ကွီးတို့ရဲ့ ဧည့်ခန်းထဲမှာ ထည့်ထားတဲ့ ပစ္စည်း အမျိုးအစားတွေကို ကြည့်ပြီး ကွီးတို့က ခေတ် ရှေ့ပြေးတဲ့လူလား၊ ခေတ်နောက်ကျနေတဲ့လူလားဆိုတာ ခွဲခြားလို့ရတယ်ဆိုရင် ယုံမှာလား။
ကွီးတို့ မယုံဘူးဆိုရင် ကွီးတို့ ဧည့်ခန်းကို ပြေးကြည့်ကြည့်လိုက်ပါ။ ကွီးတို့ ဧည့်ခန်းထဲမှာ လွန်ခဲ့တဲ့ နိုင်းတီးဂွမ်တီးခေတ်က ပစ္စည်းတွေပဲ ရှိတယ်ဆိုရင်တော့ ကွီးတို့က ခေတ်နောက်ကျကျန်ခဲ့ပါပြီ။
ဒီလိုမှ မဟုတ်ဘဲနဲ့ အခုဖော်ပြမယ့် ပစ္စည်းတွေထဲက ပစ္စည်း တစ်ခုခုကို ကွီးတို့ ဧည့်ခန်းထဲမှာ တွေ့ရမယ်ဆိုရင်တော့ ကွီးတို့က ခေတ် မီတဲ့ လူသားတစ်ယောက်လို့ ပြောလို့ရပါတယ်။
(၁) KEF A750
ကွီးတို့က ဧည့်ခန်းမှာ တီဗွီကြည့်တဲ့အခါ Audio အသံကို တီဗွီတစ်ခုတည်းကို အားမကိုးဘဲ အခုလိုမျိုး စပီကာအကြီးကြီး တပ်ထားမယ်ဆိုရင်တော့ ရှယ်မိုက်တဲ့ အတွေ့အကြုံကို ပေးစွမ်းရမှာပဲဖြစ်ပါတယ်။ ဒီစပီကာလေးကဆိုရင် ဒီဇိုင်းပိုင်းရော၊ ကွာလတီပိုင်းပါ ပြောစရာမလိုအောင် ရှယ်မိုက်နေတာပါ။ ဈေးနှုန်းကတော့ ဒေါ်လာ ၉၀၀ ပေးဝယ်ရမှာပဲဖြစ်ပါတယ်။ သူ့ရဲ့ အားနည်းချက်ကတော့ ဧည့်ခန်းက ကျဥ်းတယ်ဆိုရင် မျက်စိရှုပ်သွားစေမှာမို့လို့ ဧည့်ခန်းကျယ်တွေအတွက် ထုတ်လုပ်ထားတဲ့ ဒီဇိုင်းလို့ ဆိုရမှာပါပဲ။
(၂) Bowers & Wilkins 606 S2 Anniversary Editions
ဒီအမျိုးအစားလေးကတော့ ဘေ့စ်သံ အင်မတန်မိုက်တဲ့ အမျိုးအစားလေးပါ။ ဈေးနှုန်းကတော့ ဒေါ်လာ ၉၉၉ ဆိုတော့ ၁၀၀၀ ပဲပေါ့။ ပေးရတာနဲ့ ပြန်ရတာနဲ့ တန်တဲ့ အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။ စပီကာလေးက သေးသေးလေးပဲဆိုတော့ နေရာလည်း အများကြီး မယူပါဘူး။ ကွီးတို့ရဲ့ ဧည့်ခန်းက တီဗွီနဲ့ လိုက်ဖက်တဲ့ အတွဲအစပ်လေးပါ။
(၃) SVS Prime Tower Surround System
ဘေ့စ်အသံကို ရှယ်မိမိုက်တာမျိုး လိုချင်တယ်ဆိုရင်တော့ ဒေါ်လာ ၁၀၀၀ ကျော်တန်ထဲကလည်း ရှိပါသေးတယ်။ ထိုအမျိုးအစားကတော့ SVS Prime Tower Surround System ပဲဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၁၉၄၆ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။ စတိုင်လ်ကလည်း မိမိုက်နေပြီး ထွက်လာတဲ့ အသံကလည်း သဘာဝကျကျနဲ့ နားထောင်လို့ ကောင်းပါတယ်။ အုန်းအုန်းကြွတ်ကြွတ်ဖြစ်နေတာမျိုးမဟုတ်ပါဘူး။
(၄) KEF LS50 Wireless II
နောက်ထပ်အမျိုးအစားလေးကတော့ ဒေါ်လာ ၂၈၀၀ ကုန်ကျမယ့် အမျိုးအစားလေးပဲဖြစ်ပါတယ်။ သူ့ရဲ့ဒီဇိုင်းကလည်း အရောင်နဲ့တင် ကြွေသွားမယ့် စပီကာမျိုးပါ။ အသုံးပြုရတာလည်း လွယ်ကူပြီး Wi-Fi နဲ့လည်း အလွယ်တကူ ချိတ်လို့ရသလို USB နှင့် HDMI တို့နဲ့လည်း အလွယ်တကူ ချိတ်နိုင်ပါသေးတယ်။
(၅) JBL Flip 6
စပီကာနဲ့ ပတ်သက်လာရင် JBL ကိုလည်း မေ့မထားသင့်ပါဘူး။ သူ့စပီကာရဲ့ အသံက ကျယ်ပြီး ကြည်လင်နေတာမျိုးပါ။ ထုတ်လုပ်မှုပိုင်းကို ပြောရမယ်ဆိုရင်လည်း ဖုန်မှုန့်များ အလွယ်တကူ ကပ်မသွားအောင်၊ အလွယ်တကူ ရေစိုမသွားအောင် ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၀၀ တည်းသာ ကုန်ကျမှာဖြစ်ပါတယ်။
ကွီးတို့ရဲ့ ဧည့်ခန်းထဲမှာရော ဘယ်လိုခေတ်မီ ပစ္စည်းမျိုးကို ဝယ်ထည့်ထားပါသလဲ။
Source: Digitaltrends
Featured Image: Freepik