ

get up early Photo : Rushcutters Health

အိပ်ရာစောစောထတဲ့ အလေ့အကျင့်ကို အခုကစပြီး မွေးမြူသင့်ပါတယ်။ မနက်ခင်းစောစော အိပ်ရာကနေ နိုးထတာဟာ တက်ကြွလန်းဆန်းမှုအပြည့်နဲ့ တစ်နေ့တာလုံးကို ကောင်းမွန်စွာဖြတ်သန်းနိုင်ဖို့ ခွန်အားသစ်တွေ ရမှာပါ။ အချိန်ပိုလည်း ပိုထွက်လာစေမှာ ဖြစ်တဲ့အတွက် မနက်ခင်းမှာ လုပ်စရာရှိတဲ့ အလုပ်တွေကိုလည်း အလောတကြီး လုပ်ဆောင်ဖို့ မလိုအပ်တော့ပါဘူး။ ဒါဟာ တစ်နေ့တာ လုပ်ရမယ့် အစီအစဉ်တွေကို အကောင်းဆုံး ပြင်ဆင်ပြီး နေ့သစ်တစ်နေ့ကို ခွန်အားအပြည့်နဲ့ စတင်ဖို့ ပိုလွယ်ကူသွားစေမှာ ဖြစ်ပါတယ်။

(၂) ကိုယ့်အတွက်ကိုယ် အချိန်ပိုပေးပါ

Photo : Medical News Today

ကျွန်တော်တို့ ဘဝထဲက အချိန်တွေဟာ တန်ဖိုးရှိပါတယ်။ လူအများစုက ကိုယ့်အတွက် မဟုတ်တဲ့ အရာတွေအပေါ် အချိန်ပေးပြီး ဘဝကို ကုန်ဆုံးနေတက်ကြတာပါ။ တကယ်တော့ ပျော်ရွှင်မှုအစစ်အမှန်ဆိုတာ ကိုယ့်ဆီကနေပဲ ဖြစ်တည်လာတာပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အချိန်ပိုပေးဖြစ်ဖို့ ၊ ကိုယ့်ကိုယ်ကိုယ် ပိုဂရုစိုက်ဖို့ လိုအပ်ပါတယ်။

(၃) အဆိပ်အတောက်ဆန်တဲ့ လူတွေကို ဖယ်ရှားပါ

toxic people

Photo : NorthStar Transitions

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အဆိပ်အတောက်ဆန်တဲ့ လူတွေအများကြီး ရှိနေနိုင်ပါတယ်။ ခင်မင်စိတ် ၊ တွယ်တာစိတ်နဲ့ သံယောဇဉ်စတာတွေကြောင့်တော့ ကျွန်တော်တို့ ပတ်ဝန်းကျင်ကို အဆိပ်အတောက်ဆန်တဲ့ လူတွေနဲ့ ဝန်းရံမထားပါနဲ့။ ကျွန်တော်တို့ ဘဝမှာ မိတ်ဆွေအပေါင်းအသင်း ခပ်များများ ရှိတာကောင်းတဲ့ အချက်တစ်ခုပါ။ သို့သော် အဆိပ်အတောက်ဆန်တဲ့ လူတွေမဖြစ်နေဖို့ အရေးကြီးပါတယ်။ အဆိပ်အတောက်ဆန်တဲ့ လူတွေကို အချိန်ပေးတာထက် စစ်မှန်တဲ့ မိတ်ဆွေအနည်းစုအတွက်ပဲ သင့်ရဲ့အချိန်နဲ့ ခွန်အားတွေကို သုံးလိုက်ဖို့က ပိုအရေးကြီးပါတယ်။

(၄) ကိုယ့်ကိုယ်ကိုယ် လက်ခံနိုင်အောင် ကြိုးစားပါ

accept yourself

Photo : Psych Central

လူတိုင်းမှာ အားနည်းချက်အားသာချက် ကိုယ်စီရှိကြစမြဲပါ။ အဓိကကတော့ ကိုယ့်အကြောင်းကိုယ်သိပြီး ကိုယ့်ကိုယ်ကိုယ်အကောင်းဆုံး လက်ခံတက်ဖို့ပါပဲ။ ကိုယ့်ရဲ့ဖြစ်တည်မှု ၊ ကိုယ့်ရဲ့ဘဝ ၊ ကိုယ်ပိုင်ဆိုင်ထားတဲ့အရာ ဒါတွေအားလုံးကို သိရှိနားလည် လက်ခံထားမယ်ဆိုရင် အပြုသဘောဆောင်တဲ့ စိတ်တွေတိုးပွားလာပြီး ဘဝကိုအပျော်ရွှင်ဆုံး ကျေနပ်မှုအရှိဆုံး ဖြတ်သန်းနိုင်ပါလိမ့်မယ်။

(၅) အလုပ်ကြိုးစားပါ ၊ ပျော်အောင်နေပါ

Work Hard

Photo : BetterUp

ကျွန်တော်တို့ ဘဝကို ပိုမိုမြင့်မားတိုးတက်အောင် ကြိုးစားနေရမှာက ကျွန်တော်တို့ ကိုယ်တိုင်ပါပဲ။ ပိုကောင်းတဲ့ဘဝ ၊ ပိုပြီးကျေနပ်စရာကောင်းတဲ့ နေ့သစ်တွေကို ပိုင်ဆိုင်နိုင်ဖို့ ကျွန်တော်တို့ ကိုယ်တိုင်ပဲ ကြိုးစားလုပ်ဆောင်ရမှာပါ။ ဒါကြောင့် နှစ်သစ်ကစလို့ အလုပ်တွေပိုကြိုးစားပါ။ ငွေပိုရှာပါ။ သို့သော် အလုပ်ထဲမှာပဲ ပိတ်မိမနေပါနဲ့။ အောင်မြင်မှုနဲ့အတူ ပျော်ရွှင်မှုကိုလည်း တဆက်တည်း ရှာဖွေသင့်ပါတယ်။

Source : World Of Wanderlust

Featured Photo : Meant to be Happy