ကွီးတို့ရေ… ဒီ နှစ် သစ်ထဲမှာ ကွီးတို့ ဖက်ရှင် ကို ပိုလန်း ပိုကြမ်းလာအောင် ပြောင်းလဲပစ်မယ်လို့ ဆုံးဖြတ်ချက် ချထားပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် ဖက်ရှင်နဲ့ ပတ်သက်တဲ့အ ချက်များကို သိထားသင့်ပါတယ်။ ဒီအချက်များကို သိထားမယ်ဆိုရင်တော့ ဒီ နှစ် သစ် မှာ ကွီးတို့ ဖက်ရှင် က မိမိုက်လာပြီး ရှော်တီလေးတွေကလည်း ကွီးတို့အပေါ်မှာ ကြွေဆင်းသွားမှာပဲ ဖြစ်ပါတယ်။

(၁) ဖက်ရှင်အပွတွေကို ဝဲပစ်လိုက်ပါတော့

fashion

Photo : AliExpress

ဖက်ရှင်အပွတွေက ဝတ်ရတာ သက်သောင့်သက်သာတော့ ရှိပါတယ်။ ဒါပေမဲ့ ကွီးတို့ကို ဖက်ရှင်ကျစေမှာ မဟုတ်ပါဘူး။ ဆွဲဆောင်မှု မြင့်မားပြီး ဖက်ရှင်ကျချင်တယ်ဆိုရင် ကွီးတို့ရဲ့ ဖက်ရှင်အပွတွေကို ဝဲပစ်သင့်ပါပြီ။ ဖက်ရှင် အပွတွေအစား ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ ကွက်တိကျစေမယ့် ဖက်ရှင်မျိုးကို ရွေးချယ် ဝတ်ဆင်သင့်ပါတယ်။

(၂) အရိုးရှင်းဆုံးက ဖက်ရှင် အကျဆုံးပါ

fashion

Photo : YouTube

ဖက်ရှင်ကျအောင်ဆိုပြီး ဆန်းဆန်းပြားပြား ဖက်ရှင်တွေကို ပြောင်းလဲ ဝတ်ဆင်စရာမလိုပါဘူး။ ကွီးတို့ ဖက်ရှင်ကို မိမိုက်နေစေချင်ရင် အရိုးရှင်းဆုံး ဖက်ရှင်တွေကို ဦးစားပေးရုံပါပဲ။ ကွီးတို့အနေနဲ့ အဖြူနဲ့ အနက်ကို တွဲဖက် ဝဝ်ဆင်ပေးရုံနဲ့တင် ကွီးတို့ရဲ့ ဖက်ရှင်က အားလုံးထဲမှာ ဖက်ရှင်အကျဆုံး ဖြစ်လာမှာ အမှန်ပါပဲ။

(၃) ဖက်ရှင် အသုံးအဆောင် ပစ္စည်းတွေကို အထာကျကျ ရွေးချယ်တတ်ပါစေ

နှစ် ဖက်ရှင်

Photo : Business Standard

နာရီ၊ ဦးထုပ်၊ ခါးပတ်၊ နေကာမျက်မှန် အစရှိတာတွေက ကွီးတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဖက်ရှင် အသုံးအဆောင် ပစ္စည်းတွေပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဖက်ရှင်ကျအောင်ဆိုပြီး လက်ပတ် အသုံးအဆောင်တွေ အများကြီး ရွေးချယ်စရာ မလိုအပ်ပါဘူး။ နာရီ ပတ်မယ်ဆိုရင် လက်ပတ် အသုံးအဆောင်တွေကို မဝတ်ပါနဲ့တော့။ ဦးထုပ် ဆောင်းမယ်ဆိုရင် နေကာမျက်မှန် မဝတ်ပါနဲ့တော့။ ဖက်ရှင် အသုံးအဆောင်ပစ္စည်းတွေ အများကြီး ဝတ်ဆင်ထားရင်လည်း ကြည့်မကောင်းတော့ပါဘူး။

(၄) ဘရန်းဒက်တ်တွေက အဓိက မကျပါဘူး

နှစ် ဖက်ရှင်

Photo : Sportskeeda

ဘရန်းဒက်တ်မှ ဘရန်းဒက်တ်ချည်းပဲ တတွင်တွင် အော်နေရင် ကောင်းတဲ့ အချက် တစ်ချက်ရှိပါတယ်။ ပိုက်ဆံ ကုန်ပေါက်အတွက် ကောင်းတာမျိုးပါ။ ဘရန်းဒက်တ်တွေ ဘယ်လောက်ဝတ်ဝတ် ဖက်ရှင်ကျအောင် မဝတ်တတ်တဲ့ လူအတွက်ကတော့ ပိုက်ဆံ ကုန်တာပဲ အဖက်တင်ပါလိမ့်မယ်။ ကိုယ့်မှာ ရှိတဲ့ သာမန် အဝတ်အစား ဘရန်းတွေကို ဝတ်ဆင်ပြီးလည်း ဖက်ရှင်ကျအောင် ကြိုးပမ်းနိုင်တာကို မယုံမရှိပါနဲ့။

(၅) လူကြိုက်များတာတွေကို ဦးစားမပေးပါနဲ့

နှစ် ဖက်ရှင်

Photo : The Fashionisto

အခုတလော ဒီဖက်ရှင်က လူကြိုက်များနေတယ်။ ငါလည်း လိုက်ဝတ်ကြည့်ဦးမှ ဆိုပြီး လိုက်မလုပ်ပါနဲ့။ ကွီးတို့ ဖက်ရှင်က အများနဲ့ တစ်ပုံစံတည်း သွားကျနေပြီး ဖက်ရှင်ကျနေတော့မှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကိုယ်ပိုင်ဖက်ရှင်ကို ဖန်တီးချင်တယ်ဆိုရင် အများလုပ်သလို လိုက်မလုပ်ပါနဲ့။ အဆင်ပြေမှာ မဟုတ်ပါဘူး။

ကွီးတို့ရော ဖက်ရှင်နဲ့ ပတ်သက်လာရင် ဘယ်လိုနည်းလမ်းကောင်းတွေ သိထားပါသလဲ။ အခြားသူတွေ သိအောင်လို့ ဝေမျှပေးခဲ့ပါဦး။

Source : Kinowear

Featured Photo : Ties