ဂိမ်းဝါသနာရှင် ကွီးတို့ရှိပါသလား။ အရင်တုန်းက ဘော်ဒါတွေနဲ့အတူ ဂိမ်းဆိုင်မှာ ဂိမ်းဆော့ရတဲ့ အချိန်တွေက တကယ်ကို ပျော်စရာ အမှတ်တရတွေပဲ မဟုတ်ပါလား။ ဒီလိုအချိန်တွေ ပြန်သွားဖို့ ကွီးတို့ ဂိမ်းဆိုင်လည်း သွားစရာမလိုသလို တစ်နေရာတည်းမှာ PC အများကြီးလည်း ရှိစရာမလိုတော့ပါဘူး။ ပေါ့ပေါ့ပါးပါး ဖုန်းတွေနဲ့ပဲ ကစားလို့ ရနေပါပြီ။ နည်းပညာတွေ ဖွံ့ဖြိုးလာတာနဲ့အမျှ စွမ်းဆောင်ရည်မြင့်ဖုန်းတွေကလည်း ဈေးကွက်မှာ အများအပြားပါပဲ။ ဒါ့အတူ အမိုက်စားဂိမ်း တော်တော်များများကိုလည်း ဖုန်းတွေမှာ အလွယ်တကူ ကစားလို့ရပါတယ်။ ဒီတစ်ခါမှာတော့ အားလပ်ရက်မှာ ဘော်ဒါတွေနဲ့ အပီချဲ ဖို့ အမိုက်စား မိုဘိုင်းလ်ဂိမ်းများ ကို ဝေမျှပေးချင်ပါတယ်။

Teamfight Tactics

 

Source : Teamfight Tactics Mobile

ကွီးတို့အတွက် ပထမဆုံးဖော်ပြပေးချင်တဲ့ ဂိမ်းလေးကတော့ Teamfight Tactics ဖြစ်ပြီး Riot Games မှ ထုတ်လုပ်ပြီး ထုတ်ဝေသည့် အော်တိုတိုက်ပွဲဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဂိမ်းက League of Legends ရဲ့ အလှည့်အပြောင်းဖြစ်ပြီး Dota Auto Chess ကိုအခြေခံထားပါတယ်။ ကစားသမားများက အသင်းတစ်သင်းကို တည်ဆောက်ပြီး အခြားပြိုင်ဘက်ခုနစ်ဦးနှင့် အွန်လိုင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Real Racing 3

 

Source : Real Racing

ဘော်ဒါတွေနဲ့ ကားမောင်းပြိုင်ချင်ပါသလား။ ဒါဆိုရင်တော့ စိတ်လှုပ်ရှားပြီး အပြိုင်အဆိုင် ကစားရမယ့် Real Racing 3 ဆိုတဲ့ ဂိမ်းလေးရှိပါတယ်။ ဒီဂိမ်းလေးမှာ ကောင်းမွန်လှတဲ့ ဂရပ်ဖစ်များနှင့် ထိပ်တန်းလုပ်ဆောင်ချက်များ ပါဝင်ပါတယ်။ ဒါ့အပြင် ဘော်ဒါတွေနဲ့ ပြေးလမ်းပေါ်မှာ အပီချဲ ဖို့ Multiplayer Mode ဖြင့် ကစားနိုင်ပါတယ်။

League of Legends- Wild Rift

Photo : League of Legends- Wild Rift

ဒီဂိမ်းကတော့ ၎င်းရဲ့ ကောင်းမွန်သော တင်ဆက်မှု၊ မိုဘိုင်းလ်နှင့် လိုက်ဖက်သောဒီဇိုင်းအပြင် ပါဝင်သော ဂိမ်းဇာတ်ကောင်များကြောင့် အကောင်းဆုံးမိုဘိုင်းလ် MOBA များထဲမှတစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒီဂိမ်း ပိုမိုချဉ်းကပ်ရလွယ်ကူသော ဗားရှင်းတစ်ခုဖြစ်ပြီး စိတ်ဝင်စားဖွယ်ကစားရမယ့် ဂိမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ကွီးတို့ မကစားဖူးသေးရင် ဘော်ဒါတွေနဲ့အတူ ဒီဂိမ်းလေးကိုလည်း ကစားကြည့်လိုက်ပါဦး။

Asphalt 9: Legends

Photo : Asphalt

ဒီဂိမ်းလေးကလည်း ဘော်ဒါတွေနဲ့ ကစားလို့ရတဲ့ နောက်ထပ် Racing ဂိမ်းတစ်ခုပါပဲ။ ဒီဂိမ်းကို iOS၊ Android နဲ့ Windows မှာပါ ကစားလို့ရပါတယ်။ ကွီးတို့ကြိုက်နှစ်သက်ရာ ကားအမျိုးအစားကို ရွေးချယ်ပြီး ဘော်ဒါတစ်သိုက်နဲ့ ကားမောင်းပြိုင်လိုက်ပါ။ တကယ်ကိုမိုက်တဲ့ ဂရပ်ဖစ်တွေနဲ့ ကွီးတို့စိတ် ကျေနပ်စေမှာပါ။

Call of Duty : Mobile

Photo : Call of Duty

ဒီဂိမ်းကတော့ အထူးတလည် ပြောစရာမလိုတော့အောင် ကွီးတို့နဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ ကွီးတို့ ဘော်ဒါတွေနဲ့ အမိုက်စားဂိမ်းကို ကစားချင်တယ်ဆိုရင်တော့ Call of Duty : Mobile ကိုသာ ရွေးချယ်လိုက်ပါ။ ဒီဂိမ်းက First-Person Shooter ဂိမ်းတစ်ခုဖြစ်ပြီး အခမဲ့ ကစားနိုင်ပါတယ်။ ကောင်းမွန်ပြီး ကြည်လင်ပြတ်သားသော ဂရပ်ဖစ်တွေနဲ့ စိတ်ဝင်စားဖွယ် ကစားနိုင်တာကြောင့် ကွီးတို့ အကြိုက်တွေ့မှာတော့ အသေအချာပါပဲ။

ကွီးတို့အတွက် ဘော်ဒါတွေနဲ့ အပီချဲ ဖို့ အမိုက်စား မိုဘိုင်းလ်ဂိမ်းတွေကို ဝေမျှပေးလိုက်တာ ဖြစ်ပါတယ်။ ဒီမိုဘိုင်းလ်ဂိမ်းတွေက Android ရော IOS မှာပါ ကစားနိုင်ပါတယ်။ ဒါ့အပြင် အခြားသော Multiplayer မိုဘိုင်းလ်ဂိမ်း အချို့ကတော့ Among Us၊ Clash Royale၊ Sky: Childen of Light၊ Pokenmon Go၊ Minecraft စသည်ဖြင့် အများကြီး ရှိပါသေးတယ်။ Gamer ကွီးတို့အတွက် ဆက်လက်ဖော်ပြပေးပါဦးမယ်။

Source : Bee Bom

Featured Photo : Nintendo