ဘဝဆိုတာ ရည်မှန်းချက်ထားရှိမှသာလျှင် ရှင်သန်ရတာ ပိုပြီးအဓိပ္ပါယ် ရှိစေမှာပါ။ ကျွန်တော်တို့ရဲ့ နေ့စဉ် ကြိုးစားရုန်းကန်နေရတဲ့ အကြောင်းပြချက်တွေဟာ ကျွန်တော်တို့ ရည်မှန်းထားတဲ့ ဘဝရဲ့ ပန်းတိုင် တွေဆီ အရောက်သွားနေခြင်းပဲ မဟုတ်လား။ ဒီလို ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်တွေဆီ အရောက်လှမ်းနိုင်ဖို့ ထိရောက်မှုရှိစေတဲ့ နည်လမ်းတွေကို သိထားသင့်ပါတယ်။

(၁) ပန်းတိုင်ကို တိတိကျကျ သတ်မှတ်ပါ

Photo : Simplilearn

ဘဝမှာ ကိုယ်ဘာဖြစ်ချင်လဲ ၊ ဘာလိုချင်လဲ ၊ ဘယ်လိုဘဝမျိုးမှာ ရပ်တည်နေထိုင် ရှင်သန်သွားချင်လဲဆိုတာ ကောင်းကောင်းသိထားဖို့ လိုပါမယ်။ ကိုယ်သွားချင်တဲ့ လမ်းကြောင်းကို သေချာသိထားတာဟာ ပန်းတိုင်ကို ရောက်ဖို့ စမှတ်တစ်ခု ရှာတွေ့တာလို့ ပြောလို့ရပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ ဘဝမှာကိုယ်ဖြစ်ချင်လဲဆိုတဲ့ ရည်မှန်းချက် ပန်းတိုင်ကို တိတိကျကျ သေချာသတ်မှတ်ထားဖို့ လိုပါတယ်။

(၂) အစီအစဉ်ဆွဲပါ

Photo : LeadsFac.com

လမ်းစ ပေါ်လာပြီဆိုရင် လမ်းဆုံးရောက်အောင် ဆက်လျှောက်နိုင်ဖို့အတွက် လမ်းပြမြေပုံတစ်ခု လိုပါတယ်။ ဒီလိုပါပဲ ဘဝမှာလည်း ကိုယ်သွားချင်တဲ့ ရည်မှန်းချက် ပန်းတိုင်ကို သိပြီဆိုရင် အဲ့ဒီနေရာကို ရောက်အောင်သွားနိုင်ဖို့ လမ်းကြောင်းတစ်ခု အစီအစဉ်ဆွဲရတော့မှာ ဖြစ်ပါတယ်။ ခရီးစဉ်တစ်လျှောက်မှာ လိုအပ်မယ့် လက်နက်အပြည့်အစုံ တပ်ဆင်တာ ၊ ဝမ်းစာဖြည့်တင်းတာ ၊ အခက်အခဲတွေကို ဘယ်လိုကျော်လွှားရမလဲ သင်ယူတာ စသည်ဖြင့် ကွီးတို့အတွက် လိုအပ်လာမယ့် အစီအစဉ်တွေကို သေချာလေး ရေးဆွဲထားဖို့ လိုပါမယ်။

(၃) သေးသေးလေးကနေ စတင်ပါ

Photo : Sé

ရည်မှန်းချက် ပန်းတိုင်တွေဆီသွားရာ ခရီးဟာ နေ့ချင်းညချင်းရောက်နိုင်မှာ မဟုတ်တာတော့ သေချာပါတယ်။ ကိုယ့်ရည်မှန်းချက်ဟာ အကြာကြီး သွာရမယ့် ပန်းတိုင် ဖြစ်နေရင် သေးသေးလေးကနေ စတင်သင့်ပါတယ်။ လမ်းခရီးတစ်လျှောက် အောင်မြင်မှု သေးသေးလေးတွေကို ဖန်တီးနိုင်တာဟာ အောင်မြင်မှု အကြီးစားအတွက် ပြင်ဆင်ပြီးသား ဖြစ်စေပါတယ်။ လှေကားထစ်တွေကို တဆင့်ချင်း ကျော်ဖြတ်ရင်းမှသာ နောက်ဆုံး ပန်းတိုင် ဆိုတဲ့နေရာကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်နိုင်မှာ ဖြစ်ပါတယ်။

(၄) ကိုယ့်ကိုယ်ကို ဂုဏ်ပြုပါ

Photo : Freepik

ပန်းတိုင်အသေးလေးတွေ တစ်ခုချင်းစီ ပြီးမြောက်တိုင်းမှာ ကိုယ့်ကိုယ်ကို ဂုဏ်ပြုပေးဖို့ မမေ့ပါနဲ့။ အောင်မြင်မှုအသေးလေးတွေအတွက် ကိုယ်ကိုယ်ကို ချီးမြှောက် ဂုဏ်ပြုခြင်းဟာ ရှေ့ဆက်ရမယ့် ရည်မှန်းချက် ခရီးလမ်းအတွက် စိတ်အားပိုမို တက်ကြွစေပါလိမ့်မယ်။
ဒါ့ကြောင့် ကိုယ့်ရည်မှန်းချက် တစ်ခုချင်း အောင်မြင်ပြီးဆုံးတိုင်းမှာ အသိအမှတ်ပြုတဲ့အနေနဲ့ ကိုယ့်ကိုယ်ကို ဂုဏ်ပြုခြင်းအားဖြင့် ရှေ့ဆက်ကြိုးစားချင်စိတ်ကို အားဖြည့်သွားဖို့ လိုပါတယ်။

Featured Photo : TrainingZone