သီချင်း တွေက တကယ်ပဲ ကွီးတို့ရဲ့ စိတ်ဝိညာဥ်ကို ကုစား ပေးနိုင်တယ်ဆိုတာကို မယုံဘူးလား။ မယုံဘူးဆိုရင် ကွီးတို့ စိတ်ညစ်နေချိန်မှာ အလွမ်း အဆွေးသီချင်းတွေကို သွားနားထောင်ကြည့်လိုက်ပါ။ ပိုပြီးတော့ စိတ်ဓာတ်ကျသွားပါလိမ့်မယ်။

တကယ်တော့ သွားမလုပ်လိုက်ပါနဲ့။ ကွီးတို့ စိတ်ညစ်နေချိန်၊ စိတ်ဓာတ် ကျနေချိန်မှာ အလွမ်းသီချင်းတွေ နားထောင်မယ့်အစား ဒီ သီချင်း တွေကို ကွီးတို့ စိတ်ကို ကုစား လိုက်ပါ။

(၁) Fix You By Coldplay

Source : Coldplay

ကွီးတို့က အကောင်းဆုံးတွေ ကြိုးစားပေမယ့်လည်း မအောင်မြင်ဘူး။ ကွီးတို့ လိုချင်တဲ့ အရာကို အချိန်နှောင်းမှ ရတာမျိုး၊ ကွီးတို့က အရမ်း ပင်ပန်းနေပေမယ့် အိပ်မပျော်ဖြစ်နေတာမျိုး စတဲ့ ခံစားချက်မျိုးတွေကို ရင်းနှီးနေပါသလား။ ဒီဖြစ်စဥ်ကြီးကိုပဲ ထပ်ခါတလဲလဲ ဖြစ်နေလို့ စိတ်ညစ်နေတယ်ဆိုရင်တော့ ဒီသီချင်းလေးကို နားဆင်သင့်ပါတယ်။

(၂) Heal By Tom Odell

Source : Tom Odell

Tom Odell က အဆွေးသီချင်းတွေပဲ ရေးစပ်သီဆိုတာ တော်တာ မဟုတ်ပါဘူး။ စိတ်ဝိညာဥ်ကို ကုစားပေးနိုင်တဲ့ သီချင်းတွေကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ ရေးသားတတ်ပါတယ်။ မယုံရင် သူ့ရဲ့ Heal သီချင်းလေးကို နားထောင်ကြည့်လိုက်ပါ။

(၃) Thank U By Alanis Morissette

Source : Alanis Morissette

ကိုယ့်ဘဝမှာ ကောင်းတဲ့အရာ၊ မကောင်းတဲ့အရာ မျိုးစုံကို ကြုံတွေ့ရပါလိမ့်မယ်။ မကောင်းတဲ့ အရာတွေ ကြုံတွေ့ရတဲ့ အတွက်ကြောင့်လည်း ကျေးဇူးတင်လိုက်ပါ။ ဘာ့ကြောင့်လဲဆိုတော့ ထိုအရာတွေကပဲ​ ကွီးတို့ကို ဒီနေ့ ဒီအချိန်အထိ သန်မာနေအောင် ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်အောင် ကူညီပေးတာပဲ ဖြစ်ပါတယ်။ ဒီသီချင်းလေးထဲမှာ အဲ့ဒီ့အကြောင်းကို ရေးစပ် သီဆိုထားတာပဲ ဖြစ်ပါတယ်။

(၄) And the Healing Has Begun By Van Morrison

Source : Van Morrison

Van Morrison ရဲ့ ဒီသီချင်းလေးကတော့ ကွီးတို့ဆီမှာ မျှော်လင့်ချက်တွေ ရှိလာအောင် ကွီးတို့ဆီမှာ အကောင်းမြင်စိတ်တွေ ပေါက်ဖွားလာအောင် ကူညီပေးပါလိမ့်မယ်။

