ကွီးတို့ရေ နှလုံးဟာ လူရဲ့ခန္ဓာကိုယ်မှာ အလွန်အရေးကြီးတဲ့ အင်္ဂါရပ်ဖြစ်တဲ့အတွက် နှလုံးကျန်းမာရေး ကို အထူးဂရုစိုက်သင့်ပါတယ်။ နေ့စဉ်လူနေမှုဘဝမှာ နှလုံးကျန်းမာရေးအတွက် အရေးကြီးတဲ့အရာတွေထဲမှာ အစားအသောက်လည်း ပါဝင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ နှလုံးကျန်းမာရေး အတွက် စားသင့်တဲ့ အစားအစာ တွေကို ဖော်ပြပေးလိုက်ပါတယ်။
ဟင်းသီးဟင်းရွက်များ
Photo : All Green
ဟင်းနုနွယ်ရွက်၊ ကိုက်လန်နဲ့ ဂေါ်ဖီစိမ်းလို အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များတွင် ဗီတာမင် ကေ၊ နိုက်ထရိတ်များ၊ သတ္တုဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ မြင့်မားစွာ ပါဝင်ပြီး သွေးပေါင်ချိန်ကို လျှော့ချပေးပြီး သွေးလွှတ်ကြောလုပ်ငန်းဆောင်တာများကို ကောင်းမွန်စေပါတယ်။ လေ့လာမှုများအရ အရွက်စိမ်းများ၊ အသီးအနှံများ စားသုံးခြင်းက နှလုံးရောဂါဖြစ်နိုင်ခြေ နည်းပါးခြင်းနှင့် ဆက်စပ်နေကြောင်း သိရပါတယ်။
ဘယ်ရီသီးများ
Photo : Best Health
စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ဘလက်ဘယ်ရီသီးနှင့် ကဲ့သို့ ဘယ်ရီသီးတွေမှာ Antioxidants ကြွယ်ဝစွာ ပါဝင်ပါတယ်။ လေ့လာမှုများအရ ၎င်းတို့ကို စားသုံးခြင်းက နှလုံးရောဂါ ဖြစ်နိုင်ခြေ အချက်များစွာကို လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။
ထောပတ်သီး
Photo : Downshiftlogy
နောက်ထပ် နှလုံးကျန်းမာရေး အတွက် စားပေးသင့်တဲ့ အစားအစာ များထဲက တစ်ခုကတော့ ထောပတ်သီး ပဲ ဖြစ်ပါတယ်။ ထောပတ်သီးက နှလုံးကျန်းမာရေးအတွက် အရေးပါတဲ့ Monounsaturated Fats အရင်းအမြစ် တစ်ခုဖြစ်ပြီး ကိုလက်စထရောပမာဏ လျှော့ချပေးပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို နည်းစေပါတယ်။
အဆီများသောငါးနဲ့ ငါးကြီးဆီ
Photo : Men’s Healtj
ဆော်လမွန်၊ မက်ကရယ်၊ ဆာဒင်းနှင့် တူနာလို အဆီများသောငါးတွေမှာ ကြွယ်ဝတဲ့ အိုမီဂါ-၃ ဖက်တီးအက်ဆစ်များက နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို ကာကွယ်ပေးပါတယ်။
သစ်ကြားသီး
Photo : Medical News Today
သစ်ကြားသီးများက အမျှင်ဓာတ်နှင့် မဂ္ဂနီဆီယမ် စတဲ့ သတ္တုအာဟာရဓာတ်များ ကြွယ်ဝသော အရင်းအမြစ် ဖြစ်ပါတယ်။ လေ့လာမှုများအရ သစ်ကြားသီးက ကိုလက်စထရောနှင့် သွေးပေါင်ချိန်ကို လျှော့ချပေးနိုင်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။
အနက်ရောင်ချောကလက်
Photo : American Heart Association
အနက်ရောင်ချောကလက်တွင် Flavonoids ကဲ့သို့သော Antioxidants များ ကြွယ်ဝစွာပါဝင်ပြီး နှလုံးကျန်းမာရေး ကို မြှင့်တင်ပေးနိုင်ပါတယ်။ သွေးကြောများတွင် ကယ်လ်စီယမ်အလွှာများ ဖြစ်ပေါ်လာနိုင်ခြေ နည်းပါးစေပြီး နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။
ခရမ်းချဉ်သီး
Photo : Windsor Greenhouse
ခရမ်းချဉ်သီးတွင် အစွမ်းထက်သော ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတဲ့ သဘာဝအပင်အရောင်ခြယ် ပစ္စည်းဖြစ်သော Lycopene ပါဝင်ပါတယ်။ သွေးတွင်း Lycopene ပမာဏ နည်းနေခြင်းက နှလုံးရောဂါနှင့် လေဖြတ်နိုင်ခြေ တိုးလာခြင်းနှင့် ဆက်စပ်နေပါတယ်။ ဒါကြောင့် Lycopene ပမာဏ ပါဝင်တဲ့ ခရမ်းချဉ်သီးကို စားသုံးပေးခြင်းဖြင့် နှလုံးကျန်းမာရေးကို အထောက်အကူ ပြုနိုင်ပါတယ်။
ဗာဒံစေ့
Photo :Thrillist
ဗာဒံစေ့က မယုံနိုင်လောက်အောင် အာဟာရကြွယ်ဝပြီး နှလုံးကျန်းမာရေးအတွက် အရေးပါသော ဗီတာမင်နှင့် သတ္တုဓာတ်များစွာ ပါရှိပါတယ်။ ဗာဒံစေ့မှာပါဝင်တဲ့ အမျှင်ဓာတ်နှင့် ကောင်းမွန်သော Monounsaturated Fats က ကိုလက်စထရောနှင့် ဗိုက်အဆီများကို လျှော့ချပေးပါတယ်။
ကြက်သွန်ဖြူ
Photo : Chopra Center
ကြက်သွန်ဖြူတွင်ပါဝင်သော Allicin ဟုခေါ်သော ဒြပ်ပေါင်းက သွေးဖိအားနှင့် ကိုလက်စထရောကို လျှော့ချရာတွင် ကူညီပေးပါတယ်။ သွေးခဲခြင်းကို ဟန့်တားပေးပါတယ်။ ဒါဟာ နှလုံးအတွက် အထူးကောင်းမွန် ပါတယ်။
သံလွင်ဆီ
Photo : BBC
မြေထဲပင်လယ် အစားအသောက်များတွင် အဓိကပါဝင်သည့် သံလွင်ဆီမှာ Monounsaturated Fatty Acids တစ်မျိုးဖြစ်တဲ့ Oleic Acid နှင့် Antioxidants များ မြင့်မားစွာပါဝင်ပါတယ်။ သွေးပေါင်ချိန် ကျခြင်းနှင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။
ကွီးတို့ရေ နှလုံးကျန်းမာရေး အတွက် စားပေးသင့်တဲ့ အစားအစာ တွေကို ရွေးချယ်စားသောက်ခြင်းဖြင့် ကျန်းမာသုခပြည့်ဝကြပါစေ။
Source : Healthline
Featured Photo : Health