လူတိုင်းမှာ ရည်မှန်းချက် ပန်းတိုင် ကိုယ်စီ ကိုယ်စီ ရှိကြပါတယ်။ ရည်မှန်းချက် ပန်းတိုင် မရှိသူတွေကတော့ ဘယ်ဆီဘယ်ဝယ် ပျံသန်းရမှန်းမသိတဲ့ ငှက်ငယ်လေးတစ်ကောင်နဲ့ အလားသဏ္ဍာန် တူပါတယ်။ ထိုကဲ့သို့ မဖြစ်ဖို့အရေး ရည်မှန်းချက် ပန်းတိုင် တစ်ခု ထားရှိပြီး ကိုယ့်ရဲ့ ပန်းတိုင်ဆီသို့ အရောက် လှမ်း နိုင်ဖို့ အမြဲတမ်း ကြိုးစားနေရမှာပဲ ဖြစ်ပါတယ်။

ကွီးရဲ့ ဘဝ ရည်မှန်းချက် ပန်းတိုင် တွေဆီသို့ အောင်မြင်စွာ လျှောက် လှမ်း နိုင်ဖို့ ကူညီပေးမယ့် နည်းလမ်းကောင်းများ ရှိပါတယ်။ ကွီးတို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို အဆုံးအထိ ဖတ်ရှုကြည့်လိုက်ပါ။

မှန်ကန်သော နည်းလမ်းဖြင့် ကြိုးစားအားထုတ်မှု ရှိခြင်း

မှန်ကန်သော နည်းလမ်းဖြင့် ကြိုးစားအားထုတ်မှု ရှိခြင်း

အောင်မြင်မှု ပန်းတိုင်တွေရောက်ဖို့ ထိုက်သင့်တဲ့ ကြိုးစားအားထုတ်မှု လိုအပ်ပါတယ်။ အောင်မြင်မှုဆိုတာ တကယ်ကြိုးစားမှုကနေ လာတာပါ။ ကြိုးစားအားထုတ်မှု မရှိပဲနဲ့တော့ ဘာကိုမှ မရနိုင်ပါဘူး။ အလုပ်မကြိုးစားဘဲ ထိပ်ဆုံးရောက်တယ်ဆိုတာ မရှိကြောင်း နားလည်ပါ။ ကွီးတို့မှတ်ထားရမှာက ကြိုးစားသူတိုင်းအတွက် အမြဲတမ်း နေရာတစ်နေရာ ရှိနေပြီး ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို အနည်းနဲ့ အမြန်ရောက်ရှိမယ် ဆိုတာပါပဲ။ ဘယ်လောက်ပဲ ခက်ခဲတဲ့အလုပ်ဖြစ်ပါစေ ကိုယ်တိုင်ကြိုးစားပြီး ပြီးမြောက်အောင်မြင်တဲ့အခါ ကျေနပ်အားရမှုနဲ့ ယုံကြည်ချက်ရှိမှုတို့ကို ပိုမိုတိုးမြှင့်စေနိုင်ပါတယ်။ ဒါကြောင့် မှန်ကန်သော နည်းလမ်းဖြင့် ကြိုးစားပါ။ အချိန်မဆွဲပဲ အားသွန်ခွန်စိုက် ကြိုးစားအားထုတ်ပါ။

ကိုယ့်ရဲ့ အားနည်းချက်များ၊ အားသာချက်များကို သိရှိခြင်း

ပန်းတိုင် လှမ်း

ဘဝ မှာ အောင်မြင်မှု ရချင်ရင် ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ဖို့လည်း အရေးကြီးပါတယ်။ ကိုယ်လျှောက်နေတဲ့ လမ်းဟာမှန်ရဲ့လား။ ကိုယ်ရဲ့ လိုအပ်ချက်တွေက ဘာပါလဲ။ ကိုယ့်ရဲ့ အားသာချက်တွေက ဘာတွေလဲ။

