ပြင်းပြ တဲ့ စိတ်ဓာတ် ပိုင်ဆိုင် ထားခြင်းသည် အောင်မြင်မှုရဲ့ အစပဲဖြစ်ပါတယ်။ ပြင်းပြတဲ့ စိတ်ဓာတ် ဆိုတာသည် မျှော်လင့်ချက်သပ်သပ်လည်း မဟုတ်သလို၊ ဆုတောင်းသပ်သပ်လည်း မဟုတ်ပါဘူး။ မျှော်လင့်ချက်၊ တောင်းဆုနဲ့ ကွီးတို့ရဲ့ ကြိုးစား အားထုတ်မှုတို့ကို ပေါင်းစပ်ထားတဲ့ အရောအနှော တစ်ခုဖြစ်ပါတယ်။

ကွီးတို့ဆီမှာလည်း ပြင်းပြ တဲ့ စိတ်ဓာတ် မျိုး ပိုင်ဆိုင် ထားမယ်ဆိုရင်တော့ ကွီးတို့ လိုချင်တာတွေ အကုန်လုံးကို ရယူပိုင်ဆိုင်နိုင်ပါတယ်။

ဒီလိုမျိုး ပြင်းပြ တဲ့ စိတ်ဓာတ် မျိုး မပိုင်ဆိုင်ထားသေးဘူးဆိုရင်တော့ စိတ်မပူပါနဲ့။ ထိုစိတ်ဓာတ်မျိုးကို ကွီးတို့ကိုယ်တိုင် မွေးမြူနိုင်ပါတယ်။

အဆင့် (၁) ကိုယ့်ရဲ့ ရည်မှန်းချက်ကို သေချာ ပုံဖော်ပါ

successful goal

ပြင်းပြတဲ့ စိတ်ဓာတ်ကို မွေးမြူဖို့အတွက် အရင်ဦးဆုံး ကိုယ် ဘာဖြစ်ချင်သလဲဆိုတာကို ပုံဖော်ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။ နောက် (၅) နှစ်ကြာတဲ့အခါ ဘယ်လိုမျိုး ဘယ်နယ်ပယ်မှာ အောင်မြင်မှုကို ပိုင်ဆိုင်ထားသလဲဆိုတာကို ကိုယ့်ဘာသာ ပုံဖော်ကြည့်လိုက်ပါ။ ကိုယ်က စီးပွားရေးပိုင်းမှာ အောင်မြင်နေတဲ့ ပုံစံမျိုးကို မြင်နေရပါသလား၊ ဒါမှမဟုတ် အနုပညာ နယ်ပယ်မှာ လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ ပုံစံမျိုးကို ကျေနပ်နေပါသလား။ ကိုယ့်ကိုယ်ကိုယ် ပုံဖော်ကြည့်ခြင်းကတော့ ပထမအဆင့် ပြုလုပ်ရမှာပဲဖြစ်ပါတယ်။

အဆင့် (၂) တိကျ ပြတ်သားတဲ့ ရည်မှန်းချက် ပန်းတိုင်တစ်ခု ထားရှိပါ

successful goal

ပထမအဆင့် ပြီးသွားပြီ၊ ကိုယ် ဘာဖြစ်ချင်သလဲဆိုတာကို သိသွားပြီဆိုရင်တော့ တိကျ ပြတ်သားတဲ့ ရည်မှန်းချက်တစ်ခု ထားရှိဖို့ လိုအပ်ပါပြီ။ ကိုယ့်ရဲ့ ရည်မှန်းချက်က အကြီးကြီး ဖြစ်နေပြီး ဖြစ်လာနိုင်ပါ့မလား၊ ငါ လုပ်နိုင်ပါ့မလားလို့ ကိုယ့်ကိုယ်ကိုယ် သံသယ ဝင်နေမယ့်အစား ပန်းတိုင် ငယ်များ ချမှတ်ထားလိုက်ပါ။ နောက် ၅ နှစ်မှ ဘာဖြစ်ရမယ်ဆိုပြီး အကြီးကြီး တွေးပြီးတဲ့အခါ၊ အဲ့ဒီ ၅ နှစ်စာ ဖြစ်မြောက်ဖို့ရန်အတွက် ဒီတစ်လမှာ ဘာလုပ်ရမယ်၊ နောက်တစ်လမှာ ဘာလုပ်ရမယ်ဆုတဲ့ ရည်မှန်းချက် သေးသေးလေးတွေကို အရင်ပြည့်မြောက်အောင် အကောင်အထည်ဖော်ပါ။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ ရည်မှန်းချက် အကြီးကြီးက ပြည့်မြောက်လာမှာ အမှန်ပါပဲ။

အဆင့် (၃) ကိုယ့်ရဲ့ စိတ်ဓာတ်အတွက် လောင်စာ ထည့်ပါ

motivation

ကွီးတို့ဆီမှာ ပြင်းပြတဲ့ စိတ်ဓာတ်မျိုး ပိုင်ဆိုင်ဖို့အတွက် အားဖြည့်ပေးမယ့် လောင်စာကတော့ ဝါသနာပဲဖြစ်ပါတယ်။ ဘယ်အလုပ်မဆို ဝါသနာပါရင် အကောင်းဆုံးပါပဲ။ ကိုယ် ဝါသနာပါတဲ့ အလုပ်ကို လုပ်နေရတာလောက် ပျော်စရာကောင်းတာ မရှိသေးပါဘူး။

