ချစ်တင်းနှောတဲ့အခါ ကြီးမှ ကောင်းတာဆိုတဲ့ အတွေးကြီးကို ဖယ်ရှားဖို့ အချိန်တန်ပါပြီ။ ပြီးပြည့်စုံတဲ့ ချစ်တင်းနှောခြင်းဆိုတာ အရွယ်အစားတွေက အဓိက မကျပါဘူး။ ကွီးတို့ ပစ္စည်း က သေး တယ်ဆိုရင်တောင်မှ ယုံကြည်ချက် ရှိရှိနဲ့ ချစ်တင်းနှော နိုင်ပါတယ်။

ပစ္စည်း သေး ပေမယ့် ယုံကြည်ချက်ရှိရှိနဲ့ ချစ်တင်းနှော နိုင်မယ့် အဓိက လျှို့ဝှက်ချက်တစ်ခု ရှိပါတယ်။ ထိုလျှို့ဝှက်ချက်ကတော့ ကွီးတို့က သိုင်းကွက်တွေကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားဖို့ပဲ ဖြစ်ပါတယ်။

အခုဖော်ပြပေးမှာကတော့ ပစ္စည်း သေး တဲ့ ကွီးတို့အတွက် ယုံကြည်ချက်ရှိရှိနဲ့ ချစ်တင်းနှော နိုင်မယ့် သိုင်းကွက်တွေပဲ ဖြစ်ပါတယ်။

ပထမဦးဆုံး သိုင်းကွက်

ပထမဦးဆုံး သိုင်းကွက်

ပထမ သိုင်းကွက်ကတော့ ဒေါ့ဂီ စတိုင်လ် သိုင်းကွက်ပဲ ဖြစ်ပါတယ်။​ ဒီသိုင်းကွက်က ပစ္စည်း သေးမှန်း မသိသာစေတဲ့ သိုင်းကွက်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီသိုင်းကွက်ကို ပြုလုပ်ဖို့အတွက် အရင်ဦးဆုံး ကွီးတို့ရဲ့ ပါတနာကို လေးဘက်ထောက်ခိုင်းထားပြီးနောက် ကွီးတို့က သူ(မ)ရဲ့ တင်ပါး (သို့) ခါး (သို့) ဆံပင်တို့ကို ကိုင်ထားပြီး ချစ်တင်းနှောရမယ့် သိုင်းကွက်ပဲ ဖြစ်ပါတယ်။​

မျက်နှာချင်းဆိုင်ပါ

ပစ္စည်း သေး ချစ်တင်းနှော

ဒီသိုင်းကွက်ကလည်း ကွီးတို့ရဲ့ ပစ္စည်း သေးမှန်း မသိသာစေတဲ့ သိုင်းကွက်တစ်ခုပါ။ အရင်ဦးဆုံး ကွီးတို့က ထိုင်ခုံ (သို့) မွေ့ရာ ကိုယ် သက်သောင့်သက်သာဖြစ်တဲ့ နေရာမှာ ထိုင်ပါ။ ထို့နောက် ကွီးတို့ရဲ့ ရှော်တီကို ကွီးတို့ရဲ့ ပေါင်ပေါ်မှာ မျက်နှာချင်းဆိုင် ထိုင်ခိုင်းထားပြီး ချစ်တင်းနှောရမယ့် သိုင်းကွက်ပဲ ဖြစ်ပါတယ်။​

မြင်းစီးတဲ့ သိုင်းကွက် ထုတ်သုံးပါ

ပစ္စည်း သေး ချစ်တင်းနှော

ဒီသိုင်းကွက်ကျတော့ ကွီးတို့ရဲ့ ရှော်တီလေးကို ဦးဆောင်ခိုင်းဖို့ လိုအပ်ပါလိမ့်မယ်။ ဒီသိုင်းကွက်ကလည်း ပစ္စည်းသေးတဲ့ ကွီးတို့အနေနဲ့ ဘာမှ အားငယ်နေစရာမလိုဘဲ ကိုယ့်ပစ္စည်းနဲ့ကိုယ် ယုံကြည်ချက်ရှိရှိ ချစ်တင်းနှောနိုင်ဖို့ ကူညီပေးမယ့် သိုင်းကွက် တစ်ကွက်ပဲဖြစ်ပါတယ်။​

ကွီးတို့ရော အခုဖော်ပြသွားတဲ့ သိုင်းကွက်တွေထဲက ဘယ်သိုင်းကွက်ကို အများဆုံး ထုတ်သုံးဖြစ်ပါသလဲ။

အခုဖော်ပြတဲ့ လျှို့ဝှက်ချက်က ကွီးတို့အတွက် အဆင်မပြေဘူး။ ကြီးတာကိုမှ ကြိုက်တယ်ဆိုရင်တော့ ကွီးတို့အနေနဲ့ လေ့ကျင့်ခန်း ပြုလုပ်ပြီး သဘာဝအတိုင်း ကြီးလာတာမျိုးကို ဖန်တီးယူနိုင်သလို ခွဲစိတ်ကုသပြီး ကြီးလာအောင်လည်း ဖန်တီးနိုင်ပါတယ်။ ဒါပေမဲ့လည်း ခွဲစိတ်ကုသတာတွေက မလိုအပ်ရင် မခွဲစိတ်တာ အကောင်းဆုံးပါပဲ။ ခွဲစိတ်ချင်သပဆိုရင်လည်း ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီး ဘေးထွက်ဆိုးကျိုးများ၊ နောက်ဆက်တွဲ ဆိုးကျိုးများကို သေချာ သိထားပြီးမှသာလျှင် ခွဲစိတ် ကုသသင့်ပါတယ်။​

ဘာပဲပြောပြော သေးတာ ကြီးတာက ဘဝကြီး တစ်ခုလုံး မဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုယ့် ပစ္စည်းနဲ့ကိုယ် ယုံကြည်ချက်ရှိရှိ နေပါ။ ကွီးတို့ကို တကယ်ချစ်တဲ့ ရှော်တီလေးက ကွီးတို့ ကြီးတာ သေးတာကို ဂရုမစိုက်ပါဘူး။

ကွီးတို့ ရှော်တီလေးကရော ကွီးတို့ကို တကယ် ချစ်ရဲ့လား။

Source: Menshealth

Featured Image: Dailystar.co.uk