ဘယ်လို လုပ်ရင် အားနည်းချက်တွေကို အားသာချက်ဖြစ်သွားအောင် ပြောင်းလဲပစ်နိုင်မလဲ။ ဘယ်လိုနည်းလမ်းက မိတ်ဆွေတို့အတွက် ပိုပြီး အကျိုးရှိစေမလဲ စသည်ဖြင့် အမြဲသုံးသပ်ဖို့လိုပါတယ်။ လိုအပ်သေးလျှင် ထပ်ကြိုးစားပါ။ မှားနေလျှင် အချိန်မှီပြုပြင်ပါ။ ကွီးတို့ အကြောင်းကို ကွီးတို့ ကိုယ်တိုင်ထက် ဘယ်သူမှ ပိုမသိနိုင်ပါဘူး။

မိမိကိုယ်ကိုယ် အမြဲတစေ စိန်ခေါ်နေခြင်း

ပန်းတိုင် လှမ်း

လူတော်တော်များများက ကိုယ့်အတွက် စိန်ခေါ်မှုနဲ့ အခက်အခဲလည်း မရှိဘဲ သိပ်မဆိုးလှတဲ့ နေရာတစ်နေရာ ရောက်ပြီဆိုရင် ထိုနေရာကနေ ရုန်းမထွက်နိုင်တော့ပါဘူး။ ဒါဟာ တကယ်ကို အောင်မြင်မှုကို တက်လှမ်းချင်တဲ့ သူတွေအတွက် မဖြစ်မနေ ရုန်းထွက်လာရမဲ့ Comfort Zone ပါပဲ။ ကွီးတို့ လက်ရှိရောက်နေတဲ့ နေရာက ကွီးတို့အတွက် စိန်ခေါ်မှုလည်းမရှိဘူး၊ မတိုးတတ်စေဘူးဆိုရင် ထိုနေရာက ရုန်းထွက်လိုက်ပါ။ ကွီးတို့ အောင်မြင်မှုဆီကို တက်လှမ်းဖို့အတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို ယုံကြည်မှု ရှိရှိ ရင်ဆိုင်ပြီး ကွီးတို့ရဲ့ အရည်အချင်းကို မြှင့်တင်လိုက်ပါ။

အရာရာကို တွေးပူမနေပါနဲ့

ပန်းတိုင် လှမ်း

အလုပ်ကိစ္စတစ်ခုကဖြင့် မလုပ်ရသေးဘူး၊ ငါ လုပ်ရင်ဖြစ်ပါ့မလား၊ အောင်မြင်နိုင်ပါ့မလား၊ တစ်စုံတစ်ရာ မှားယွင်းသွားပြီး ရှုံးနိမ့်သွားရင် ဘယ်လိုလုပ်မလဲ အစရှိသဖြင့် စိုးရိမ်စိတ်များ ဝင်နေမယ်ဆိုရင်တော့ ထိုအလုပ်သည် အောင်မြင်လာနိုင်ချေမရှိပါဘူး။ ကိုယ့်ကိုယ်ကို အဆိုးမြင်စိတ်များဖြင့် ခြံရံထားမယ့်အစား အကောင်းမြင်စိတ်များဖြင့်သာ ခြံရံထားဖို့လိုအပ်ပါတယ်။ “ငါ လုပ်နိုင်တယ်၊ ငါ ကြိုးစားရင် အောင်မြင်မှာ၊ အချိန်ရှိသေးတယ် သေချာကြိုးစားရမယ်” စသည်ဖြင့် ကိုယ့်ကိုယ်ကို အားပေးလိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပြီး အားပေးမယ်ဆိုရင်တော့ အောင်မြင်မှုနှင့် တဖြည်းဖြည်း နီးစပ်လာမှာပဲဖြစ်ပါတယ်။

ကွီးတို့ရော ကိုယ့်ကိုယ်ကိုယ် သံသယတွေ ဝင်ကာ ယုံကြည်မှု အားနည်းနေတုန်းလား။ ဒါဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ရှိအောင် အမြန်ဆုံး ကြိုးစားယူလိုက်ပါ။ ဒါမှသာလျှင် အောင်မြင်မှု ပန်းတိုင် ဆီ အမြန်ဆုံး လျှောက် လှမ်း သွားနိုင်မှာပဲဖြစ်ပါတယ်။

Source : Forbes

Featured Photo : Lifehack