ရုံးပိတ်ရက် Weekend မှာ မိသားစု ၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ပါတီပွဲလေး ကျင်းပချင်တဲ့ ကွီးတို့အတွက် ပါတီ မှာ တည်ခင်းဧည့်ခံနိုင်မယ့် Punch ဖျော်နည်းလေး မျှဝေပေးချင်ပါတယ်။ လတ်ဆတ်တဲ့ သစ်သီးတွေနဲ့ ဖျော်စပ်ထားတဲ့ ချိုမြိန်လန်းဆန်းတဲ့ အရသာ ပါတီ Punch Drink လေးကတော့ ယောကျာ်းလေးတွေရော မိန်းကလေးတွေပါ သောက်လို့အဆင်ပြေပါတယ်။

Photo : A Couple Cooks

ပါတီ Punch ဖျော်စပ်ဖို့ သိပ်ပြီး ခက်ခက်ခဲခဲ ပြင်ဆင်ရတာမျိုး မရှိပါဘူး။ အချိန် ၅ မိနစ်လောက်အတွင်းမှာတင် လွယ်လွယ်ကူကူ ဖျော်စပ်နိုင်မှာ ဖြစ်ပါတယ်။ ပါတီ Punchဖျော်စပ်ဖို့အတွက် Cranberry Juices ၊ Pineapple Juice ၊ Ginger Ale ၊ Rum တစ်ပုလင်းနဲ့ လိမ္မော် ၊ သံပုရာသီး ၊ သံပုယိုခြမ်း ၊ လတ်ဆတ်တဲ့ ပူစီနံအရွက် အနည်းငယ် စတဲ့ ပါဝင်ပစ္စည်းတွေ အဓိကလိုအပ်ပါတယ်။

Photo : A Couple Cooks

အရင်ဆုံး Punch ဖျော်စပ်ဖို့ Punch Bowl ဒါမှမဟုတ် အလတ်စားပုံး တစ်ခုလိုပါတယ်။ Punch Bowl ထဲကို Cranberry Juices ၆၄ အောင်စ ၊ Pineapple Juice ၃၂ အောင်စ ၊ Ginger Ale ၃၂ အောင်စတို့ ရောထည့်ပေးရပါမယ်။ ပြီးရင်တော့ နှစ်သက်ရာ 750 ml Rum တစ်လုံးရော ထည့်ပြီး သမအောင်မွှေလိုက်ပါ။ လိမ္မော် ၊ သံပုရာသီး ၊ သံပုယိုခြမ်း ၊ ပူစီနံအရွက် လေးတွေ ထပ်မံရောထည့် အလှဆင်ပေးရပါမယ်။ ဒါဆိုရင်တော့ ချိုမြိန်လန်းဆန်းတဲ့ ပါတီPunch Drink လေး အသင့်သောက်သုံးနိုင်ပြီ ဖြစ်ပါတယ်။ ရေခဲကြိုက်သူက ရေခဲ ရောစပ်ပြီး နှစ်သက်သလို သောက်နိုင်ပါတယ်။ အခုပြောပြပေးခဲ့တဲ့ ပမာဏကတော့ ပါတီမှာ အနည်းဆုံးလူ ၁၀ ယောက်ကနေ ၁၅ ယောက်အထိ သောက်နိုင်မှာပဲ ဖြစ်ပါတယ်။

Featured Photo : The Spruce Eats