ဂိမ်းဝါသနာရှင် ကွီးတို့ရေ အက်ရှင်မိုဘိုင်းလ်ဂိမ်းတွေ၊ ပြေးလွှားရတဲ့ မိုဘိုင်းလ်ဂိမ်းတွေ ကစားရတာ ရိုးလာပြီလား။ ဒါကြောင့် ဒီတစ်ခါမှာတော့ ကွီးတို့အတွက် ဦးနှောက်ကို အလုပ်ပေးပြီး ဉာဏ်နဲ့ ယှဉ်ပြီး ကစားရမဲ့ အကောင်းဆုံး ပဟေဠိ မိုဘိုင်းလ်ဂိမ်း များကို ဖော်ပြပေးချင်ပါတယ်။

The Room

Source : TouchGameplay

ဒီဂိမ်းက ၂၀၁၂ မှာ စတင်ထွက်ရှိခဲ့ပြီး ယနေ့ထက်တိုင် အကောင်းဆုံး ပဟေဠိ မိုဘိုင်းလ်ဂိမ်း များထဲမှ တစ်ခုအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။ ဂိမ်းရဲ့ ဇာတ်လမ်းက ရိုးရှင်းသော်လည်း ဆွဲဆောင်မှုရှိပြီး လူသားများရဲ့ စူးစမ်းလိုသော သဘောသဘာဝကို ပုံဖော်ထားပါတယ်။ ကစားသမားများက အခန်းတွင်းရှိ ထူးဆန်းသော ပဟေဠိသေတ္တာများကို ဆက်တိုက်ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ပဟေဠိများကို ပိုမို ဖြေရှင်းနိုင်လာသည်နှင့်အမျှ ကစားသမားများကို ဂိမ်းဇာတ်လမ်းထဲသို့ ပိုမိုနက်ရှိုင်းစွာ ဆွဲခေါ်လာမှာ ဖြစ်ပါတယ်။

Lumen

Source : Lykke Studios

Lumen လို့ခေါ်တဲ့ ဒီဂိမ်းကလည်း စိတ်ဝင်စားစရာကောင်းတဲ့ အပြင် တီထွင်ဖန်တီးမှုများစွာကို ဖြေရှင်းရန်အတွက် အလင်း၊ မှန်များနှင့် မှန်ဘီလူးများကို အသုံးပြုရန် စိန်ခေါ်သည့် ပဟေဠိမိုဘိုင်းလ်ဂိမ်း တစ်ခုဖြစ်ပါတယ်။ Developer Lykke Studios မှ အလွန်ကောင်းမွန်သော Graphic တွေနဲ့ ဖန်တီးထားပါတယ်။ ဒီဂိမ်းကလည်း ကွီးတို့ကို အကြိုက်တွေ့စေမဲ့ မိုဘိုင်းလ်ဂိမ်း တစ်ခုပါ။

Krystopia: Nova’s Journey

Source : MGTR

Krystopia: Nova’s Journey ဆိုတဲ့ ဒီဂိမ်းလေးကတော့ Antler Interactive မှထုတ်လုပ်တဲ့ ပဟေဠိ စွန့်စားခန်းဂိမ်း တစ်ခုဖြစ်ပါတယ်။ ဒီဂိမ်းမှာ Krystopia ဂြိုဟ်ပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်သော အချက်ပြမှုကို စူးစမ်းရှာဖွေမဲ့ အာကာသယာဉ်မှူး Nova Dune ရဲ့ နေရာမှာ ကွီးတို့ကိုယ်တိုင်ဝင်ရောက် ကစားရမှာ ဖြစ်ပါတယ်။ တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ဂိမ်းလေးဖြစ်လို့ ကွီးတို့ကို အပျင်းပြေစေမှာပါ။

Cut The Rope

Source : GameSpot Mobile

ပေါ့ပေါ့ပါးပါးလေးနဲ့ ပျော်ရွှင်စရာကောင်းတဲ့ ပဟေဠိ မိုဘိုင်းလ်ဂိမ်း လေးကစားချင်တယ်ဆိုရင်တော့ Cut The Rope ဆိုတဲ့ ဂိမ်းလေးရှိပါတယ်။ ဒီဂိမ်းလေးက သက်အရွယ်မရွေး ကစားနိုင်ပြီး နှစ်သက်ဖွယ်ကောင်းသော မိုဘိုင်းလ် ပဟေဠိဂိမ်း တစ်ခု ဖြစ်ပါတယ်။ ဒီ ဂိမ်းက ၂၀၁၀ ခုနှစ်တွင် စတင်ထွက်ရှိခဲ့ပြီး ၎င်းမှာ ကစားသူများက Om Nom ဇာတ်ကောင်‌လေး ကို အစာကျွေးရန် နည်းလမ်းများကို ရှာဖွေရမည့်အပြင် နောက်ဆက်တွဲများနဲ့ လှည့်ကွက်ဂိမ်း ခေါင်းစဉ်များစွာပါရှိပါတယ်။

Euclidean Skies

Source : micro straka

ဒီဂိမ်းကလည်း ရင်သပ်ရှုမောဖွယ် လုပ်ဆောင်ချက်များနဲ့ ပဟေဠိ မိုဘိုင်းလ်ဂိမ်း တစ်ခုဖြစ်ပါတယ်။ ဒီဂိမ်းမှာ အရောင်အသွေးစုံပြီး အပြန်အလှန် အကျိုးပြုသောကမ္ဘာများအဖြစ် ဂိမ်း အဆင့်ငါးဆယ်ကျော် ပါရှိပါတယ်။ ကစားသမားများက ရန်သူများကို တိုက်ခိုက်ရန် ကမ္ဘာကိုပြောင်းကာ လှည့်ပတ်ပြီး ပိုမိုစိန်ခေါ်မှု ပြင်းထန်သော အခြားအဆင့်များသို့ တတ်လှမ်းရမှာ ဖြစ်ပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ မိုဘိုင်းလ်ဂိမ်းလေးတွေက ပဟေဠိ ဆန်တဲ့ ဂိမ်းလေးတွေ ဖြစ်တာကြောင့် ကွီးတို့ ဦးနှောက်ကို အလုပ်ပေးချင်ရင် ကစားကြည့်သင့်တဲ့ ဂိမ်းလေးတွေပါပဲ။

Source : The Gamer, Pocket Tactics

Featured Photo : Adventure