ဂျမိုင်ကာ Rum တွေဟာ သစ်သီးနံ့သင်းတဲ့ ကော့တ်တေးလ်တွေ ဖျော်စပ်ရာမှာ နာမည်ကြီးပါတယ်။ Reggae Rum Punchက နာနတ်သီးနံ့ ချိုပြင်း သင်းပျံ့ပါတယ်။ ပေါ့ပေါ့ပါးပါး အရသာနဲ့ အလွယ်တကူ ဖော်စပ်နိုင်တဲ့ ကော့တ်တေးလ်ချစ်သူတွေအတွက် Reggae Rum Punch တစ်ခွက် ဖျော်စပ်ကြည့်ရအောင်ပါ။

Reggae Rum Punch

Photo : stevethebartender

Reggae Rum Punch တစ်ခွက်အတွက် Jamaican Overproof Whtie Rum ၂ အောင်စ ၊ လတ်လတ်ဆတ်ဆတ် အရည်ညှစ်ထားတဲ့ လိမ္မော်ရည် Orange Juice ၂ အောင်စ ၊ နာနတ်သီးဖျော်ရည် ၂ အောင်စ ၊ သံပရာရည် ၁/၂ အောင်စ ၊ Strawberry Syrup ၁/၂ အောင်စ ၊ ပူစီနံရွက် နဲ့ နာနတ်သီးစိတ်တို့ လိုပါတယ်။ ဖော်စပ်တဲ့နည်းကလည်း ရိုးပါတယ်။

လုပ်နည်းအဆင့်ဆင့်ကလည်း လွယ်ပါတယ်။ Rum ၊ Orange Juice ၊ Pineapple Juice ၊ Lime Juice နဲ့ Strawberry Syrup တို့ကို ရေခဲထည့်ထားတဲ့ Shaker တစ်ခွက်ထဲ ထည့်ပြီး ရေခဲအရည်ပျော်တဲ့အထိ Shake ပေးရမှာပါ။ ပြီးမှ ရေခဲထည့်ထားတဲ့ Highball Glass ခွက်ထဲ လောင်းထည့်ရမှာပါ။ ပြီးရင်တော့ ပူစီနံခက်နဲ့ နာနတ်သီးစိတ်လေး ခွက်ထိပ်မှာ ဆင်ပေးလိုက်ရုံပါပဲ။

Featured Photo : stevethebartender