သီချင်းချစ်သူ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ အသစ်စက်စက် ထွက်ရှိထားတဲ့ သီချင်းကောင်းများနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီသီချင်းတွေကို သီဆိုထားတဲ့ အဆိုရှင်တွေကလည်း နှုတ်ခမ်းနီ မချောချောလေးတွေဆိုတော့ သီချင်း လည်း နားထောင်ရင်း ရှော်တီချောချောလေးတွေကိုလည်း ကြည့်ရှုနိုင်ပါတယ်။

(၁) Exes By Tate McRae

Source: Tate McRae

ရည်းစားဟောင်းတွေ အကြောင်းကို မြူးမြူးကြွကြွနဲ့ သီဆိုထားသူကတော့ မျက်နှာသစ်အဆိုတော့ Tate McRae ပဲဖြစ်ပါတယ်။

(၂) Pretty Isn’t Pretty By Olivia Rodrigo

Source: Olivia Rodrigo

Olivia Rodrigo ကတော့ အသည်းကွဲ ဘုရင်မလို့ ဆိုရမှာပါပဲ။ သူ့သီချင်းတွေက ရည်းစားဟောင်းကို ဖဲ့ထားတဲ့ အသည်းကွဲ သီချင်းတွေ များပါတယ်။ ဒါပေမဲ့ ဒီသီချင်းကတော့ အချစ်သီချင်းဆိုတာထက် ပိုပါတယ်။ လောကမှာ မိတ်ကပ်တွေနဲ့ လှအောင် လုပ်လိုက်တိုင်း လှလာတာ မဟုတ်ဘူး ဆိုတဲ့ အလှအပနဲ့ ပတ်သက်တဲ့ လူ့စံနှုန်း ကန့်သတ်ချက်တွေအကြောင်း သီဆိုထားတာပဲ ဖြစ်ပါတယ်။

(၃) Houdini By Dua Lipa

Source: Dua Lipa

Dua Lipa ရဲ့ သီချင်းတွေက မြူးမြူးကြွကြွနဲ့ နားထောင်လို့ ကောင်းပါတယ်။ ဒီသီချင်းအသစ်ကလည်း သူ့ရဲ့ ပုံစံအတိုင်း မြင်တွေ့ရမှာပါ။

(၄) When We Were Young By David Guetta & Kim Petras

Source: David Guetta

ကုန်လွန်သွားတဲ့ အချိန်များကို ပြန်လည်သတိရကာ အောက်မေ့နေတဲ့အကြောင်းကို သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

(၅) Now That We Don’t Talk By Taylor Swift

Source: Taylor Swift

ဒီသီချင်းလေးကတော့ Taylor နဲ့ Harry Styles တို့ လမ်းခွဲ ပြတ်စဲပြီးသွားတဲ့နောက်မှာ ရေးဖွဲ့ သီဆိုထားတာပဲ ဖြစ်ပါတယ်။

(၆) Is It Love By Loreen

Source: Loreen

ဒီသီချင်းလေးကတော့ မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ သီချင်းပဲ ဖြစ်ပါတယ်။ သီချင်း တီးလုံးလေးကလည်း နားထဲမှာ နားဝင်ချိုပြီး နားထောင်လို့ ကောင်းနေပါတော့တယ်။ သီချင်းစားသားတွေကလည်း အဓိပ္ပါယ် အပြည့်နဲ့ နားထောင်လို့ ကောင်းပါတယ်။

(၇) Sucker 4 Green By Lil Tay

Source: LIL TAY

ဒီသီချင်းလေးထဲက ဇာတ်ကောင်က ငွေနဲ့ ပစ္စည်းဥစ္စာများအပေါ်မှာ တပ်မက်စွဲလန်းနေတဲ့အကြောင်း ရေးဖွဲ့ သီဆိုထားတာပဲ ဖြစ်ပါတယ်။

(၈) Rodeo By Blanka

Source: Blanka

ဒီ နှုတ်ခမ်းနီ မလေးရဲ့ သီချင်း ကလည်း မြူးမြူးကြွကြွလေးနဲ့ နားထောင်လို့ ကောင်းနေပါတယ်။

(၉) Crush By Bella Poarch & Lauv

Source: Bella Poarch

ကိုယ့်ရဲ့ ခရက်ရှ်လေးနဲ့ တွေ့ရင် ကွီးတို့ ဘယ်လိုမျိုး ခံစားရပါသလဲ။ ဒီသီချင်းလေးထဲမှာတော့ ခရက်ရှ်ရှေ့ ရောက်တာနဲ့ အလိုလို ရင်ခုန်သံ မြန်သွားတဲ့အကြောင်း သီဆိုထားတာပဲ ဖြစ်ပါတယ်။

(၁၀) Love is Embarrassing By Olivia Rodrigo

Source: Olivia Rodrigo

ဒီသီချင်းလေးထဲမှာ ပါတဲ့ အကြောင်းအရာကတော့ သီချင်းထဲက ကောင်မလေးက သူ့ရဲ့ အချစ်တွေကို သူ့အချစ်နဲ့ မတန်တဲ့ လူတစ်ယောက်ကို ပေးမိလိုက်တဲ့အတွက်ကြောင့် ရှက်ရွံ့စိတ် ဝင်မိကြောင်း သီဆိုထားတာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ နှုတ်ခမ်းနီ မလေးတွေရဲ့ သီချင်း တွေထဲက ဘယ်သီချင်းကို နှစ်သက်ပါသလဲ။

Source : Youtube

Featured Image: Twitter