အောင်မြင်မှုကို ရရှိပိုင်ဆိုင်နိုင်ဖို့အတွက် အထောက်အကူဖြစ်စေမယ့် ပစ္စည်းတစ်မျိုးမျိုးကို ရှာဖွေနေပါသလား။ ဒါဆိုရင်တော့ သင် တစ်ယောက်တည်းမဟုတ်ပါဘူး။ လူအများစုသည် အောင်မြင် ဖို့ရန်အတွက် ပါရမီ က အရေးကြီးသလား (သို့) ကြိုးစားခြင်းက အဓိကကျသလားဆိုတာကို ဝေခွဲမရဖြစ်နေတတ် ကြပါတယ်။

သင်ရော အောင်မြင် ရန်အတွက် ပါရမီ က အရေးကြီးတယ်လို့ထင်သလား ဒါမှမဟုတ် ကြိုးစားဖို့က အရေးအကြီးဆုံးလို့ ထင်ပါသလား။

ပါရမီပြည့်ဝခြင်းသည် ကြိုးစားအားထုတ်ခြင်းလို့ခေါ်တဲ့ လောင်စာတစ်ခုလိုအပ်ပါတယ်။ ထိုလောင်စာ ရရှိမှသာလျှင် သင် လိုချင်တဲ့ ပန်းတိုင်ဆီသို့ အရောက်လှမ်းနိုင်မှာဖြစ်ပါတယ်။

ပါရမီရှိခြင်းသည် မွေးရာပါလက်ဆောင်တစ်ခုပါ

အောင်မြင် ပါရမီ

အချို့လူတွေသည် အဆိုတော်ဖြစ်ဖို့ စိတ်ဆန္ဒရှိကြပါတယ်။ သို့သော် သူတို့သည် အသံမကောင်းဘူးဆိုရင်တော့ သူတို့ရဲ့လုံ့လ၊ ဝီရိယရှိခြင်းသည် သူတို့ကို အသံတည့်ပြီး သီချင်းကောင်းကောင်းဆိုနိုင်အောင် မကူညီပေးနိုင်ပါဘူး။ လူအချို့ကတော့ မွေးရာပါ အသံကောင်းတဲ့အတွက်ကြောင့် သီချင်းအခက်စားတွေကို အထူးတလည်အားထုတ်နေစရာမလိုဘဲ အလွယ်တကူသီဆိုနိုင်ကြပါတယ်။

ဒါပေမဲ့လည်း အချို့သော အနုပညာပါရမီ မပါကြတဲ့သူတွေသည်လည်း မွေးရာပါ ပါရမီ ရှိသူများထက် ပိုအောင်မြင်ကြတာကို တွေ့မြင်ရပါလိမ့်မယ်။ ဘာ့ကြောင့်လို့ထင်ပါသလဲ။

အသေအကြေ ကြိုးစားခဲ့ကြလို့ပဲဖြစ်ပါတယ်။

ကြိုးစားအားထုတ်ခြင်းသည်လည်း သဘာဝပါရမီတစ်ခုပါပဲ

အောင်မြင် ပါရမီ

ကြိုးစားအားထုတ်ခြင်းသည် သင့်ကို နေ့ချင်းညချင်း အောင်မြင်လာအောင် မကူညီပေးနိုင်ပေမယ့် တဖြည်းဖြည်းနဲ့ အချိန်ကြာလာတဲ့အခါ အောင်မြင်လာအောင် ကူညီပေးနိုင်ပါတယ်။ စစချင်းမှာတော့ အခက်အခဲများ၊ အတားအဆီးပေါင်းများစွာကို ကျော်ဖြတ်ရမှာဖြစ်ပါတယ်။ ထိုအတားအဆီး အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်နိုင်မယ်ဆိုရင်တော့ သင် လိုချင်တဲ့ အောင်မြင်မှုဆီသို့ တက်လှမ်းနိုင်မှာပဲဖြစ်ပါတယ်။

