ချဲလ်ဆီးအသင်း ခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီ ကတော့ မန်စီးတီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်မယ်လို့ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။ တဆက်တည်းမှာပဲ လီဗာပူးအသင်းကို ဒုတိယနေရာနဲ့ အာဆင်နယ်အသင်းကို တတိယနေရာမှာ ရွေးချယ်ပေးသွား ခဲ့ပါတယ်။

Premier League

Photo : Just Arsenal

ယခုလ အစောပိုင်းတုန်း လီဗာပူးနဲ့ အာဆင်နယ်တို့ဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ အက်စတွန်ဗီလာတို့ကို ရှုံးနိမ့်ခဲ့ချိန် မန်စီးတီးအသင်းကတော့ လူတန်တောင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးနောက် ချန်ပီယံပြေးလမ်းပေါ်မှာ ဆက်လက်ဦးဆောင်နေခဲ့တာပါ။

ဒါပေမယ့် အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့အပတ် တနင်္ဂနွေနေ့နဲ့ အင်္ဂါနေ့တွေမှာ ဝုလ်ဗ်နဲ့ ချဲလ်ဆီးတို့ကို အနိုင်ရခဲ့ပြီးနောက် အခုလက်ရှိ မှတ်ပေးဇယားရဲ့ နံပါတ် ၃ နေရာမှာ ရပ်တည်နေတဲ့ မန်စီးတီးကို ၄ မှတ် ဖြတ်ထားပြီး ဇယားထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။

လီဗာပူးတို့ကတော့ အဲဗာတန်ကို ၂-၀ နဲ့ ရှုံးနိမ့်ပြီး အမှတ်ပေးဇယားရဲ့ နံပါတ် ၂ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ မန်စီးတီးအတွက် အလှည့်အပြောင်းဖြစ်စေမယ့် လက်ကျန် ပွဲစဉ်၂ ပွဲ ကျန်ရှိနေသေးပြီး ကြာသပတေးနေ့ညမှာတော့ ဘရိုက်တန်အသင်းနဲ့ ပထမဆုံး ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

Pep Guardiola

Photo : Manchester City

ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ပတ်သတ်ပြီး ” ကျွန်တော့်အတွက်တော့ မန်စီးတီးအသင်းက နံပါတ် ၁ နေရာမှာ ရပ်တည်နေပါတယ် ” လို့ ချဲလ်ဆီးအသင်းကြယ်ပွင့်ဟောင်း ဂျွန်တယ်ရီ က ပြောကြားသွားခဲ့ပြီး လီဗာပူးက အဆင့် ၂ နေရာမှာ ၊ အာဆင်နယ်က အဆင့် ၃ နေရာနဲ့ အက်စတွန်ဗီလာက အဆင့် ၄ နေရာမှာ ရပ်တည်လိမ့်မယ်လို့ ရွေးချယ်သွားခဲ့ပါတယ်။

Featured Photo : Manchester City