ချစ်တင်းနှောခြင်း ဖောင်းဒိုင်းလုပ်ခြင်းနဲ့ ပတ်သက်ပြီးတော့ 1st time ဆိုရင် လူတော်တော်များများက အလွှဲအမှားတွေ ရှိတက်ကြမှာ သဘာဝပါပဲ။ ဒါပေမယ့် ကိုယ်တိုင်က လိင်ပိုင်းဆိုင်ရာ အသိပညာတွေ အသေအချာ သိရှိထားမယ်ဆိုရင် ကိုယ်ရဲ့ ပထမဆုံးအကြိမ် ဟာ စိတ်ညစ်စရာတွေ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ နည်းသထက်နည်းသွားနိုင်ပါလိမ့်မယ်။ ဒါကြောင့် မဖောင်းဒိုင်းဖူးသေးသူတွေ တချက်လောက် သေချာဖတ်ကြည့်လိုက်ပါနော်။
Photo : CNN
ပထမဆုံးအကြိမ်ဆိုတော့ လူနှစ်ဦး ချစ်သူနှစ်ဦးကြားမှာ စိတ်ခံစားချက်တွေ အချစ်တွေ မွှန်းထုံနေမှာ ဖြစ်ပေမယ့် လုံးဝ မမေ့သင့်တာက ကိုယ်ရဲ့ ပထမဆုံးအကြိမ်မှာ safety ဖြစ်နေဖို့ပါ။ ကွန်ဒုံးကို အသုံးပြုခြင်းက မလိုလားအပ်တဲ့ ကိုယ်ဝန်ရခြင်းတွေအပြင် လိင်ကနေ ကူးစက်တက်တဲ့ ရောဂါဘယတွေကိုပါ ကာကွယ်ပေးနိုင်တာကြောင့်ပါ။
Photo : MindBodyGreen
ငါရဲ့ ပထမဆုံးဖောင်းဒိုင်းဟာ ဘယ်လိုဘယ်ပုံနဲ့ ခမ်းနားဆန်းပြား အလန်းစားဆိုပြီး သိပ်မတွေးထားပါနဲ့။ ဒီလိုတွေ တွေးတာထက် တကယ်အရေးကြီးတာက ကောင်းမွန်တဲ့ ဖောင်းဒိုင်း ဖြစ်လာဖို့ သင်ယူတာကသာ အချိန်ကြာလာတာနဲ့အမျှ သင်ရဲ့အရည်အချင်းတွေ ဖြစ်လာပါလိမ့်မယ်။
Photo : Time Applaud
ပထမဆုံးအကြိမ်မို့ စိတ်တွေမထိန်းချုပ်နိုင်တော့ဘဲ နွားသိုးကြိုးပြတ်တွေ ထလုပ်မယ်ဆိုရင် ခင်ဗျားတို့ကို စိတ်ပျက်သွားနိုင်ခြေများပါမယ်။ ဒါကြောင့် မဖောင်းဒိုင်းခင်မှာပဲ အချိန်လေးယူပြီး အင်ထရိုလေးတွေ ခပ်များများ လုပ်ပေးရပါမယ်။ နမ်းရှုံ့တာတို့ ဖက်ထားတို့တွေ ချစ်စကားလေးတွေ တဖွဖွ ပြောပေးတာ ကိုယ့်ချစ်သူရဲ့ အလှတရားတွေကို တင်စားတာမျိုးတွေ ပထမဆုံး ဖောင်းဒိုင်းမယ့် အချိန်မှာဆို ပိုလို့တောင် အသုံးဝင်ပါတယ်။
Photo : AskMen
ဖောင်းဒိုင်းမလုပ်ခင် နောက်ထပ် အရေးကြီးတာတစ်ခုက ဥပမာပေး ပြောရမယ်ဆိုရင် သိုင်းချတော့မယ့် လူတစ်ယောက်ဟာ သိုင်းချဖို့အတွက် သူ့မှာ ပြည့်စုံလုံလောက်နေရပါမယ်။ စိတ်ပိုင်းရော ရုပ်ပိုင်းမှာ လုံးဝ ဖောင်းဒိုင်းဖို့အတွက် ready ဖြစ်နေဖို့ လိုအပ်ပါမယ်။
နောက်တစ်ခုက ပထမဆုံးအကြိမ် ဖောင်းဒိုင်းတဲ့အခါမှာ နာကျင်မှုက ရှိတက်တာမို့ ကိုယ်ရဲ့ ပါတနာက နာကျင်မှု တော်တော်ကြီး ခံစားနေရပြီဆိုတာနဲ့ ကိုယ့်ဘက်ကနေ ဂရုတစိုက်လေး မေးမြန်းပေးဖို့ အရမ်းကြမ်းကြမ်းတမ်းတမ်းတွေ မဖောင်းဒိုင်းမိဖို့လည်း လိုပါမယ်။ ဒီကိစ္စက ကိုယ်နဲ့ ကိုယ့်လက်တွဲဖော်တို့ အတူတူ ဖြစ်ကြတဲ့ ကိစ္စမို့ ကိုယ့်အတွက်သာမကြည့်ဘဲ သူ့ကိုပါ တယုတယလေး ဆက်ဆံပေးလိုက်မယ်ဆိုရင် ကိုယ်ရဲ့ 1st time ဖောင်းဒိုင်းလေးက almost perfect ဖြစ်သွားပါလိမ့်မယ်။
Featured Photo : YourTango