ကြိုးစားခြင်းသည် ပါရမီ တိုးတက်လာအောင် ကူညီပေးတယ်

အောင်မြင် ပါရမီ

ကြိုးစားခြင်းကြောင့် သင့်ရဲ့အရည်အချင်းနှင့် ပါရမီမျာသည် တစ်ဟုန်ထိုး မြင့်တက်လာနိုင်ပါတယ်။ တကယ်လို့ ကြိုးစားခြင်းနှင့် ပါရမီပါခြင်းတို့ကို အတူတူတွဲဖက်ကာ လုပ်ဆောင်စေမယ်ဆိုရင်တော့ ရရှိမယ့်ရလာဒ်သည် အကောင်းဆုံးရလာဒ်ကို ရရှိမှာဖြစ်ပါတယ်။

ဆိုလိုတာကတော့ သင်သည် ပါရမီ ပါသည့်တိုင်အောင် ကြိုးစားအားထုတ်မှုမရှိပါက သင့်ရဲ့ ပါရမီ ရှိခြင်းသည် အချည်းနှီးပဲဖြစ်ပါတယ်။ တကယ်လို့ ကြိုးစားအားထုတ်ခြင်းနဲ့ ပါရမီပါခြင်းတို့ကို ပေါင်းစပ်လိုက်တဲ့အခါမှာတော့ အောင်မြင်မှုသည် သင့်အတွက်ပါပဲ။

ကြိုးစားအားထုတ်ခြင်းသည် အောင်မြင်မှုများကို ဆောင်ကျဉ်ပေးနိုင်

အောင်မြင် ပါရမီ

အိပ်မက်တစ်ခုသည် မှော်ပညာကြောင့် အမှန်တကယ်ဖြစ်ပေါ်လာမှာမဟုတ်ပါဘူး။ အိပ်မက်တစ်ခု အကောင်အထည်ပေါ်လာဖို့ဆိုရင် ချွေး၊ စိတ်ခိုင်မာပြတ်သားခြင်းနှင့် ကြိုးစားအားထုတ်ခြင်းတို့ လိုအပ်တယ်လို့ Colin Powell က ပြောကြားထားပါတယ်။

ပါရမီရှိခြင်းကို မီးခြစ်ဆံတစ်ခုလို့ သဘောထားကြည့်လိုက်တဲ့အခါ မီးခြစ်ဆံကနေတဆင့် မီးလောင်ကျွမ်းအောင် ဖန်တီးနိုင်ပေမယ့် အချိန်ကြာကြာမီးစွဲဖို့ဆိုရင်တော့ လောင်စာတစ်ခု လိုအပ်ပါလိမ့်မယ်။ ဒါဆိုရင်တော့ ထိုလောင်စာသည် ကြိုးစားအားထုတ်ခြင်းတစ်ခုတည်းသာဖြစ်ပါတယ်။

လူတော်တော်များများသည် အောင်မြင် မှုကို ဆွတ်ခူးရရှိဖို့အတွက် မွေးကတည်းက ပါရမီ ပါလာကြတာမဟုတ်ပါဘူး။ သူတို့သည် မအားမနေ ကြိုးစာအားထုတ်ကြတဲ့အတွက်ကြောင့် အောင်မြင်မှုကို ရရှိပိုင်ဆိုင်ကြတာဖြစ်ပါတယ်။

ကြိုးစားအားထုတ်မှုမရှိရင် ပါရမီ ရှိခြင်းသည် အလကားပါပဲ

talent vs hard work

အချို့သော အနုပညာရှင်များ၊ စီးပွားရေးသမားများ၊ အောင်မြင်ကျော်ကြားသူများသည် တဟုန်ထိုးအောင်မြင်လာခဲ့ပြီးမှ ဘာ့ကြောင့် တဖြည်း ဖြည်း အရောင်မှေးမှိန်သွားကာ အောင်မြင်မှုကို ဆုံးရှုံးသွားကြရတာလဲ။

အားစိုက်ထုတ်မှု မရှိလို့ပါပဲ။

သူတို့သည် ပထမအချီမှာတော့ ပါရမီကြောင့် ကံကောင်းထောက်မပြီး အောင်မြင်ကောင်း အောင်မြင်သွားပါလိမ့်မယ်။ သို့သော် ကြိုးစားအား ထုတ်ခြင်းလို့ခေါ်တဲ့ လောင်စာမရှိတဲ့အခါ သူတို့ရဲ့အောင်မြင်မှုသည် တဖြည်းဖြည်း ဆိတ်သုဉ်းသွားခဲ့ရတာဖြစ်ပါတယ်။

