ကျန်းမာရေးအတွက် ကိုယ်လက်လေ့ကျင့်ခန်းဟာ မဖြစ်မနေကို လုပ်သင့်တဲ့ အလေ့အထတစ်ခုပါ။ လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် ကိုယ်ခန္ဓာကျန်းမာ သန်စွမ်းလာသည်သာမက လူသားတွေအတွက် အသက်ရှည်ဆေးလည်း ဖြစ်ပါတယ်။ နှလုံးဟာ မွေးစအရွယ်ကစပြီး သေဆုံးသည်အထိ အလုပ်လုပ်ပေးရတဲ့ လူတစ်ယောက်အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် နှလုံးကျန်းမာရေးဟာ အရေးကြီးလှပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းက နှလုံးကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်။

Workout လုပ်ခြင်းနှင့် တက်ကြွစွာနေထိုင်ခြင်းသည် နှလုံးကြံ့ခိုင်မှုကို ထိန်းသိမ်းရန်နှင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေတဲ့ ထိရောက်သောနည်းလမ်း ဖြစ်တယ်လို့ သုတေသီများက ဖော်ပြထားပါတယ်။ ယေဘုယျအားဖြင့် Workout လုပ်ခြင်းက နှလုံးသွေးကြောများရဲ့ ကျန်းမာရေးအတွက် အကျိူးပြုပါတယ်။ ကွီးတို့ အသက်ကြီးလာတာနဲ့အမျှ နှလုံးကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်ပွားနိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။ Workout လုပ်ခြင်းသည် သွေးပေါင်ချိန်ကိုလည်း လျှော့ချပေးပါတယ်။ ထို့အပြင် သိပ်သည်းဆမြင့်မားသော Lipoprotein (သို့မဟုတ် ကောင်းသော ကိုလက်စထရော) ကိုတိုးစေကာ စိတ်ဖိစီးမှု ကိုလျှော့ချပေးပြီး သွေးထဲမှ အောက်ဆီဂျင်ကို ထိရောက်စွာ လွှဲပြောင်းပေးခြင်းဖြင့် နှလုံးကြွက်သားများထဲသို့ သွေးစုပ်ယူမှုကို ပိုမိုတိုးတတ်ကောင်းမွန်စေပါတယ်၊ စသည့်ဖြင့် သွယ်ဝိုက်သော အကျိုးကျေးဇူးများကိုလည်း ရရှိစေပါတယ်။

ထို့အပြင် လေ့ကျင့်ခန်း လုပ်ခြင်းကြောင့် လေဖြတ်ခြင်း၊ ရုတ်တရက် နှလုံးဖောက်ခြင်း (Heart Attack) တို့ကိုလည်း လျှော့ချပေးနိုင်ပါတယ်။ Workout လုပ်ခြင်းက ဆီးချို၊ ကိုလက်စထရော မြင့်မားခြင်း၊ အဝလွန်ခြင်းနဲ့ နှလုံးသွေးကြောဆိုရင်ရာ အန္တရာယ်များကို ထိန်းချုပ်တဲ့ နေရာမှာ အထောက်အကူပြုတယ်လို့ ဆရာဝန်များက ဆိုထားပါတယ်။ ကွီးတို့ နှလုံးသာမက ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းဖို့ Workout လုပ်ဖို့လိုပါတယ်။ ဒါ့ကြောင့် ကွီးတို့အတွက် နှလုံးကျန်းမာရေး ကို အထောက်အကူပြုတဲ့ အကောင်းဆုံး Workout များကို ဖော်ပြပေးချင်ပါတယ်။

(၁) အလေးမခြင်း

နှလုံးကျန်းမာရေး အထောက်အကူပြုတဲ့ Workout

Photo : Vista Create

နှလုံးကျန်းမာရေး ကို အထောက်အကူပြုတဲ့ Workout တစ်ခုကတော့ အလေးမခြင်းပဲ ဖြစ်ပါတယ်။ အလေးမခြင်းက လှုပ်ရှားမှု ဖြေးညှင်းတယ်လို့ ထင်ရပေမဲ့လည်း ကွီးတို့ရဲ့ နှလုံးခုန်နှုန်းကို မြှင့်တင်ရန်နဲ့ နှလုံးကြံ့ခိုင်ရေးအတွက် ကောင်းမွန်သော Workout တစ်ခုဖြစ်ပါတယ်။ လေ့လာမှု တစ်ခုအရ အလေးမလေ့ကျင့်ခန်းကို ပုံမှန်လုပ်သူဟာ လေဖြတ်ခြင်း သို့မဟုတ် ရုတ်တရက် နှလုံးဖောက်ခြင်း (Heart Attack) ဖြစ်နိုင်ခြေကို ၄၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်း အထိလျှော့ချပေးနိုင်ကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုထားပါတယ်။ ကွီးတို့ရဲ့ ခန္ဓာကိုယ် အရွယ်အစား၊ လုပ်နိုင်တဲ့ ပမာဏကို မူတည်ပြီး သင့်လျော်သော အလေးမလေ့ကျင့်ခန်းကို နည်းစနစ်မှန်မှန်ကန်ကန်နဲ့ လုပ်နိုင်စေရန် Trainers များထံမှ အကူအညီရယူပါ။

