ရည်မှန်းချက် ပန်းတိုင် တွေဆီရောက်ဖို့ ထင်သလောက် မလွယ်ပါဘူး။ သင့်ရဲ့ ဆုံးဖြတ်ချက် တစ်ခုစီတိုင်းက ပန်းတိုင်အပေါ် အများကြီး သက်ရောက်မှုရှိပါတယ်။ ရည်မှန်းချက်တွေရဲ့အစ ခရီးမှာ စိတ်အားတက်ကြွခဲ့သလောက် လမ်းတဝက်အရောက်မှာ လက်လျော့လှည့်ပြန်ကြသူတွေလည်း ဒုနဲ့ထေးပါပဲ။ ဒါဆို လူတွေဘာကြောင့် ပန်းတိုင်မရောက်ခင်မှာ လက်လျော့သွားကြတာလဲ။ အဖြေကတော့ အခုပြောပြမယ့် အချက်တွေကြောင့်ပါပဲ။

(၁) ဇွဲမရှိလို့

ပန်းတိုင်

Photo : Power of Positivity

ဒါကတော့ အသိသာအထင်ရှားဆုံး အချက်တစ်ခုပါပဲ။ ဘာပဲလုပ်လုပ် ဇွဲမရှိရင် အောင်မြင်မှုရလဒ်ဆိုတာ မထွက်ပါဘူး။ ဇွဲလုံ့လမရှိတဲ့သူတွေက အရာရာတိုင်းကို လွယ်တယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် အခက်အခဲနည်းနည်းတွေ့တာနဲ့ လက်လျော့ချင်စိတ်က များကြပါတယ်။ ဒီတော့ ရည်မှန်းထားတဲ့ ပန်းတိုင် တွေကို ဘယ်တော့မှ မရောက်နိုင်တော့ပါဘူး။

(၂) ကိုယ့်ကိုယ်ကို မယုံကြည်လို့

ပန်းတိုင်

Photo : Ethos3

သံသယစိတ်ဟာ သိပ်ကိုကြောက်စရာ ကောင်းပါတယ်။ သံသယစိတ်ဝင်လာရင် အရာရာပျက်စီးတာပါပဲ။ ဒီထဲမှာ အဆိုးဆုံးက ကိုယ့်ကိုယ်ကို သံသယစိတ်ဝင်ပြီး ယုံကြည်မှုအားလျော့တာပါ။ ငါ မလုပ်နိုင်ဘူး ၊ မအောင်မြင်နိုင်ဘူး လို့ ကိုယ့်ကိုယ်ကို ထင်ရင် တကယ်ပဲ ပန်းတိုင်တွေဟာ ဝေးဝါးသွားတက်ပါတယ်။ ဒါကြောင့်ပဲ တစ်စုံတစ်ခုကို အောင်မြင်အောင် ကြိုးစားချင်ရင် ကိုယ့်ကိုယ်ကို ယုံကြည်စိတ်အပြည့်အဝ သွင်းထားဖို့လိုပါတယ်။

(၃) ပတ်ဝန်းကျင်ရဲ့ စကားတွေကို အလေးထားနေလို့

ပန်းတိုင်

Photo : The CPA Journal

လူတွေရဲ့အကြံပေးစကားတွေ ၊ တိုက်တွန်းမှုတွေဟာ ကျွန်တော်တို့အတွက် ခွန်အားတချို့တစ်လေ ဖြစ်စေပေမယ့် တစ်ခါတစ်လေမှာတော့ တခြားလူတွေရဲ့စကားကို အလေးထား လိုက်နာလွန်းတာဟာ ပန်းတိုင် တွေဆီ မရောက်အောင် လက်လျော့လိုက်ချင်တဲ့ အခြေအနေတွေ ဖြစ်လာတက်ပါတယ်။ ဒါကြောင့် ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် ပတ်ဝန်းကျင်ရဲ့ပြောစကားတွေကို ခြင့်ချိန်ပြီးမှ လက်ခံပါ။ ကောင်းတဲ့အကြံဉာဏ်တွေဆိုရင်ယူပါ။ ကိုယ့်ယုံကြည်မှုကို ပျက်ပြားသွားစေတဲ့အထိတော့ လူတွေရဲ့စကားတွေကို နားမထောင်ဖို့ အကြံပေးချင်ပါတယ်။

(၄) စိတ်အားထက်သန်မှုလျော့နေလို့


Photo : Mindvalley Blog

စိတ်အားထက်သန်မှုဟာ ပန်းတိုင် တွေဆီရောက် တွန်းပို့ပေးနေတဲ့ တွန်းအားတစ်ခုပါပဲ။ လူတွေမှာ စိတ်အားထက်သန်မှု လျော့နေတဲ့အခါ ဘာပဲလုပ်လုပ် တက်ကြွမှုမရှိပဲ လက်လျော့ချင်စိတ်က ပိုများနေမိတက်ပါတယ်။ သင့်ရဲ့ အိပ်မက်တွေ ၊ ပန်းတိုင်တွေကို အမှန်တကယ် အကောင်အထည်ဖော်ချင်တယ်ဆိုရင် ကတိကဝတ် ၊ စိတ်အားထက်သန်မှုနဲ့ စည်းစနစ်ကျမှု စတဲ့အရာတွေကို မျှမျှတတ အလေးထားကြိုးစားဖို့ လိုပါတယ်။

အခုပြောပြပေးခဲ့တာကတော့  ပန်းတိုင် မရောက်ခင်မှာ လူတွေ လက်လျော့သွားကြတဲ့ အကြောင်းအရင်းတွေထဲက တချို့ပါ။ ဒီအချက်တွေကို သတိထားရှောင်ကြဉ်ပြီး ကွီးတို့ရဲ့ ရည်မှန်းချက် ပန်းတိုင်တွေဆီ အမိအရလျှောက်လှမ်းနိုင်ဖို့ ဆန္ဒပြုရင်း………

Featured Photo : CPM Fitness