ကျွန်တော်တို့ ယောကျာ်းလေး တော်တော်များများ ဂိမ်းဆော့ပြီဆို ပစ်ခတ် တိုက်ခိုက်ရတဲ့ Shooting ဂိမ်းတွေ အများဆုံး ဆော့ကြပါတယ်။ အမြဲတမ်းကြီး ပစ်ခတ်နေရတာကို ငြီးငွေ့လာလို့ ဖြစ်ဖြစ် ၊ အပြောင်းအလဲ ဖြစ်စေမယ့် မတူတဲ့ ဂိမ်းလေးတွေ ဆော့ကြည့်ချင်လို့ ဖြစ်ဖြစ် ကွီးတို့အတွက် အသင့်တော်ဆုံး ဖြစ်စေမှာကတော့ Sports ဂိမ်းတွေပါပဲ။ ဒီတစ်ခေါက်မှာတော့ ကျွန်တော်တို့ ယောကျာ်းလေးတွေ ကြိုက်နှစ် သက်တဲ့ ဘောလုံးဂိမ်းအပါအဝင် စိတ်ဝင်စားစရာ Sports ဂိမ်း တွေကောင်းလေးတွေကို ညွှန်းပေးချင်ပါတယ်။

(၁) PES 2021

 

 

Source : eFootball

PES 2021 ဂိမ်း လေးကတော့ ဘောလုံးဖန်တွေအတွက်ပါ။ ဒီဂိမ်းက PES 2019 နဲ့ တော်တော်လေး ဆင်တူပါတယ်။ PES 2019 ကို ကြိုက်တယ်ဆိုရင် PES 2021 ကလည်း သေချာပေါက်အကြိုက်တွေ့မှာပါ။ ဒီဂိမ်းရဲ့ အားသာချက်က အပြင်မှာတကယ်ရှိတဲ့ နာမည်ကြီးဘောလုံးအသင်းတွေနဲ့ ဘောလုံးသမားတွေ တော်တော်များများ ပါတာပါ။ ရိုးရှင်းတဲ့ ဂိမ်း Controls တွေနဲ့ Graphics ပိုင်းမှာလည်း တော်တော်လေး မိုက်ပါတယ်။ တစ်ဦးတည်းကစားနိုင်သလို ဘော်ဒါတွေနဲ့ပါ ချိတ်ဆက် ကစားလို့ရမယ့်အပြင် Free to Play ပါ ကစားလို့ ရတာဆိုတော့ Try ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။

(၂) NBA Live Mobile

Source : EA SPORTS NBA LIVE

Sports ဂိမ်းတွေထဲမှာ ဘောလုံးပြီးရင် လူကြိုက်အများဆုံးက Basketball ဂိမ်း တွေပါပဲ။ NBA Live Mobile ဟာ တော်တော်လေး အထာကျတဲ့ Basketball ဂိမ်းတစ်ခုပါ။ Sports ဂိမ်းချစ်သူတွေကြားမှာ နာမည်ကြီးပြီးသား ဖြစ်သလို လူသိလည်း များပါတယ်။ ကိုယ်ပိုင်အသင်း တည်ဆောက်တာ ၊ အွန်လိုင်း ပြိုင်ပွဲတွေ ယှဉ်ပြိုင်ရတာ အပါအဝင် အခြားစိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေ အများကြီး ရှိနေပါတယ်။ ဒီဂိမ်းက EA ဂိမ်းတွေထဲမှာ တော်တော်လေး ထူးခြားကောင်းမွန်တဲ့ ဂိမ်းတစ်ခုဖြစ်ပြီး NBA Jam ထက်ပို Realistic ဖြစ်ပါတယ်။ Free to Play လို့ ဆော့ကစားလို့ ရတာဖြစ်တာကြောင့် Basketball ဂိမ်းကောင်းကောင်း ဆော့ချင်ရင် လုံးဝစမ်းကြည့်သင့်တဲ့ ဂိမ်းတစ်ခုပါပဲ။

(၃) MLB 9 Innings 22

Source : Com2uS 컴투스

MLB 9 Innings 22 ကတော့ Baseball ဂိမ်း တစ်ခုဖြစ်ပါတယ်။ ဒီဂိမ်းမှာ MLB ကစားသမား ၂၀၀၀ ခန့် ၊ MLB ဘောလုံးကွင်း ၃၀ လုံးနဲ့ ကစားသမားတွေရဲ့ ထူးဆန်းတဲ့ ဘောလုံးပစ်ခတ်စတိုင်တွေနဲ့ Batting Stances တွေ ပါပါတယ်။ Gacha-Style ဂိမ်းပုံစံတစ်ခု ဖြစ်ပြီးတော့ ပြိုင်ပွဲတွေ ပါဝင်ယှဉ်ပြိုင်ဖို့ ကိုယ်တိုင် Baseball အသင်းတစ်သင်း တည်ဆောက်ကစားရမှာ ဖြစ်ပါတယ်။ MLB 9 Innings 22 ဂိမ်းက တော်တော်လေး အထာကျသလို Free to Play ဆော့ကစားလို့လည်း ရပါတယ်။

(၄) World of Tennis: Roaring ’20s

Source : Tennis games by Helium9 Games

World of Tennis: Roaring ’20s ကတော့ အံ့ဩဖို့ကောင်းလောက်အောင် လူကြိုက်များတဲ့ Tennis ဂိမ်း တစ်ခုပါ။ ဒီဂိမ်းက တော်တော်လေး ကောင်းမွန်တဲ့ Tennis ဂိမ်းတစ်ခု ဖြစ်ပြီး Tennis Player တစ်ယောက်အဖြစ် Career စတင်ရမှာ ဖြစ်သလို Online Multiplayer Mode နဲ့လည်း‌ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ Tennis ဝါသနာရှင်တွေအနေနဲ့ World of Tennis: Roaring ’20s ဂိမ်းလေးကို Free to Play ဆော့ကစားလို့ရမှာ ဖြစ်ပါတယ်။

Featured Photo : EA Mobile Games