အဆင့် (၄) စဥ်ဆက်မပြတ် လေ့လာ သင်ယူပါ

ပြင်းပြ ပိုင်ဆိုင်

နေ့ရက်တိုင်းမှာ အသစ် အသစ်သော သင်ယူမှုတွေကို ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဗဟုသုတများကို ရှာဖွေ ဆည်းပူးပါ။ ကိုယ့်ရဲ့ အရည်အချင်းတွေကို ပိုမို တိုးတက်လာအောင် အမြဲတမ်း သွေးနေရပါမယ်။ စာအုပ် ဖတ်စရာရှိတာ ဖတ်ပါ။ Podcasts တွေ နားထောင်စရာ ရှိရင် နားထောင်ပါ။ သင်တန်းတွေ တက်စရာ လိုတယ်ဆို တက်လိုက်ပါ။ ကိုယ် စံပြ နမူနာထားရတဲ့ လူတွေထံမှလည်း လေ့လာသင်ယူပါ။ စူးစမ်းချင်စိတ်ကို အမြဲတမ်း မွေးမြူထားရပါမယ်။​

အဆင့် (၅) အခက်အခဲများကို ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွှားပါ

ပြင်းပြ ပိုင်ဆိုင်

အခက်အခဲဆိုတာတော့ နေရာတိုင်းမှာ ရှိပါတယ်။ အခက်အခဲနဲ့ ကြုံတွေ့ရတဲ့အခါ လက်မလျော့ဘဲ ကိုယ့်ရဲ့ ပညာ အရည်အချင်းများနဲ့ ကြံ့ကြံ့ခံအောင် ကျော်လွှားသွားဖို့ လိုအပ်ပါတယ်။ ကြုံတွေ့ရတဲ့ အခက်အခဲများကို ကိုယ့်ရဲ့ အောင်မြင်မှုအတွက် လှေကားထစ်များ သဖွယ် အသုံးချလိုက်ပါ။

အဆင့် (၆) ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို အောင်မြင်မှုများနဲ့သာ ဝန်းရံထားပါ

ပြင်းပြ ပိုင်ဆိုင်

ကွီးတို့ က ဝိတ်ချဖို့ ကြိုးစားနေချိန်မှာ ကိုယ့်လိုမျိုးပဲ ဝိတ်ချချင်စိတ် ရှိတဲ့သူနဲ့ တွဲသွား တွဲလာ လုပ်နေမှသာလျှင် ကွီးတို့ရဲ့ ဝိတ်ချမယ့် ပန်းတိုင်က အောင်မြင်မှာပါ။ ဒီလိုမှမဟုတ်ဘဲ အစားအသောက် ခုံမင်တဲ့ ဝဝ ကစ်ကစ် ဘီးကျဲတစ်ဗွေနဲ့ ပေါင်းမိလို့ကတော့ ကွီးတို့ရဲ့ ပန်းတိုင်က အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။

ထိုနည်းတူပဲ​ ကွီးတို့က အောင်မြင်မှုတစ်ခုကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ကိုယ့်လိုပဲ လိုချင်စိတ် ရှိတဲ့သူ၊ တိုးတက်ချင်စိတ် ရှိတဲ့သူနဲ့သာ အပေါင်းအသင်း လုပ်သင့်ပါတယ်။​ သူတို့ဆီကနေ လေ့လာ သင်ယူစရာရှိတာ လေ့လာသင်ယူပါ။ အဆက်အသွယ်ကောင်းများ ဖန်တီးပါ။ ဒီလိုကနေ စွမ်းအင်တွေက ကွီးတို့ဆီသို့ ကူးစက်လာမှာပဲဖြစ်ပါတယ်။

အဆင့် (၇) အားစိုက်ထုတ်ပါ

ပြင်းပြ ပိုင်ဆိုင်

ဘယ်လောက်ပဲ ခမ်းနား ကြီးကျယ်တဲ့ ရည်မှန်းချက် ပန်းတိုင်တစ်ခုဖြစ်နေပါစေ၊ ကွီးတို့က ဘာမှ မလုပ်ဘူးဆိုရင်တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် နေ့စဥ် နေ့တိုင်းမှာ ကိုယ် လုပ်စရာရှိတာကို မှန်မှန် ပြုလုပ်သွားဖို့ လိုအပ်ပါတယ်။ ဖြည်းဖြည်း မှန်မှန်နဲ့ ပြုလုပ်ပေးခြင်းအားဖြင့် ကွီးတို့ရဲ့ ရည်မှန်းချက် ပန်းတိုင်က တစ်ချိန်ချိန်မှာ ပြည့်ဝလာမှာပဲဖြစ်ပါတယ်။

ကွီးတို့ရော ပြင်းပြတဲ့ စိတ်ဓာတ်မျိုး မပိုင်ဆိုင်ချင်ဘူးလား။

Source: Linkedin

Featured Image: Freepik