လက်စတာကို ၂ – ၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ အာဆင်နယ် အသင်းအတွက် ခြေစွမ်းကောင်းတွေ ပြသခဲ့တဲ့ ဂါနာလက်ရွေးစင် သောမတ်စ် ပါတေးကို နည်းပြ အာတီတာက အသင်းကို ပြောင်းရွေ့လာကတည်းက အခုလို ခြေစွမ်းမျိုး မြင်ရဖို့ အတော်လေး စောင့်ခဲ့ရတယ်လို့ ချီးကျူး ပြောဆို ခဲ့ပါတယ်။

ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ လက်စတာ စီးတီးအသင်း နဲ့ ပွဲစဉ်မှာ ပါတေးနဲ့ လာကာဇက် တို့ရဲ့ သွင်းဂိုးတွေနဲ့ ဂန်းနားတို့ အနိုင်ရခဲ့ပြီး ပြီးခဲ့တဲ့ စနေနေ့ ညက တော့တင်ဟမ်ဟော့ စပါးအသင်းကို အနိုင်ရခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပရီးမီးယားလိဂ် အဆင့် ၄ နေရာကို ပြန်လည်သိမ်းပိုက် သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

 ပါတေး အာတီတာ

Photo : Sports Brief

အာဆင်နယ် ကွင်းလယ်ခံ စစ်ကစားသမား သောမတ်စ် ပါတေး ဟာ ပွဲကစားချိန် ၁၁ မိနစ်မှာတင် အသင်းအတွက် ဦးဆောင်ဂိုးကို အလှပဆုံး ခေါင်းတိုက် သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဒုတိယပိုင်းမှာ လာကာဇက်က ပင်နယ်တီ ကန်သွင်းမှုကနေ တဆင့် အသင်းအတွက် ဒုတိယမြောက် သေချာတဲ့ အနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၈ နှစ် အရွယ် ဂါနာကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က အက်သလက်တီကို မက်ဒရစ် အသင်းကနေ ပြောင်းရွေ့လာခဲ့တာ ဖြစ်ပြီး အသင်းဖော် ကစားသမားတွေလောက် ခေါင်းကြီးပိုင်းမှာ ပါဝင်လောက်တဲ့ အထိ ခြေစွမ်းကောင်းတွေ မပြနိုင်ခဲ့ပေမယ့် ဖေဖော်ဝါရီလက အာဆင်နယ် အသင်းရဲ့ တစ်လတာ အကာင်းဆုံး ကစားသမားအဖြစ် ပထမဆုံးအကြိမ် သတ်မှတ်ခံရပြီး နောက်မှာ အချိန်လုံး ပိုကောင်းလာနေတယ်လို့ နည်းပြ အာတီတာက ယုံကြည်နေတာ ဖြစ်ပါတယ်။

” သူ ကန်ချက်က ဂိုးသွင်းလု နီးပါး ဖြစ်ခဲ့ပြီး ဂိုးဘားတိုင်ကို ထိမိတဲ့ ကန်ချက်က ကန်ချက် ကောင်းပါပဲ ၊ သူ သွင်းယူခဲ့တဲ့ ခေါင်းတိုက်ချက်နဲ့ ပင်နယ်တီသွင်းဂိုး နှစ်ဂိုးစလုံးမှာ သူ ပါဝင်ခဲ့ပါတယ် ၊ နောက်ပြီး သူရဲ့ ကန်ချက် တုံ့ပြန်မှုလည်း ပါပါတယ် ”

” ပြီးခဲ့တဲ့ လရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားအဖြစ် မဲပေးရွေးချယ် ခံခဲ့ရတာကို ခင်ဗျားတို့လည်း မြင်တွေ့ခဲ့ရမှာပါ ၊ သူ အချိန်အတော်ကြာ ဖြတ်သန်းလာခဲ့ ရတာပါ ၊ သူမှာ လိုက်ရောညီထွေမှုနဲ့ အချိန်တွေ ရှိပါတယ်၊ ကျွန်တော်တို့ ဘာလိုချင်လဲဆိုတာကို သူကောင်းကောင်း နားလည်ပါတယ် ”

” ကျန်တဲ့ ကစားသမားတွေနဲ့ သူ့ရဲ့ စည်းလုံး ညီညွတ်မှုနဲ့ နားလည်မှုက တဖြည်းဖြည်း ပိုကောင်းလာသလို အခုအချိန်မှာ လိုက်လျောညီထွေမှုရှိရှိနဲ့ ဒီအတိုင်း ဆက်လက် ထိန်းသွားရမှာပါ ” လို့ ပြောကြား ခဲ့ပါတယ်။

Photo : The Mirror

အာဆင်နယ် အသင်းဟာ အာဆင်ဝင်းဂါး လက်ထပ်က စပြီး ထိပ်သီး အဆင့် ၄ နေရာမှာ မပါဝင်နိုင်ခဲ့ဘဲ ပြီးခဲ့တဲ့ ရာသီက ၁၉၉၄ – ၉၅ နောက် ပိုင်း ပထမဆုံး အကြိမ် ဥရောပ ဝင်ခွင့်တွေနဲ့ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ အဆင့် ၅ နေရာမှာ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းထက် ၁ မှတ် အသာနဲ့ ၃ ပွဲ အကွာ ကစားထားပြီး အဆင့် ၄ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ဂန်းနားတို့ ထက် ၃ ပွဲ ပိုကစားထားတဲ့ အဆင့် ၆ နဲ့ အဆင့် ၇ နေရာမှာ ရှိနေတဲ့ ဝက်စ်ဟမ်းနဲ့ ဝုဗ်အသင်းတို့နဲ့လည်း ၃ မှတ် နဲ့ ၅ မှတ်ဆီ အသီးသီး ကွာဟလျက် ရှိနေပါတယ်။

” ကျွန်တော်တို့ လက်ကျန် ပွဲတွေနဲ့ အမှတ်ပေး ဇယားကို ကြည့်ပါတယ်။ ကျွန်တော်တို့ ဘယ်နေရာမှာ ရှိနေလဲဆိုတာကို သိပြီး ကျွန်တော်တို့ စောင့်မျှော်ရမယ့် အရာက ဘာလဲဆိုတာ ကိုလည်း သိပါတယ်၊ ကျွန်တော်တို့ လုပ်ရမယ့် အရာတွေကို ကြည့်ရပါမယ် ၊ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်တွေကို ကြည့်ပြီး နောက်ပွဲတွေအတွက် ကြိုတင်ပြင်ဆင် ရပါမယ် ဒါပါပဲ” လို့ နည်းပြ အာတီတာက ပြောခဲ့ပါတယ်။

ထပ်မံပြီး အဆင့် ၄ နေရာနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာတော့ ” ကျွန်တော်တို့ မှန်းဆ ရဦးမှာပါ ၊ ကျွန်တော်က အရမ်းတော်တဲ့ မှန်းဆနိုင်သူ တစ်ယောက် မဟုတ်ပါဘူး ၊ တစ်ခါမှလည်း မဖြစ်ဖူးသလို အလောင်းအစားလည်း မလုပ်ချင်ပါဘူး” လို့ ပြောခဲ့ပါတယ်။

Featured Photo : Daily Mail