(၅) Hoppípolla By Sigur Rós

Source : Sigur Rós

ဒီသီချင်းလေးကတော့ ၂၀၀၅ ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ သီချင်းစာသားက အဓိပ္ပါယ်များစွာ ပြည့်ဝနေပြီး ကွီးတို့ကို စိတ်ဓာတ် ခွန်အား ဖြည့်ပေးဖို့ ကူညီပေးပါလိမ့်မယ်။

သီချင်းလေးရဲ့ အဓိပ္ပါယ်ကတော့ လဲကျပေမယ့်လည်း နောက်တစ်ခါ ပြန်ထဖို့ တွန်းအားပေးတဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

(၆) Easy on Me By Adele

Source : Adele

ဒီသီချင်းလေးက သူ(မ)ရဲ့ အိမ်ထောင်ရေးကို အဆုံးသတ်ချိန်တုန်းက အကြောင်းတွေကို သီဆိုထားတာ ဖြစ်ပါတယ်။ ထိုအချိန် ပြီးတဲ့နောက်မှာ သူ(မ)ရဲ့ စိတ်ကို ဘယ်လိုကုစားသလဲဆိုတာကို သီဆိုထားတာပဲ ဖြစ်ပါတယ်။

(၇) Everybody Hurts By R.E.M

Source : remhq

ဒီသီချင်းလေးရဲ့ အဓိပ္ပါယ်ကတော့ သီချင်း ခေါင်းစဥ်ထဲမှာကတည်းက ပေါ်လွင်နေပါတယ်။ ကွီးတို့ နာကျင်နေရတဲ့အချိန်မှာ ကွီးတို့ တစ်ယောက်တည်း မဟုတ်ဘူးဆိုတာကို သတိရလိုက်ပါ။ လူသားတိုင်းမှာ သူ့အခက်အခဲနဲ့သူ ရှိပါတယ်။ ဒါပေမဲ့ ကွီးတို့ စိတ်မပူလိုက်ပါနဲ့။ ကွီးတို့ ခံနိုင်ရည် မရှိတဲ့ အခက်အခဲမျိုးကို လောကကြီးက ကျော်ဖြတ်ခိုင်းမှာ မဟုတ်ပါဘူး။

(၈) Claire de Lune By Flight Facilities

Source : Flight Facilities

တချို့သီချင်းတွေက ဘာမှ လုပ်စရာကို မလိုပါဘူး။ နားထောင်လိုက်ရုံနဲ့တင် စိတ်သက်သာရာ ရသွားစေတဲ့ သီချင်းမျိုးပါ။ ထိုသီချင်းမျိုးကို ရှာနေတယ်ဆိုရင်တော့ Claire de Lune သီချင်းလေးကိုသာ နားထောင်လိုက်ပါ။

(၉) Feel Good Inc By Gorillaz

Source : Gorillaz

ဒီသီချင်းလေးက မြူးမြူးကြွကြွလေးနဲ့ နားထောင်လို့ကောင်းတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဒီသီချင်းက ရှုထောင့် မျိုးစုံက အဓိပ္ပါယ် ကောက်နိုင်ပါတယ်။

(၁၀) Heal Me By Lady Gaga

Source : Lady Gaga

A Star Is Born ထဲက လူကြိုက်အများဆုံးနဲ့ အပေါက်ဆုံး သီချင်းကတော့ Shallow ပါ။ ဒါပေမဲ့ Heal me ဆိုတဲ့ သီချင်း လေးကလည်း ကွီးတို့ စိတ်ဝိညာဥ်ကို ကုစား ပေးနိုင်တဲ့အထိ အစွမ်းထက်ပါတယ်။

ကွီးတို့ရော စိတ်ညစ်နေတဲ့အချိန်မှာ ဘယ်လိုသီချင်းမျိုးကို နားထောင်လေ့ရှိပါသလဲ။

Source: Middermusic

Featured Image: Musicforthesoul