ကြိုးစားအားထုတ်မှုရော ပါရမီပါခြင်းရော အရေးကြီးပါတယ်

talent vs hard work

ကြိုးစားအားထုတ်မှုသည် ပါရမီပါခြင်းကို အနိုင်ယူနိုင်ပါတယ်။ သို့သော် သင့်မှာ ထိုအရာနှစ်ခုစလုံး ပိုင်ဆိုင်ထားမယ်ဆိုရင်တော့ သင်သည် ဘယ်တော့မှ ရှုံးမှာမဟုတ်ပါဘူး။

တကယ်လို့ သင်သည် ကြိုးစားခြင်းကို အထင်သေးမယ်ဆိုရင်တော့ သင့်ရဲ့ အရည်အချင်းသည်လည်း တဖြည်းဖြည်း ကျဆင်းသွားမှာဖြစ်ပါတယ်။ ဥပမာ မွေးရာပါ အသံကောင်းတဲ့ အဆိုရှင်တစ်ယောက်သည် သီချင်းနှင့် ပတ်သက်တဲ့ သင်ယူစရာများကို မသင်ယူဘဲ ကိုယ့်ရဲ့ပါရမီတစ်ခုတည်းကိုသာ အားကိုးနေမယ်၊ အဆို လေ့ကျင့်ခြင်းတို့ကို တစ်ခုမှ မလုပ်ဘူးဆိုရင်တော့ သူ့ရဲ့အရည်အချင်းသည်လည်း တဖြည်းဖြည်းကျဆင်းသွားမှာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ပညာရှင်များက အောင်မြင် ဖို့အတွက်ဆိုရင် ပါရမီ ရော ကြိုးစားအားထုတ်ခြင်းပါ လိုအပ်တယ်လို့ ပြောဆိုထားကြတာဖြစ်ပါတယ်။

ကြိုးစားအားထုတ်သူများသည် အသစ် အသစ်သောပါရမီများကို ရှာဖွေတွေ့ရှိနိုင်

talent vs hard work

မဆုတ်မနစ်တဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ကြိုးစားအားထုတ်သူများသည် နေ့တစ်နေ့ ကုန်ဆုံးသွားတဲ့အခါ သူတို့အတွက် Productive ဖြစ်တဲ့ နေ့တစ်နေ့ ပိုင်ဆိုင်သွားပါလားဆိုတဲ့ ခံစားချက်ကို ခံစားကြရပါတယ်။ ဒါ့အပြင် အရည်အချင်းအသစ်များ၊ ပါရမီအသစ်များကိုလည်း လေ့လာတွေ့ရှိနိုင်ပြီး သူတို့သည် ဘက်စုံကျွမ်းကျင်ကြတဲ့သူတွေ ဖြစ်နိုင်ပါတယ်။

အောင်မြင်တဲ့သူတွေသည် ပါရမီပါကြလို့ အောင်မြင်ကြတယ်လို့ လူအများစုက ထင်တတ်ကြပါတယ်။ သို့သော် သူတို့ ယခုလို အောင်မြင်တဲ့နေရာရောက်ဖို့အတွက် ကြိုးစားခဲ့ရတဲ့ သွေး၊ ချွေးများ၊ စွမ်းအင်များကိုတော့ မမြင်တတ်ကြပါဘူး။ သူတို့ရဲ့ပါရမီပါခြင်းလို့သာ သတ်မှတ်လိုက်ကြပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင်တော့ အောင်မြင် ဖို့အတွက် ပါရမီ ရော ကြိုးစားအားထုတ်ခြင်းရော အရေးကြီးပါတယ်။ သို့သော် ဘယ်အရာက ပိုအရေးကြီးဆုံးဖြစ်မလဲဆိုတော့ ကြိုးစားအားထုတ်ခြင်းသည် ပါရမီထက် ပိုအရေးကြီးဆုံးဖြစ်ပါတယ်။ ဒါ့ကြောင့် ငါ့မှာ ပါရမီပါတာပဲဆိုပြီး သတိလက်လွတ်မနေဘဲ အချိန်တိုင်းမှာ ကြိုးစားအားထုတ်ဖို့လိုအပ်ပါတယ်။

Source: Blog.virtunus

Featured Image: Industrywired