ဒီနေ့ခေတ်ကြီးမှာ အချစ်စစ်အချစ်မှန်ဆိုတာ လုံးဝမရှိတော့ဘူးလို့ မပြောလိုပေမယ့် အတော်လေးတော့ ရှားလာပါပြီ။ အချစ်ကို စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ ကစားသူတွေဟာ အသက်အရွယ်အပိုင်းအခြား မရွေးကို ရှိနေကြတာပါ။ ဒီနေရာ အမှန်တကယ် ကျဆုံးကြသူတွေကတော့ တကယ်ကို အချစ်ကြီးတဲ့ သူတွေပါပဲ။ ကိုယ်က မေတ္တာစစ်မေတ္တာမှန်နဲ့ ချစ်လိုက်ပေမယ့် ပလေးမယ့်သူကတော့ ပလေးကိုပလေးနေဦးမှာပါ။ ဒီလို လူတကာ ပလေးတာခံရမယ့် ပလေးခံ လူစားတန်း ဘဝကနေ ကျွတ်ဖို့ လူတစ်ယောက်က ကိုယ့်ကို တကယ်ချစ်တာလား ပလေးနေတာလား သိနိုင်မယ့် အချက်အချို့ကို ပြောပြပေးချင်ပါတယ်။

(၁) Flirt သာ Flirt နေပေမယ့် တွေ့ဖို့တော့ အမြဲရှောင်ဖယ်နေတယ်ဆိုရင်

couple dating

Photo : VistaCreate

အခုလို ဆိုရှယ်မီဒီယာတွေ ၊ အွန်လိုင်းဆက်သွယ်ရေးတွေ တိုးတက်နေတဲ့ ဒီဂျစ်တယ်ခေတ်ကြီးထဲမှာ လက်မလေးတစ်ချက်ရွေ့ရုံနဲ့ လူတစ်ယောက်ကို အလွယ်တကူပဲ Flirt လို့ရနေပါပြီ။ သင်ကို အွန်လိုင်းပေါ်မှာတော့ စာလေးတွေနဲ့ Flirt နေပေမယ့် သင့်ကို အမှန်တကယ် ဒိတ်ချင် ၊ တွေ့ချင်တဲ့ ပုံမပေါ်ဘူးဆိုရင် ဒါဟာ ပလေးနေတာ ဖြစ်နိုင်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ သူမရဲ့ Chat List ထဲမှာ သင်နဲ့ပြိုင်တူ Flirt နေတဲ့ နောက်ထပ် အရံလူတွေအများကြီး ရှိနေနိုင်ပါသေးတယ်။

(၂) လိုအပ်ချိန်မှ ပေါ်ပေါ်လာ တက်တယ်ဆိုရင်

couple dating

Photo : VistaCreate

သင့်အတွက် သူမှာ အမှန်တကယ် အချိန်မရှိဘူး ၊ အမြဲတမ်းလိုလို အလုပ်ရှုပ်နေတက်တယ် ၊သင်နဲ့တွေ့ဖို့ / စကားပြောဖို့ / သင့်ကို သီးသန့်အချိန်ပေးဖို့ အကြောင်းပြချက်တွေ အမျိုးမျိုးပေးရှောင်လွဲနေတက်ပေမယ့် သူမ လိုအပ်ချိန်မှာတော့ သင်ကို အမြဲလာရှာဖွေတက်တယ်ဆိုရင် သင်ဟာ သူမအတွက် မဟာကယ်တင်ရှင်ကြီး မဟုတ်ပါဘူး။ အသုံးတော်ခံ ပလေးဂရောင်းကြီး သပ်သပ်ဆိုတာ သိစေချင်ပါတယ်။

(၃) အတည်တကျ Relationship တစ်ခု မလိုချင်သေးဘူးလို့ ပြောလာတယ်ဆိုရင်

couple dating

Photo : VistaCreate

သင်နဲ့ အခါအခွင့် သင့်ရင်သင့်သလို ဒိတ်ချင်ဒိတ်မယ် ၊ ညတိုင်းစကားတွေ ပြောကောင်းပြောနေမယ် ဒါပေမယ့် သူမအနေနဲ့ အတည်တကျ တွဲဖို့ Relationship တစ်ခု မလိုချင်သေးဘူးလို့ အကြောင်းပြချက် အမျိုးမျိုးပေးပြီး ငြင်းဆိုနေမယ်ဆိုရင် သင့်ကို ပလေးခံ လူစားတန်းဘဝထဲမှာပဲ ပိတ်လှောင်နေတာ ဖြစ်နိုင်ပါတယ်။ တကယ်တော့ ဒါဟာ သင်နဲ့ သေချာအတည်တကျ လက်တွဲမယ့် Relationship တစ်ခုထက် အပျော်သဘော ပလေးနေရတာကိုပဲ ကျေနပ်ပျော်ရွှင် နေတယ်ဆိုတာကို ဖော်ပြနေတာ ဖြစ်ပါတယ်။

(၄) မရှင်းမလင်းတဲ့ ဇယားတွေ ရှိနေသေးတယ်ဆိုရင်

Photo : VistaCreate

စင်ဂယ်တော့ စင်ဂယ်ပါပဲ ဒါပေမယ့် ရည်းစားဟောင်းနဲ့တော့ အဆက်အသွယ် မပြတ်သေးဘူး ၊ အစ်ကိုတစ်ယောက်လို ခင်ရတဲ့ ဘရားသားတွေရှိတယ် စသည်ဖြင့် သူမရဲ့ဘဝထဲမှာ မရှင်းမလင်းတဲ့ ဇယားတွေရှိနေမယ် ၊ ၊ သင်နဲ့လည်း ဟိုလိုလိုဒီလိုလို ပတ်သတ်နေတဲ့ ဆက်ဆံရေးတစ်ခုလည်း ရှိနေတယ်ဆိုရင် ဒါဟာ Red Flag ရဲ့အငွေ့အသက် တစ်ခုပါပဲ။ သင့်အနေနဲ့ ကောင်းကောင်းကြီး ပလေးခံနေရပြီလို့သာ မှတ်ပါ။

ပလေးခံ လူစားတန်း ဘဝကနေ ကျွတ်ဖို့ ဒီအချက်လေးတွေကို သိထားဖို့ လိုပါမယ်။ ကွီးတို့ရော ဘယ်လိုပလေးနည်းပေါင်းစုံနဲ့ ပလေးခံဖူးပါသလဲ။ ကိုယ်တွေ့ အတွေ့အကြုံလေးတွေ ကွန်းမန့်မှာ ရင်ဖွင့်ခဲ့ပါဦး။

Featured Photo : VistaCreate