(၂) လမ်းလျှောက်ခြင်း

နှလုံးကျန်းမာရေး အထောက်အကူပြုတဲ့ Workout

Photo : Geelong Medical & Health Group

လမ်းလျှောက်ခြင်းက ပြေးခြင်းကဲ့သို့ ခန္ဓာကိုယ်ကို အကျိုးရှိစေတဲ့ လေ့ကျင့်ခန်းဖြစ်သော်လည်းပဲ ခန္ဓာကိုယ်အတွက် အနည်းငယ် ညှင်သာတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ထို့အပြင် လမ်းလျှောက်ခြင်းက ဘယ်နေရာမှာမဆို၊ ဘယ်အချိန်မှာမဆို အလွယ်တကူ လုပ်လို့ရသော လေ့ကျင့်ခန်းဖြစ်ပြီး နေ့စဉ်ပုံမှန် လုပ်ပါက အမှန်တကယ် အကျိုးထူးစေပါတယ်။ လမ်းလျှောက်ခြင်းက နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုစေပြီး ပြင်းထန်မှုနည်းသော လေ့ကျင့်ခန်းဖြစ်သဖြင့် အသက်အရွယ်မရွေး သို့မဟုတ် အခုမှ စလုပ်မဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။ ဖြည်းညှင်းစွာ လမ်းလျှောက်ခြင်းထက် သွက်သွက်လက်လက် လမ်းလျှောက်ခြင်းက နှလုံးသွေးကြော ကျန်းမာရေးကို ပိုမိုတိုးတတ်ကောင်းမွန်စေကြောင်း သုတေသနပြုချက်များအရ သိရပါတယ်။ လမ်းလျှောက်သည့်အခါ မိုင်ဝက်ခန့်လျှောက်ပါ။ ထို့နောက် လမ်းလျှောက်ရင်း အခြားသောခန္ဓာကိုယ် လေ့ကျင့်ခန်းများလည်း ထပ်ပေါင်းလုပ်ဆောင်နိုင်လျှင် ပိုကောင်းပါတယ်။

(၃) ရေကူးခြင်း

Heart Health

Photo : Vista Create

ကွီးတို့ နှလုံးကျန်းမာရေးကို အထောက်အကူပြုမဲ့ နောက်ထပ် Workout တစ်ခုကတော့ ရေကူးခြင်းပဲ ဖြစ်ပါတယ်။ ရေကူးခြင်းက (Full Body Workout) ခန္ဓာကိုယ်တစ်ခုလုံးကို လေ့ကျင့်ခန်းလုပ်ပေးသလို ဖြစ်စေပါတယ်။ ရေကူးခြင်းက ကွီးတို့ရဲ့ နှလုံးကျန်းမာရေးကို အထောက်အကူပြုရုံသာမက အဆုတ်ကိုလည်းသန်မာစေပြီး သွေးဖိအားကိုတောင် လျော့ကျစေပါတယ်။ အကယ်၍ ထိခိုက်ဒဏ်ရာကနေ ပြန်ကောင်းလာတဲ့အခါမျိုး သို့မဟုတ် ပြင်းထန်တဲ့ ကိုယ်ခန္ဓာကိုယ်အတွက် လေ့ကျင့်ခန်းမလုပ်နိုင်ဘူးဆိုရင် ရေကူးခြင်းက အကောင်းဆုံးရွေးချယ်မှုတစ်ခုပါ။

(၄) ယောဂ

Heart Health

Photo : US News Health

နှလုံးရောဂါဖြစ်ပွားရတဲ့ အကြောင်းအရင်းများထဲမှာ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေ ကလည်း အဓိက ပါဝင်ပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ နှလုံး ကျန်းမာရေးအတွက်သာမက စိတ်ဖိစီးမှုတွေကိုပါ တစ်ခါတည်းလျော့ချချင်တယ်ဆိုရင်တော့ ယောဂကျင့်ပါ။ ယောဂကျင့်ခြင်းက သွေးပေါင်ချိန်ကို လျှော့ချရန်၊ ခန္ဓာကိုယ်ရဲ့ ပျော့ပြောင်းမှုနဲ့ ဟန်ချက်ညီမှုကို မြှင့်တင်ပေးပြီး နာကျင်ကိုက်ခဲမှုကို လျော့ကျစေရန်လည်း အကူအညီ ဖြစ်စေပါတယ်။ ကွီးတို့အိမ်မှာပဲ ယောဂကျင့်တာကို လုပ်လို့ရတဲ့အတွက် သက်တောင့်သက်သာ ရှိစေပါလိမ့်မယ်။ ယောဂလုပ်မယ်ဆိုရင် အချိန်မရွေး လုပ်လို့ရပြီး ယောဂဖျာတစ်ချက်နဲ့ လှုပ်ရှားလို့ရတဲ့ နေရာလွတ်တစ်ခုသာ လိုအပ်ပါတယ်။

အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့ရဲ့ နှလုံးကျန်းမာရေး ကို အထောက်အကူပြုရုံ သာမက ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်ရေးကိုပါ အကျိုး ဖြစ်ထွန်းစေတဲ့ လွယ်ကူတဲ့ Workout များပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်လို ရောဂါဘယများ ပေါများလှတဲ့ခေတ်မှာ ကျန်းမာရေးအတွက် လူတိုင်းဟာ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေကို အချိန်ပေးပြီး ပြုလုပ်သင့်ပါတယ်။

Source : Cnet

Featured Photo : Muscle & Fitness