အိမ်သုံး ပစ္စည်း များကို ဈေးကြီး ပေးဝယ်နေရပြီး အရည်အသွေး မကောင်းတဲ့အခါ ခေါင်းကိုက် ရတတ်ပါတယ်။ ဒီလိုမျိုး အရည်အသွေး မကောင်းတဲ့ ပစ္စည်း တွေကြောင့် ခေါင်းကိုက် နေရတဲ့အဖြစ်မျိုးက မကင်းဝေးချင်ဘူးလား။ ဒါဆိုရင်တော့ အကုန်အကျ သက်သက်သာသာနဲ့ အရည်အသွေးကောင်းတဲ့ ပစ္စည်းတစ်မျိုး လိုအပ်နေပါပြီ။

ကွာလတီလည်း ကောင်းပြီး ကွီးတို့ရဲ့ ပိုက်ဆံ အကုန်အကျလည်း သက်သာမယ့် နည်းတစ်မျိုးရှိပါတယ်။ ထိုနည်းလမ်းကောင်းကတော့ ပစ္စည်း ပစ္စယများကို ကိုယ်တိုင်ကိုယ်ကျ ဝယ်ပြီး ကိုယ်တိုင် ဖန်တီးခြင်းပဲ ဖြစ်ပါတယ်။

ကွီးတို့က ဈေးအများကြီး ပေးဝယ်ရတဲ့ ဖိနပ်စင်တွေက ရက်ပိုင်းပဲ ခံမယ့်အစား ဈေးသက်သက်သာသာနဲ့ ကြာရှည်အသုံးခံချင်ရင် အခုဖော်ပြပေးမယ့် နည်းလမ်းကို ရွေးချယ်လိုက်ပါ။

(၁) လင်ဗန်းပုံ ဖိနပ်စင်

ဖိနပ်စင်

ဖိနပ်များကို သိမ်းထားဖို့အတွက် နေရာ စီစီရီရီလေး သိမ်းထားဖို့အတွက်တော့ ဒီဖိနပ်စင်လေးက အသင့်တော်ဆုံးပါပဲ။ သစ်သားပြားများကို အစီအရီ ရိုက်ထားပြီး အခုလိုမျိုးလေး သပ်သပ်ရပ်ရပ်လေး သိမ်းထားမယ်ဆိုရင်တော့ ကွီးတို့ရဲ့ အိမ်ရှေ့ မျက်နှာစာက ဖိနပ်တွေနဲ့ ရှုပ်ပွ မနေတော့ဘဲ သပ်သပ်ရပ်ရပ်လေးနဲ့ ကြည့်ကောင်းမှာပဲ ဖြစ်ပါတယ်။

(၂) အံဆွဲ ဖိနပ်စင်

ဖိနပ်စင်

အံဆွဲပုံ ဖိနပ်စင်လေး ဆောက်လုပ်ထားမယ်ဆိုရင် ဖိနပ်တွေ ဖုန်တက်သွားမှာကို ပူနေစရာမလိုတော့ပါဘူး။ အပြင် သွားခါနီးကျမှ ဖိနပ်ကို အသာလေး ဆွဲထုတ်လိုက်ရုံပါပဲ။ အလုပ်ရှုပ် သက်သာတဲ့ ဖိနပ်စင်ကို ညွှန်းပါဆိုရင်တော့ ဒီဖိနပ်စင်က အသင့်တော်ဆုံးပါပဲ။

(၃) ဘတ်ဂျက် ဖိနပ်စင်

ပစ္စည်း ခေါင်းကိုက်

ဒီဖိနပ်စင် ဆောက်လုပ်ဖို့အတွက် သစ်သားပြား ခပ်ကြီးကြီးများ လိုအပ်ပါလိမ့်မယ်။ ဖိနပ်များတယ်ဆိုရင်တော့ စင်ကို ၄ ဆင့်၊ ၅ ဆင့်လောက် ဆောက်လုပ်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒီအိုင်ဒီယာကတော့ ဘတ်ဂျက် ချွေတာချင်တဲ့ ကွီးတို့အတွက် ကွက်တိပါပဲ။

(၄) ကတ်ထူဘူး ဖိနပ်စင်

ပစ္စည်း ခေါင်းကိုက်

ဒီဖိနပ်စင်ရဲ့ အပေါ်ပိုင်းနဲ့ ဘေးသားတွေကတော့ ကတ်ထူကို အသုံးပြုထားတာပဲ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ ဖိနပ်စင်ကို သပ်သပ်ရပ်ရပ်လေးနဲ့ ကြည့်ကောင်းအောင် တည်ဆောက်ထားနိုင်တဲ့အပြင် အသုံးမလိုတဲ့ ကတ်ထူဘူးတွေကို ပြန်လည် အသုံးပြုထားတာဖြစ်တဲ့ အတွက်ကြောင့် ပတ်ဝန်းကျင် ချွေတာရာလည်း ရောက်ပါတယ်။

(၅) ဆဌဂံ ဖိနပ်စင်

ပစ္စည်း ခေါင်းကိုက်

အိမ်ရှေ့ တံခါးဝရဲ့ နံရံအနောက်တည့်တည့်မှာ အခုလိုမျိုး ကပ်ရိုက်ထားမယ်ဆိုရင် ကွီးတို့ရဲ့ ဖိနပ်စင်က သပ်သပ်ရပ်ရပ်လေးနဲ့ ကြည့်ကောင်းနေမှာပါ။ ဖိနပ်များတဲ့ အိမ်တွေအတွက်ကတော့ ဆဌဂံကို တစ်ဝက်ဝက်ပြီး သစ်သားပြားလေး ခံကာ ဖိနပ်များကို သိမ်းထားလို့လည်း ရပါသေးတယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ ဖိနပ်စင် ဒီဇိုင်းတွေထဲက ဘယ်ဒီဇိုင်းကို ကြိုက်နှစ်သက်ပါသလဲ။

Source: Housefulofhandmade

Featured Image: Freepik