အလေ့အကျင့်တွေက ကျွန်တော်တို့ရဲ့ ဘဝကိုများစွာ ပြောင်းလဲစေနိုင်ပါတယ်။ အောင်မြင်ခြင်း ၊ ချမ်းသာခြင်းဆိုတဲ့အရာတွေဟာ ကျွန်တော်နေ့စဉ်လုပ်ဆောင်နေတဲ့ အလေ့အကျင့်တွေပေါ်မှာလည်း အများကြီး မူတည်နေပါတယ်။ ဘဝမှာ အောင်မြင်ချင်တယ် ၊ ပိုကောင်းတဲ့ ဘဝတစ်ခု ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ နေ့ရက်တိုင်းမှာ အခုပြောပြမယ့် အလေ့အကျင့်လေးတွေကို လုပ်ဆောင်သွားဖို့ အကြံပြုချင်ပါတယ်။
(၁) ကိုယ်အား စိတ်အား မြှင့်တင်ထားပါ
Photo : Thrive Global
လက်လျှော့ဖို့က ဘယ်အခြေအနေမှာမဆို သိပ်လွယ်ပါတယ်။ ကိုယ့်ကိုယ်ကို အစမ်းသပ်ခံဖို့ ၊ ကိုယ့်စွမ်းရည်ကို ကိုယ် ပြန်စိန်ခေါ်ဖို့အတွက်ကတော့ ခက်ပါတယ်။ နေ့တိုင်း ကိုယ့်ကိုယ်ကို စိန်ခေါ်ပြီး ဖြစ်အောင် လုပ်တဲ့သူတွေဟာ အမြဲပဲ တိုးတက်နေမှာ အသေအချာပါပဲ။
(၂) ယုံကြည်မှုကို အမြင့်ဆုံးထားပါ
Photo : Forbes
ဘာပဲလုပ်လုပ် ယုံကြည်မှုရှိဖို့က အရေးကြီးဆုံးပါပဲ။ ကိုယ့်ရဲ့ ယုံကြည်မှုကို ဘယ်အရာတွေကြောင့်မှ အပျက်စီးမခံပါနဲ့။ ကျရှုံးနေချိန်မှာတောင် ကိုယ့်ယုံကြည်မှုကို အားမလျော့လိုက်ပါနဲ့။ သင်ဟာ အောင်မြင်အောင် လုပ်နိုင်တယ် ၊ ကျော်ဖြတ်နိုင်တယ်ဆိုတဲ့ စိတ်ကိုမွေးပြီး ယုံကြည်မှုကို အမြင့်ဆုံးထားပါ။
(၃) ကိုယ်စွမ်းကိုယ်စကို ချဲ့ထွင်ပါ
Photo : The Indian Express
ကိုယ်သွားချင်တဲ့ နေရာအတွက် ကိုယ့်မှာ ထိုက်တန်တဲ့အစွမ်းအစ ရှိနေဖို့လိုပါတယ်။ ကိုယ့်ရဲ့ အရည်အချင်းကို ချဲ့ရင်း ချဲ့ရင်း ကိုယ်သွားမယ့် ခရီးကို တစ်နေ့ပြီး တစ်နေ့နီးအောင် လှော်ခတ်နေရမှာပါ။
(၄) နေ့တိုင်းပို ကြိုးစားပါ
Photo : Entrepreneur
အခုထက် ပိုကောင်းတဲ့ ဘဝတစ်ခု ကိုရချင်ရင် နေ့တိုင်းမှာ ပိုပြီး ကြိုးစားအားထုတ်မှုရှိဖို့ လိုပါတယ်။ အကြောင်းချက်တွေ ၊ ပျင်းရိခြင်းတွေကို ကျော်လွှားလိုက်ပါ။ နေ့ရက်တိုင်း နေ့ရက်တိုင်းမှာ အကောင်းဆုံး ပိုပြီးကြိုးစားသွားဖို့က အရေးကြီးပါတယ်။
Featured Photo : Entrepreneur