အမျိုးသားများသည် လူပျိုဖော် ဝင်လာပြီဆိုတာနဲ့ မျက်နှာပေါ်ရှိ အမွှေးအမျှင်များသည် အနည်းငယ် ထူထဲကာ အရှည်မြန်လာပါတယ်။ ကိုယ့်ရဲ့ နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးများကို အရှည်မထားဘဲ ရိတ်ပစ်ချင်တယ်ဆိုတဲ့ ကွီးတို့အတွက် သိထားသင့်တဲ့ အချက်လေးတွေ ရှိပါတယ်။

ကွီးတို့ရော ပထမဦးဆုံးအကြိမ်အဖြစ် မုတ်ဆိတ်မွှေးနဲ့ နှုတ်ခမ်းမွှေး ရိတ်တဲ့အချိန်ကို မှတ်မိသေးပါသလား။ လူပျိုဖော်ခါစ အချိန်တုန်းက နှုတ်ခမ်းမွှေး နဲ့ မုတ်ဆိတ်မွှေးတွေ ဘယ်လိုရိတ်ရမလဲဆိုတဲ့ အချက် ကို သေချာလေ့လာပြီးမှ ရိတ်တာလား။ ကိုယ့်ရဲ့ အဖေ၊ အစ်ကိုတွေကို မေးမြန်းပြီး ရိတ်ဖြစ်သလား။ (သို့) ကိုယ့်ဘာသာ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ လက်တည့်စမ်းဖြစ်တာပါလား။

အချို့ကလည်း မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးတွေက ရှုပ်လို့ ရိတ်ပစ်ကြပြီး အချို့ကတော့ စမတ်ကျကျပုံသဏ္ဍာန် ဖြစ်ချင်လို့ ရိတ်ပစ်လိုက်ကြပါတယ်။ ကိုယ့်ရဲ့ နှုတ်ခမ်းမွှေး တွေကို ဘယ်လို အချက် ကြောင့်ပဲ ရိတ်ပစ်နေပါစေ နည်းစနစ်မှန်မှန် ရိတ်တတ်ဖို့ လိုအပ်ပါလိမ့်မယ်။

ဘယ်လိုအချက်လေးတွေကို သိထားသင့်သလဲဆိုတော့ …

နှုတ်ခမ်းမွှေးနှင့် မုတ်ဆိတ်မွှေးများ အရိတ်သင့်ဆုံး အချိန်

နှုတ်ခမ်းမွှေး အချက်

Photo: Mandatory

နှုတ်ခမ်းမွှေးများ ရိတ်လို့အကောင်းဆုံးအချိန်ကတော့ ရေချိုးပြီးခါစအချိန်ပဲ ဖြစ်ပါတယ်။ ရေနွေးနွေးလေး ချိုးပြီးတဲ့အချိန်မှာ အသားအရေသည် စိုစွတ်ကာ နူးညံ့နေပါတယ်။ ထိုအချိန်မှာ ရိတ်မယ်ဆိုရင်တော့ ဘလိတ်ဓားရှရာတွေ ရှိမှာမဟုတ်တော့ပါဘူး။

အလျင်စလို မပြုလုပ်ပါနဲ့

နှုတ်ခမ်းမွှေး အချက်

Photo: Milkman Grooming Co

သွားခါနီး လာခါနီး၊ အရေးတကြီး မီတင်၊ ပွဲအခမ်းအနားများ တက်စရာရှိလို့ဆိုပြီး အလျင်စလိုနဲ့ နှုတ်ခမ်းမွှေး ရိတ်ပစ်ခြင်းမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ နှုတ်ခမ်းမွှေးရိတ်တယ်ဆိုတာ သေချာအချိန်ယူကာ ရိတ်ဖို့လိုအပ်တာကြောင့် အနည်းဆုံး အချိန် ၅ မိနစ်၊ ၁၀ မိနစ်ခန့် ပေးသင့်ပါတယ်။

ဘလိတ်ဓားများ၊ ဂျုတ်များကို မကြာခဏ လဲလှယ်ပါ

နှုတ်ခမ်းမွှေး အချက်

Photo: Electric Shavers

လျှပ်စစ်မုတ်ဆိတ်ရိတ်စက်လေးတွေ အသုံးပြုမှာလား (သို့) တစ်ခါသုံး ဘလိတ်ဓားလေးတွေကို အသုံးပြုမှာလား စသည်ဖြင့် မိမိကြိုက်နှစ်သက်ရာတစ်မျိုးမျိုးကို ရွေးချယ်လိုက်ပါ။ တစ်ခါသုံး ဘလိတ်ဓားများ၊ ဂျုတ်များဆိုရင်တော့ တစ်ခါသုံးပြီးနောက် လွှင့်ပစ်ပေးလိုက်ရမှာဖြစ်ပါတယ်။

မုတ်ဆိတ်မွှေး ရိတ်နေစဉ်

man shaving gel

Photo: Woohoo Body

အယ်လ်ကိုဟော မပါတဲ့ မုတ်ဆိတ်ရိတ်ဂျယ်လ် (သို့) မုတ်ဆိတ်မွှေးရိတ်ခရင်မ်လေးတွေ အသုံးပြုရင်တော့ အကောင်းဆုံးပါပဲ။ ထိုခရင်မ်များသည်လည်း အသားအရေ ရှခြင်းမှ ကာကွယ်ပေးပြီး အသားအရေကို နူးညံ့စေပါတယ်။

မုတ်ဆိတ်မွှေး ရိတ်ပြီးသွားတဲ့အခါ

man apply moisturizer

Photo: Magicpin

မုတ်ဆိတ်မွှေး ရိတ်ပြီးတဲ့အခါ မျက်နှာကို မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ပေးလိုက်ပါ။ ထို့နောက် မျက်နှာကို အစိုဓာတ်ထိန်းပေးဖို့ရန်အတွက် Moisturizing ခရင်မ်လေးတွေ လိမ်းကျံပေးလိုက်ပါ။ ဒီလိုပြုလုပ်ခြင်းအားဖြင့် အသားအရေ ခြောက်သွေ့ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် နေပူထဲ ထွက်တဲ့အခါမှာလည်း မျက်နှာကို နေလောင်ကာခရင်မ် လိမ်းကျံပေးမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။

Source: Teens.webmd

Featured Image: