နှစ်သစ် မှာ ခန္ဓာကိုယ်ရှိ အဆီပိုများအားလုံးကို ဖယ်ရှားပြီး ဆွဲဆောင်မှု မြင့်မားတဲ့ ခန္ဓာကိုယ်တစ်ခု ရရှိဖို့ ကြံစည်နေပါသလား။ ဒါဆိုရင်တော့ နှစ်သစ် မှာ အမိုက်စား ခန္ဓာကိုယ် တစ်ခု ရရှိအောင် ကူညီပေးမယ့် လေ့ကျင့်ခန်း များရှိပါတယ်။ ထို လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပေးသွားမယ်ဆိုရင်တော့ ဆွဲဆောင်မှု မြင့်မားပြီး ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်နိုင်ပါတယ်။
လေ့ကျင့်ခန်း (၁)
Source Greatist
ဒီလေ့ကျင့်ခန်း ပြုလုပ်ဖို့ရန်အတွက် အလေးတုံးတစ်တုံး လိုအပ်ပါလိမ့်မယ်။
လက်နှစ်ဖက်က အလေးတုံးကို ကိုင်ထားကာ အလေးတုံးကို ရင်ဘတ်ရှေ့တည့်တည့်မှာ ထားထားလိုက်ပါ။ ထို့နောက် ညာခြေကို နောက်ပို့ကာ ဒူးကွေးချလိုက်ပါ။ ထို့နောက် မူလအနေအထားအတိုင်း ပြန်နေပါ။ တစ်ဖန် ဘယ်ခြေကို နောက်သို့ ပို့ကာ ဒူးကွေးချလိုက်ပါ။ မူလအနေအထားအတိုင်း ပြန်နေပါ။
ဘယ် ညာ တစ်လှည့်စီကို တစ်ကြိမ်လို့ သတ်မှတ်ပြီး စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးရပါမယ်။
လေ့ကျင့်ခန်း (၂)
Source: Greatist
ဒီလေ့ကျင့်ခန်း ပြုလုပ်ဖို့ရန်အတွက် စောစောကလိုပဲ အလေးတုံးကို ကိုင်မြှောက်ထားလိုက်ပါ။
ထို့နောက် ညာခြေကို အရှေ့တည့်တည့်သို့ ဆန့်တန်းကာ ဘယ်ဒူးကို ကွေးချပြီး တင်ပါးကို နောက်ပစ်ကာ ထိုင်လိုက်ပါ။
ထို့နောက် ဘယ်ဒူးကို ပြန်ဆန့်တန်းလိုက်ပါ။
စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ရပါမယ်။
တစ်ဖန် ဘယ်ခြေကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ရမှာပဲဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၃)
Source: Gfycat
အရင်ဦးဆုံံး လေ့ကျင့်ခန်း ပြုလုပ်တဲ့ ခုံတန်းရှည်ပေါ်မှာ ဘေးတစောင်း လှဲလျောင်းနေပါ။ ဘယ်လက်က ညာနားရွက်နားပေါ် တင်ထားပြီး ညာလက်က ရင်အုပ်ပေါ်မှာ တင်ထားလိုက်ပါ။ ထို့နောက် ခါးကို အပေါ်သို့ တဖြည်းဖြည်းချင်း ကြွပေးလိုက်ရပါမယ်။
စုစုပေါင်း ၁၂ ကြိမ်၊ ၄ ကျော့ ပြုလုပ်ပေးလိုက်ပါ။ ထို့နောက် ခန္ဓာကိုယ်ကို ဘက်ပြောင်းပြန် အခြားတစ်ဖက်ကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ပေးရပါမယ်။
လေ့ကျင့်ခန်း (၄)
Source: Pinterest
အရင်ဦးဆုံး လေ့ကျင့်ခန်း ပြုလုပ်တဲ့ ခုံပေါ်မှာ အသင့်အနေအထားပြင်ပါ။ လက်နှစ်ဖက်က ခုံပေါ်မှာ အားပြုကာ ကိုင်ထားပါ။ ထို့နောက် ခြေထောက်နှစ်ဖက်ကို စုံလိုက်ကြွကာ အပေါ်သို့ မြှောက်လိုက်ပါ။
ထို့နောက် မူလအနေအထားအတိုင်း ပြန်ချပါ။
ထိုကဲ့သို့ ခြေထောက် မ လိုက် ပြန်ချလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ပေးရပါမယ်။ စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးလိုက်ပါ။
လေ့ကျင့်ခန်း (၅)
Source: Pinterest
အရင်ဦးဆုံး ကြမ်းပြင်ပေါ်မှာ လှဲလျောင်းနေပါ။ ထို့နောက် ခန္ဓာကိုယ် အပေါ်ပိုင်းကို ကြွကာ ညာဒူးကိုလည်း ရင်ဘတ်ဆီသို့ ဆွဲမလိုက်ပါ။ ညာဒူးနှင့် ဘယ်တံတောင်ကို ထိကပ်ပေးလိုက်ပါ။
မူလအနေအထားအတိုင်း ပြန်လည် လှဲလျောင်းလိုက်ပါ။ ထို့နောက် ဘယ်ဒူးနှင့် ညာတံတောင်ကို ထိကပ်ပေးလိုက်ရပါမယ်။
ဘယ် ညာ တစ်လှည့်စီကို တစ်ကြိမ်လို့ သတ်မှတ်ပြီး စုစုပေါင်း ၁၄ ကြိမ်၊ ၃ ကျော့ ပြုလုပ်ရပါမယ်။
လေ့ကျင့်ခန်း (၆)
Source: Flab Fix
အရင်ဦးဆုံး ခြေထောက်နှစ်ဖက်ကို ကားထားပါ။ ထို့နောက် တင်ပါးကို နောက်ပစ်ပြီး Squat ထိုင်လိုက်ပါ။ ထို့နောက် အပေါ်သို့ ခုန်လိုက်ရပါမယ်။
ထိုအဆင့်များအတိုင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးလိုက်ပါ။
အထက်ဖော်ပြပါ လေ့ကျင့်ခန်းများကတော့ နှစ်သစ် မှာ ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို အဆီပိုများ ကင်းဝေးပြီး မိမိုက်တဲ့ ခန္ဓာကိုယ် အချိုးအစားများရရှိအောင် ကူညီပေးမယ့် လေ့ကျင့်ခန်း များပဲဖြစ်ပါတယ်။
Featured Image: Healthline






